ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကမ္ဘာ့စစ်စရိတ် သုံးစွဲမှုမြင့်တက်

Dawei Watch

April 27, 2026

သမ္မတဒေါ်နယ်ထရမ့်က ယူကရိန်းသို့ ပေးအပ်မည့် စစ်ရေးဆိုင်ရာ ဘဏ္ဍာရေး အကူအညီအသစ်များကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအသုံးစရိတ်မှာ ၇.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

မြန်မာများကို ထိုင်းသို့မှောင်ခိုပို့နေသော မြန်မာပွဲစားခေါင်းဆောင်တစ်ဦး ချင်းမိုင်တွင် ဖမ်းဆီးခံရ

Dawei Watch

April 27, 2026

မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်နေသော မြန်မာပွဲစားခေါင်းဆောင် တစ်ဦးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က ထုတ်ပြန်သည်။ ဧပြီလ ၂၅ ရက်က ချင်းမိုင်မြို့ ဆာရာဖီဒေသ အခန်းထဲတွင် အသက် ၃၆ နှစ်အရွယ် မြန်မာပွဲစားကို ထိုင်းရဲတပ်ဖွဲ့က ဝရမ်းအရ ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသော မြန်မာပွဲစားသည် ပြီးခဲ့သော မတ်လ ၉ ရက်ကတည်းက အထောက်အထားမဲ့ နိုင်ငံခြားသားများကို တရားမဝင် ပို့ဆောင်မှု၊ နေရာထိုင်ခင်း ကူညီပေးမှုဖြင့် ဖိချစ်တရားရုံးက ဝရမ်းထုတ်ထားခဲ့သည်။ ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၆ ရက်က ဖိချစ်ခရိုင်တွင် မြန်မာအလုပ်သမား ၂၅ ဦးနှင့်အတူ ပွဲစားသုံးဦးကို တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခဲ့စဉ် ကွင်းဆက်ကို ရဲတပ်ဖွဲ့က […]

စစ်အာဏာရှင်တပ်က မောတောင်မြို့ကို လေကြောင်းတိုက်ခိုက်

Dawei Watch

April 26, 2026

လေကြောင်းတိုက်ခိုက်မှုကြောင့် အမှတ် (၉) ရွာရှိ လူနေအိမ်များ ပျက်စီးသွားသော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။

စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပစ်၍ ဖာနီရွာရှိ ကလေးနှစ်ဦး ဒဏ်ရာရ

Dawei Watch

April 26, 2026

တနင်္သာရီမြို့နယ်၊ ဖာနီရွာတွင် စစ်အာဏာရှင်တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်စ ထိမှန်သွား၍ ကလေးနှစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ် (၅၅၆) တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်၍ ဖာနီရွာရှိ ကလေးနှစ်ဦး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပစ်လိုက်တဲ့ လက်နက်ကြီးက နေအိမ်နားကျပြီး ကလေးငယ်နှစ်ဦး ထိသွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ စစ်အာဏာရှင်တပ်သည် ဖာနီရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ လက်နက်ကြီးထိမှန်သွားသည့် ကလေးနှစ်ဦးမှာ ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ […]

ခြောက်မိုင်ရွာနှင့် ဘန်လောရွာကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထပ်ထိုးနေ

Dawei Watch

April 26, 2026

တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာနှင့် ဘန်လောရွာကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထပ်မံထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။ ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီဝန်းကျင်အထိ စစ်အာဏာရှင်တပ်က ဘန်လောရွာနှင့် ခြောက်မိုင်ရွာဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အရင်ရောက်နေတဲ့သူတွေနဲ့ပဲ ထပ်ဖြစ်တာ။ တိုက်ပွဲထဲမှာ စကစဘက်က သေဆုံးတာတွေရှိတယ်။ ဘန်လောရွာ မီးလောင်ကုန်းနားမှာ ဖြစ်တာပါ” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တနင်္သာရီမြို့နယ်မှ ဘန်လောလမ်းဆုံသို့ မြေသယ်ကားများဖြင့် စစ်ကူအင်အား ဖြည့်တင်းလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ ဘန်လောလမ်းဆုံတွင် မြေတူးစက် (Backhoe) နှင့် တပ်သားအချို့ ကျန်ရစ်ခဲ့ပြီး ကားနှစ်စီးဖြင့် […]

ထားဝယ်မြို့လယ်တွင် ယာဉ်တိုက်မှုဖြစ်၊ စစ်ဘေးရှောင်ဇနီးမောင်နှံနှစ်ဦး ပြင်းထန်ဒဏ်ရာရ

Dawei Watch

April 25, 2026

ထားဝယ်မြို့လယ် လမ်းဆုံကြီးမီးပွိုင့်တွင် ဧပြီလ ၂၄ရက် ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး စစ်ဘေးရှောင်ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း မြို့ခံများက ပြောသည်။ မြိတ်တန်းလမ်းဆုံဘက် (မြောက်ဘက်) မှလာသည့် ကားနှင့် ကြက်စားပြင်ရပ်ကွက်ဘက် (တောင်ဘက်) မှလာသည့် စစ်ဘေးရှောင်ဇနီးမောင်နှံ စီးလာသော ဆိုင်ကယ်တို့ ထားဝယ်မြို့လယ်ရှိ လမ်းဆုံကြီးမီးပွိုင့်တွင် တိုက်မိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ လမ်းဆုံကြီး မီးပွိုင့်တွင် မီးစိမ်းသည့်အချိန် ကားသည် စျေးကြီးဘက်အကွေ့တွင် မျက်နှာချင်းဆိုင်ယာဉ်ကြောရှိ ကားတစ်စီး ၏နောက်တွင် ကပ်၍လိုက်လာသည့် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရသည့် မြို့ခံ တစ်ဦးက ပြောသည်။ “ဆိုင်ကယ် စီးလားတဲ့ နှစ်ယောက်စလုံး ကားအောက်မှာ ဂျန်းတုံးလို လိမ့်ပါသွားတယ်။ နှစ်ယောက်စလုံး ဒဏ်ရာ တော်တော်ပြင်းတယ်” ဟု မျက်မြင်တွေ့ရသည့် မြို့ခံတစ်ဦးက ပြောသည်။ ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံမှာ […]

ဘုတ်ပြင်းနှင့် ပြည်ကြီးမဏ္ဍိုင်ကြား စစ်အာဏာရှင်တပ်၏ ဘိုဒါးစခန်းကို KNLA နှင့်ပူးပေါင်းတပ်များ သိမ်းယူ

Dawei Watch

April 25, 2026

ဘုတ်ပြင်းမြို့နှင့် ပြည်ကြီးမဏ္ဍိုင်မြို့ကြားက စစ်အာဏာရှင်တပ်၏ ဘိုဒါးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဧပြီလ ၂၄ ရက်တွင် တိုက်ခိုက်သိမ်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ ဘိုဒါးစခန်းသည် မြိတ်-ကော့သောင်း အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်တွင် တည်ရှိပြီး အာဏာသိမ်းကာလတွင် စစ်အာဏာရှင်တပ်က ၂နှစ်ကျော်ကြာ တပ်စွဲထားသည့် စခန်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါစခန်းတွင် စစ်အာဏာရှင်တပ်သား ၂၀ ခန့်ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်စဉ် ထွက်ပြေးလွတ်မြောက်သွားကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဆိုသည်။ “ကျွန်တော်တို့ဘက်က ဘာမှထိခိုက်ကျဆုံးမှု မရှိဘူး။ ရန်သူက ဆုတ်ခွာသွားတယ်။ အရပ်သားဖမ်းဆီးခံရမှု သတ်ဖြတ်ခံရမှုတွေလည်း မရှိဘူး” ဟု ၎င်းက […]

ထားဝယ် ရှင်မုတ္ထီးကျေးရွာအုပ်ချုပ်ရေးမှူးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီး

Dawei Watch

April 25, 2026

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအုပ်ချုပ်ရေးမှူးအား လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ရှင်မုတ္ထီးကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၀ကျော်အရွယ် ဦးသက်စိုးပိုင်ကို ဧပြီလ ၂၃ရက် ညနေပိုင်းတွင် ရှင်မုတ္ထီးနှင့် ရောင်းမော်ကျေးရွာကို ဆက်သွယ်ထားသည့် လမ်းပိုင်းရှိ ဆိုင်တစ်ဆိုင်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဦးသက်စိုးပိုင်ကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ ဦးသက်စိုးပိုင်သည် ယနေ့ ဧပြီလ ၂၅ ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ၎င်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ ရှင်မုတ္ထီးကျေးရွာသည် ထားဝယ်မြို့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာမှာရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ လေးထောင်ကျော် နေထိုင်သည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။