ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့က ဝသန်ဦး ပန်းချီပြပွဲ

Dawei Watch

April 20, 2026

ထားဝယ်မြို့ လှိုင်းခတ်သံဂယ်လာရီတွင် “ဝဿန်ဦး” အမည်ဖြင့် ပန်းချီ၊ ပန်းပု ပြပွဲ ဧပြီလ ၁၈ ရက်မှ ၂၆ ရက်အထိ ပြုလုပ်နေသည်။ ထားဝယ်ခရိုင် ပန်းချီ ပန်းပု အစည်းအရုံးဝင် ပန်းချီ၊ ပန်းပု ဖန်တီးသူ ၂၅ ဦး ၏ ပန်းချီ၊ ပန်းပုလက်ရာများကို ပြသထားခြင်းဖြစ်သည်။ အဆိုပါပြပွဲတွင် ဆီဆေး၊ ရေဆေး၊ အခရိုင်လစ်၊ ခဲစသဖြင့် အမျိုးအစားစုံ ပန်းချီကား ရှစ်ဆယ်ခန့်နှင့် ပန်းပုလက်ရာအချို့ကို ပြသထားပြီး စျေးနှုန်း အနည်းဆုံး ကျပ်တစ်သိန်းခွဲမှစ၍ ဆယ့်ငါးသိန်းကျပ်အထိ လက်ရာမျိုးစုံ ပါဝင်သည်။ ကိုဗစ်ကာလမတိုင်မီက ရန်ကုန်မြို့ရှိ ပြခန်းများတွင် ထားဝယ်ခရိုင် ပန်းချီ၊ ပန်းပုအစည်းအရုံး ဝင် ပန်းချီဆရာ၊ ပန်းပု ဆရာများက “လှိုင်းခတ်သံ” အမည်ဖြင့် ပန်းချီပြပွဲကို […]

ရမ်းဖိုရွာ စစ်ရှောင်များကို ရွာပြန်နေရန် ဂေါပကများနှင့် စစ်အာဏာရှင်တပ် ဖိအားပေး

Dawei Watch

April 20, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာ ဥယျာဉ်ခြံများတွင် စစ်ရှောင်နေသူများကို ဂေါပကများနှင့် စစ်အာဏာရှင်တပ်သားများက ရွာတွင် ပြန်လည်နေထိုင်ရန် ဖိအားပေးနေကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၁၈ ရက်နေ့ နံနက်တွင် ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုရွာ ဘုန်းကြီးကျောင်းတောင်ခြေတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများနှင့် ဂေါပကများက စစ်ရှောင်နေသည့် ရွာသားများကို ဘုန်းကြီးကျောင်း သန့်ရှင်းရေးလုပ်ရန် ခေါ်ယူပြီး ရွာတွင် ပြန်လည်နေထိုင်ကြရန် ဖိအားပေးနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ရွာမှာ ဘုန်းကြီးရောပြန်လာနေမယ်။ ရွာသားတွေပါ လာနေကြလို့ပြောတယ်။ လာမနေဘူးဆို ဘာလုပ်မယ်လို့တော့ မပြောသေးဘူး။ဘုန်းကြီးကျောင်းကို သန့်ရှင်းရေးလုပ်ဖို့ခေါ်ပြီး ပြောလိုက်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသားများ စစ်ရှောင်နေသည်မှာ ၃ နှစ်ကျော်ပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ရမ်းဖိုရွာ […]

သထုံ ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း သေဆုံးသူ ၁၃ ဦးအထိ ရှိလာ

Dawei Watch

April 20, 2026

ရန်ကုန် – မော်လမြိုင်ကားလမ်းတွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအတွင်း ရဟန်း ၈ ပါး၊ ကိုရင်တစ်ပါး အပါအဝင် သေဆုံးသူ ၁၃ ဦးအထိ ရှိလာသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီးတွင် သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသည့် မန္တလာ ခရီးသည်တင်မှန်လုံယာဉ်နှင့် Hiject ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် Hiject ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ရဟန်း ၅ ပါး၊ ကိုရင် ၁ ပါးနှင့် အမျိုးသား ၃ ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများ ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် နောက်ထပ် […]

တနင်္သာရီ တကူရွာအုပ်စုကို တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

April 19, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုရှိ တိုက်ကမ်းကျေးရွာကို စစ်အာဏာရှင်တပ်က ယနေ့ ဧပြီလ ၁၉ရက် နေ့လယ် ၁၂နာရီခွဲတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နှစ်ဆောင် ပျက်စီးသည့်အပြင် ဘုန်းကြီးကျောင်းမုခ်ဦး ဗုံးစထိမှန်ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။ “ဘုန်းကြီးကျောင်းရှေ့က အိမ်တည့်တည့် ကျသွားတယ်။ အိမ်နှစ်ဆောင်လည်း ပျက်စီးသွားတယ်။ လူတွေက ခြံထဲသွားကြလို့ အိမ်မှာ မရှိလို့ ထိခိုက်မှု မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။ စစ်အာဏာရှင်တပ်သည် တကူကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားနေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “(တော်လှန်ရေးတပ်တွေဘက်က) ဘာလှုပ်ရှားမှုမှ မရှိဘဲ အရပ်သားအိမ်ကို ကြဲတာ။ (စစ်အာဏာရှင်တပ်က) တော်တော်ကို ပြတ်ပြတ်သားသား လုပ်နေတဲ့ သဘောပါ။ ကိုယ့်ဘက်ကလည်း ပြတ်သားဖို့လိုလာပြီ”ဟု […]

သထုံတွင် ယာဉ်တိုက်မှုဖြစ်၊ ရဟန်း၊ ကိုရင် ခုနစ်ပါးပျံလွန်ပြီး လူသုံးဦးသေဆုံး

Dawei Watch

April 19, 2026

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ဧပြီလ ၁၈ ရက် ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားပြီး ရဟန်း၊ ကိုရင် ခုနစ်ပါး ပျံလွန်ပြီး လူသုံးဦးသေဆုံးကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။ နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီး ညနေ ၄ နာရီခွဲခန့်က မန္တလာ ခရီးသည်တင်မှန်လုံယာဉ်နှင့် ဘုရားဖူး Hijetယာဉ် တိုက်မိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဘုရားဖူး Hijet ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ရဟန်း ငါးပါး၊ ကိုရင် တစ်ပါးနှင့် အမျိုးသား သုံးဦးတို့သည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဆေးရုံတွင် ရဟန်းတစ်ပါး ထပ်မံပျံလွန်ကြောင်း ၎င်းက ပြောဆိုသည်။ ဘုရားဖူး Hijet ယာဉ်ပေါ်တွင် […]

ထားဝယ်ဒေသထွက် အုန်းသီးနှင့် အုန်းသားခြောက်စျေးဆက်ကျ

Dawei Watch

April 18, 2026

ထားဝယ်ဒေသထွက် အုန်းသီးနှင့် အုန်းသားခြောက်စျေး ယခုနှစ်ပွင့်လင်းရာသီတွင် အဖွင့်စျေးမကောင်းရာမှ ယခုစျေးဆက်ကျနေဆဲ ဖြစ်ကြောင်း ဒေသခံ အုန်းသီးအရောင်းအဝယ်ပြုလုပ်သူများထံမှသိရသည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လခန့်တွင် ရန်ကုန်-ထားဝယ်လမ်းပိတ်သဖြင့် ပစ္စည်းတင်ပိုရန် ခက်ခဲခြင်းကြောင့် ထားဝယ် ဒေသထွက် အုန်းသီး အဝယ်ရပ်လိုက်သဖြင့် အုန်းသီးစျေးကျနေခြင်း၊ မန္တလေးတွင် ငလျင်ကြောင့်ထိခိုက်သည့် မုန့်တိုက်အချို့ လုပ်ငန်းမလည်ပတ်နိုင်သေးခြင်းတို့ကြောင့် မှာယူဝယ်ယူမှု နည်းပြီး အုန်းသီးစျေး ကျဆင်းနေကြောင်း ၎င်းတို့က ပြောသည်။ ယခုနှစ်ဆန်းပိုင်းမှစ၍ မန္တလေးစျေးကွက်က အုန်းသီးဝယ်ယူမှု ပြန်ရှိလာသော်လည်း အုန်းသီးစျေး မရသေး ကြောင်း ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်မှ အုန်းသီးအရောင်းအဝယ် ပြုလုပ်နေသူတစ်ဦးက ဆိုသည်။ “မန္တလေးက ပြန်ဝယ်နေတယ်ဆိုပေမယ့် အရင်လောက်ဖြုန်းအား (ဝယ်လိုအား) မကောင်းတော့ စျေးမရဘူး။ တစ်လုံးကို ရောင်းစျေး ၁၅၀၀ နဲ့ အပင်ဝယ်စျေး ၅၀၀ ပဲရတယ်” ဟု […]

တနင်္သာရီတွင် စစ်ဘေးရှောင်များ ငှက်ဖျားအဖြစ်များနေပြီး ဆေးကုသခွင့်ရရန်ခက်ခဲ

Dawei Watch

April 17, 2026

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါ အဖြစ်များလာပြီး ဆေးဝါးကုသရန်ခက်ခဲနေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။ ဧပြီလ အစပိုင်းမှစ၍ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါဖြစ်လာကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။ အဆိုပါနေရာတွင် ဆေးခန်းများ မရှိသဖြင့် မြို့များသို့ သွား၍ ငှက်ဖျားစစ်ဆေး ကုသမှုခံယူကြရကြောင်း ၎င်းက ဆိုသည်။ “တချို့တွေက မြို့ဆေးခန်းတွေကို သွားနေကြတယ်။ လူတိုင်းက ဒီလိုသွားလို့ အဆင်မပြေကြဘူး။ စကစဂိတ်တွေကို ဖြတ်ပြီး သွားလို့မရတဲ့လူတွေလည်း ရှိတယ်” ဟု အထက်ပါ စစ်ဘေးရှောင်က ပြောဆိုသည်။ စစ်ရှောင်နေသည့် ရွာနှင့်နီးသည့် ဆေးခန်းတွင် ငှက်ဖျားစစ်၍ ရသော်လည်း ဆေးဝါးပြတ်လပ်နေကြောင်း စစ်ရှောင် အခြားတစ်ဦးက ပြောသည်။ စစ်ဘေးရှောင်များမှာ တောတောင် ဥယျာဉ်ခြံများတွင် တိမ်းရှောင်နေကြရပြီး ခြင်ထောင်လည်း လုံလုံလောက်လောက် […]

ပုလောမြို့နယ် ဆင်ထိုးကြီးရွာတွင် နေအိမ်ဆယ်လုံးမီးလောင်ပြာကျ

Dawei Watch

April 17, 2026

ပုလောမြို့နယ်၌ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ရွာသားများ ဝင်ရောက်မနေထိုင်ကြသည့် ဆင်ထိုးကြီး ကျေးရွာ တွင် ဧပြီလ ၁၅ရက်က နေအိမ် ၁၀လုံး မီးလောင်ပြာကျကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါဒေသတွင် ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသဖြင့် မီးလောင်မှု သတင်းကို နောက်ကျမှ သိရသောကြောင့် အချိန်မီ မီးမငြှိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ဖုန်းလိုင်းက အခုအထိဖြတ်ထားတယ်ဆိုတော့ တအားအခက်အခဲဖြစ်သွားတာပေါ့။ လူကိုယ်တိုင်လာခေါ်မှ သိရတာဆိုတော့ အစ်မတို့လိုက်သွားတဲ့ချိန်ဆို ဟိုမှာပြာကျကုန်ပြီ။ နောက်ထပ်အိမ်တွေ ဆက်ကူးမှာစိုးလို့ မီးသတ်ကားခေါ်ပြီးမီးငြိမ်းတာမှာ မိုင်းတစ်လုံးပေါက်ကွဲထွက်လာလို့ မီးသတ်ကားရော၊ လူတွေပါ အကုန် ပြန်ပြေးလာရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ မီးလောင်သည်ဟုသာ သိရပြီး မည်သို့စတင်လောင်ကျွမ်းသည်ကိုမူ တိတိကျကျ မသိရကြောင်း ၎င်းက ပြောသည်။ ဆင်ထိုးကြီးကျေးရွာဘက်သို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့် ၂၀၂၄ ခုနှစ်ဩဂုတ်လမှ […]