အတွဲလိုက်ဆောင်းဘောက်စ်များကို အရေးယူရန် မွန်လွှတ်တော်တွင် အဆိုတင်
Dawei Watch
June 10, 2026မွန်ပြည်နယ်အတွင်း အတွဲလိုက် ဆောင်းဘောက်စ်များကို ထိရောက်စွာအရေးယူရန် စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲက ပေါ်ပေါက်လာသည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။ ယမန်နေ့ ဇွန်လ ၉ ရက်တွင် ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဘီးလင်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက တင်သွင်းခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေး ထိခိုက်နိုင်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေသည့် အတွဲလိုက် ဆောင်းဘောက်စ်များ ဖွင့်လှစ်မှုများကို ထိရောက်စွာ အရေးယူ တားဆီးပိတ်ပင်ပေးရန် အဆိုတင်ခဲ့သည်။ သာရေး နာရေး၊ ဘာသာရေးပွဲတော်များတွင် အတွဲလိုက် ဆောင်းဘောက်စ်များ အသုံးပြုမှု တစ်စတစ်စ ကျယ်ပြန့်လာကြောင်း ၎င်းက ပြောသည်။ အဆိုပါ အဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် လွှတ်တော်က သဘောတူခဲ့သည်။ ဆောင်းဘောက်စ် ဖွင့်ရာတွင် စည်းကမ်းရှိရှိ စနစ်တကျ ဖြစ်ရန်လိုအပ်ကြောင်း မုဒုံမြို့နယ်ခံတစ်ဦးက […]


