ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် မောင်မယ်ရှောင်တွင် စစ်အာဏာရှင်တပ် တောမီးရှို့ရာမှ နေအိမ် ၁၀ကျော် မီးလောင်

Dawei Watch

April 22, 2026

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာတွင် စစ်အာဏာရှင်တပ် တောမီးရှို့ရာမှတစ်ဆင့် နေအိမ် ၁၂ဆောင် မီးကူးစက်လောင်ကျွမ်းကြောင်း ဒေသခံများက ပြောသည်။ မောင်မယ်ရှောင်ကျေးရွာအနီးရှိ ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သည် ဧပြီလ ၂၁ ရက် နံနက်ပိုင်းတွင် ၎င်းတို့၏ တပ်စခန်းအနီးရှိ တောစပ်နေရာကို စတင်မီးရှို့ကြောင်း ၎င်းတို့က ဆိုသည်။ ထို့မှတစ်ဆင့် မီးသည် မောင်မယ်ရှောင်ကျေးရွာနှင့် နည်းပညာတက္ကသိုလ်ကြား ဟားလီးကွေ့ (လမ်းအကွေ့) အနီးရှိ လူနေအိမ်နေရာများကို ကူးစက်လောင်ကျွမ်းကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “ပထမ မီးလောင်လောင်ချင်း ရွာမှာရှိတဲ့ ရွာခံတွေက သွား (ငြှိမ်း) သတ်တော့ သူတို့ (စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ) က သူတို့ရှို့ ထားတယ် မသတ်နဲ့လို့ ပြောတယ်။ မီးများလာလို့ ဒေသခံတွေ သွားသတ်တော့မှ မီးက မနိုင်တော့ဘူး” ဟု ၎င်းက […]

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး ဘတ် ၁၂ သန်း ထီပေါက်

Dawei Watch

April 22, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးသည် ဧပြီလ ၁၆ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီ အမြင့်ဆုံးဆုတွင် နှစ်စောင်တွဲကံထူးခဲ့သဖြင့် ဘတ် ၁၂သန်း ထီပေါက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအမျိုးသမီးသည် ထိုင်းထီ ပထမဆု ၃၀၉၆၁၂ တွင် ခြောက်လုံးတိုက် ပထမဆုကို နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ထီပေါက်ခဲ့ခြင်းဖြစ်သည်။ ထီပေါက်သော မြန်မာအမျိုးသမီးသည် ဆုငွေထုတ်ယူပေးရန် အကူအညီတောင်းခံခဲ့သဖြင့် ဧပြီလ ၂၀ ရက်တွင် ဆုငွေထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။ ထီပေါက်သော မြန်မာအမျိုးသမီးသည် မွန်ပြည်နယ်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁၃ နှစ်ကျော် ရှိပြီဖြစ်ကြောင်း ဆိုသည်။ လက်ရှိတွင် အထက်ပါ MHAC […]

လောင်းလုံး၊ ညင်းမော်ရွာကို စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေး

Dawei Watch

April 22, 2026

“ဘာသတင်းမှ မကြားရဘဲနဲ့ ရုတ်တရက်ရွာထဲရောက်လာတော့ ဘာပစ္စည်းမှ မယူနိုင်ဘဲ ဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တုံးဗျောရွာကို စစ်အာဏာရှင်တပ်စစ်ကြောင်းရောက်ပြီးနောက် စစ်ရှောင်များကို နေရာရွှေ့ခိုင်း

Dawei Watch

April 21, 2026

မြိတ်မြို့နယ်၊ တုံးဗျောကြီး တုံးဗျောငယ်ကျေးရွာတို့ကို စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်လာပြီးနောက် စစ်ဘေးရှောင်နေသည့် ဒေသခံများကို ဥယျာဉ်ခြံထဲသို့ ဝင်ရောက်နေထိုင်ခွင့် ပိတ်ပင်နေကြောင်း ဒေသခံများက ပြောသည်။ မြိတ်မြို့က ကားလေးစီးဖြင့် လာသည့် စစ်အာဏာရှင်တပ်သည် ဧပြီလ ၁၉ရက် နံနက်ပိုင်းတွင် တုံးဗျောကြီး၊ တုံးဗျောငယ် ကျေးရွာများသို့ ရောက်ရှိလာပြီးနောက် နောက်တစ်ရက် ဧပြီလ ၂၀ရက်တွင် တုံးဗျောကြီးရွာဟောင်းကျေးရွာဘက်သို့ စစ်ကြောင်း စထိုးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် ဥယျာဉ်ခြံထဲတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်များကို နယ်မြေရှင်းလင်းရန်ဟုဆိုကာ ဝင်ရောက်နေထိုင်ခွင့် ပိတ်ပင်ထားကြောင်း ၎င်းက ပြောဆိုသည်။ “ခြံထဲမှာ စစ်‌ရှောင်နေတဲ့ သူတွေကို ဝင်ခွင့်မပြုဘူး။ နယ်မြေရှင်းဖို့ ပြောနေတယ်။ ဥယျာဥ်လုပ်နေသူတွေလည်း ပေးမဝင်ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ ဧပြီလ ၂၁ရက်တွင် ဥယျာဥ်ခြံများတွင် […]

သိန်ခွန်းရွာသို့ စစ်ကူလာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များ မိုင်းဆွဲ

Dawei Watch

April 21, 2026

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာသို့ စစ်ကူတက်လာသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ တနင်္သာရီမြို့မှ သိန်ခွန်းရွာသို့ ခြေလျင်စစ်ကူတက်လာသည့် စစ်အာဏာရှင်တပ်သား ၅၀ ခန့်ကို ယနေ့ (ဧပြီ ၂၁) နံနက် ၁၁ နာရီခန့်တွင် ချောင်းနှစ်ပေါက်ရွာအနီး၌ တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “မိုင်းခွဲတိုက်ခိုက်တာ (စစ်အာဏာရှင်တပ်)ထိခိုက်မှု ရှိထားတယ်။ ပစ်ခတ်မှုလည်း ဖြစ်တယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။ အဆိုပါ တိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်သားများက ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ရန်သူဘက်က ခုနှစ်ယောက်ထိထားတယ်။ တပ်ဘက်က (တော်လှန်ရေး)အထိအခိုက်မရှိ ပြန်ဆုတ်နိုင်တယ်။ ကားတွေလည်း ထပ်တက်လာနေတယ်လို့ ကြားရတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က […]

မြန်မာဘက် မှောင်ခိုပို့မည့်လောင်စာဆီများ မဲဆောက်နယ်စပ်တွင် ဆက်တိုက်ဖမ်းဆီးခံရ

Dawei Watch

April 21, 2026

မြန်မာနိုင်ငံဘက်သို့ မှောင်ခိုပို့ဆောင်မည်ဟု ယူဆရသည့် လောင်စာဆီများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် အနီးတဝိုက်တွင် ဆက်တိုက်ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဧပြီလ ၂၁ ရက်တွင် တာခ့်ခရိုင် မဲဆောက်မြို့အနီး ထာ့ဆောင်ယမ်ဒေသ နယ်စပ်တစ်လျှောက်တွင် နယ်ခြားစောင့်တပ်များ ကင်းလှည့်နေစဉ် ပစ္စည့်ပို့ကားတစ်စီးကို တွေ့ရှိကြောင်း ဖော်ပြသည်။ အာဏာပိုင်များကို တွေ့သည်နှင့် ကားသမားသည် ကားကို စွန့်ပစ်၍ ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။ ကားထဲတွင် ၂၀၀ လီတာဆန့် စည်ပုံးသုံးလုံးကို တွေ့ရပြီး အထဲတွင် 91 ဓါတ်ဆီ ၆၀၀ လီတာကို တွေ့ရှိရကြောင်း ဖော်ပြသည်။ နောက်ထပ် အနီးအနားက နယ်စပ်တစ်လျှောက်ကို ကင်းလှည့်စစ်ဆေးခဲ့ရာ ၃၀ လီတာဆန့် ဒီဇယ်ပုံး ရှစ်လုံးကို ပိုင်ရှင်မတွေ့ရဘဲ ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ သိမ်းဆည်းရမိသော […]

ထိုင်းတွင် ကားမှောက်ပြီး မြန်မာအလုပ်သမားတစ်ဦး သေဆုံး

Dawei Watch

April 21, 2026

ထိုင်းနိုင်ငံ၊ မဟာစာရာခမ်းခရိုင်တွင် ဆိုလာပြားတပ်ဆင်ရန်သွားနေသော ပစ်ကပ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ကားပေါ်ပါ မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဧပြီလ ၂၀ ရက်နေ့က မဟာစာရာခမ်းမြို့ ကန်းလိမ်းကျန်းဒေသ အဝေးပြေးလမ်းမကြီးပေါ်တွင် ပစ်ကပ်ကားသည် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်မြောင်းထဲ ထိုးဆင်းခဲ့ပြီး ဓါတ်မီးတိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားအရှေ့ပိုင်းမှာ လုံးဝ ပျက်စီးနေကြောင်း တွေ့ရပြီး ကားတိုက်မှုကြောင့် အသက် ၃၃ နှစ်အရွယ် မြန်မာအလုပ်သမားမှာ နေရာတွင်ပင် သေဆုံးနေကြောင်း သတင်းတွင် ဖော်ပြသည်။ နောက်ထပ် ထိုင်းနိုင်ငံသား ၃ ဦးနှင့် မြန်မာအလုပ်သမား ၁ ဦးတို့သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သဖြင့် ရှေးဦး ကုသပေးခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ပစ်ကပ်ကားသည် ရာဂျာဘတ်တက္ကသိုလ်ထဲတွင် ဆိုလာပြား တပ်ဆင်ရန် ဘန်ကောက်မှ […]

လောင်းလုံးတွင် လူသတ်ထွက်ပြေးနေသူ ဆက်သွယ်လာပြီး အဖမ်းခံ

Dawei Watch

April 21, 2026

လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၊ ဝံတွင်းရွာတွင် သေနတ်ဖြင့် ပစ်သတ်ကာ ထွက်ပြေးသွားသည့် အမျိုးသား ဆက်သွယ်လာပြီး အဖမ်းခံခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။ ဧပြီလ ၂၀ ရက် ညနေ ၅ နာရီခန့်တွင် ဝံတွင်းကျေးရွာနေ အသက် ၆၀ ဝန်းကျင်အရွယ် ဦးနိုင်ဝင်း ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားသူမှာ ဦးစိုးပိုင် ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားပြီး နာရီပိုင်းအကြာတွင်ပင် မိသားစုဝင်များထံ ဆက်သွယ်လာကာ အဖမ်းခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု မိသားစုဝင်တစ်ဦးက Dawei Watch သို့ ပြောသည်။ “အစကတည်းသူက အဖမ်းခံမယ်လို့ပြောတယ်။ သေသွားတဲ့သူ မီးသင်္ဂြိုဟ်ပြီးမှ အဖမ်းခံမယ်ပေါ့။ မိသားစုဝင်တွေကတော့ အချိန်မဆွဲနဲ့ပေါ့နော်။ အချိန်ဆွဲနေရင် ထွက်ပြေးနေသလိုဖြစ်နေတယ်။ အမြန်ဆုံးအဖမ်းခံလိုက်ပါဆိုပြီး သူ့ကိုပြောပြတော့ သူ့အနေနဲ့ ကြည်ကြည်ဖြူဖြူ […]