ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုးကို စစ်အစိုးရ ထောင်ခြောက်လချ
Dawei Watch
April 24, 2026ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုးကို အသွင်ပြောင်းစစ်အစိုးရက ထောင်ဒဏ်ခြောက်လချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌဖြစ်သည့် ဦးခင်စိုးနှင့် အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်တို့သည် ယခုနှစ် ဇန်နဝါရီလက ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် ဧပြီလ ၂၃ ရက်တွင် ဦးခင်စိုးနှင့် ဒေါက်တာဝင်းမြင့်ကို နေပြည်တော်ရှိ တရားရုံးတစ်ရုံးက ထောင်ဒဏ် ခြောက်လ စီ ချမှတ်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ “နေပြည်တော်တရားရုံးကတော့ ဟုတ်တယ်။ ဒါပေမဲ့ အသေးစိတ်တော့မသိရဘူး” ဟု အထက်ပါ နီးစပ်သူက ပြောသည်။ နေပြည်တော်ရှိ မည်သည့်တရားရုံးက မည်သည့်ပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည်ကိုမူ မသိရသေးပေ။ စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးရာတွင် မသမာမှု၊ ဒေါ်လာဝယ်ရောင်းကိစ္စများဖြင့် ဦးခင်စိုးကို စစ်ကော်မရှင်က ဖမ်းဆီးထားကြောင်း ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်။ စက်သုံးဆီတင်သွင်းရန်အတွက် […]


