ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ဘေးဒဏ်ကြားက မောင်မယ်ရှောင်ရွာရဲ့ သင်္ကြန်

Dawei Watch

April 17, 2026

ထားဝယ်မြို့နယ်၊ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က မောင်မယ်ရှောင်ရွာမှာ ယနေ့ နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်မှာ ရွာသားအချို့ ရေကစားနေကြပါတယ်။ ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားကြီးဆီ နှစ်ဆန်းတစ်ရက်မှာ ပတ်ဝန်းကျင်ကျေးရွာတွေက အတာအိုး လာပို့ကြသူတွေကို အပြန်ခရီးမှာ ညနေအထိ ရေကစားကြတာက မောင်မယ်ရှောင်ရွာရဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်နဲ့ စစ်ရေးပဋိပက္ခတွေအကြား အဲဒီဓလေ့ မှေးမှိန်ခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလကစပြီး ရွာဝန်းကျင်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပြီး စစ်ရေးပြင်းထန်လာတာခဲ့တာကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေခဲ့ရတာ ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ယခုသင်္ကြန်ကာလမှာတော့ တိမ်းရှောင်နေကြတဲ့ရွာသားအချို့ ကျေးရွာကို ပြန်လာကြပြီး သင်္ကြန်ရေကစားခဲ့ ကြတာပါ။ လက်တလောမှာတော့ ကျေးရွာအတွင်းနေ့ဘက် ဝင်ရောက်နေထိုင်သူအချို့ရှိပေမယ့် ညအိပ်ညနေ မနေရဲကြသေးဘူးလို့ ရွာသားတွေဆီကနေ သိရပါတယ်။

ထားဝယ်တွင် အမျိုးသားတစ်ဦး သင်္ကြန်ရေပက်ခံထွက်စဉ် လဲကျသေဆုံး

Dawei Watch

April 17, 2026

ထားဝယ်မြို့တွင် ဧပြီလ ၁၆ရက် သင်္ကြန်အတက်နေ့က ရေပက်ခံထွက်လာသည် အမျိုးသားတစ်ဦး ဗဟိုမဏ္ဍပ်အနီးတွင် လဲကျသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ သင်္ကြန်အတက်နေ့ မွန်းလွဲ ၃နာရီခန့်တွင် ဗျောတော၀ရပ်ကွက်ရှိ နန်းတော်ရာဘုန်းကြီးကျောင်းအနီးတွင် အသက် ၅၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး လဲကျသေဆုံးခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ “သူ့မိသားစု ပြောတာက သူမှာ နှလုံးရောဂါလို ရောဂါအခံရှိတယ်လို ပြောတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ ရောဂါအခံကြောင့် ရုတ်တရက်လဲကျ သေဆုံးသည်ဟု မိသားစုနှင့် နီးစပ်သူအချို့က ပြောဆိုကြသည်။ သေဆုံးသူသည် လောင်းလုံးမြို့ နယ်၊ သောကြာပြင်ကျေးရွာ ဇာတိဖြစ်ကြောင်း သိရသည်။ ရုပ်အလောင်းကို ယနေ့ ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် မြိုခံပရဟိတ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံးကြီးမှ ၎င်း၏နေအိမ်သို့ […]

မြိတ်ထောင်၊ ကော့သောင်းထောင်နှင့် ရဲဘက်စခန်းများက အကျဉ်းသား ၆၀ နီးပါးလွတ်မြောက်

Dawei Watch

April 17, 2026

မြိတ်ထောင်၊ ကော့သောင်းထောင်နှင့် ရဲဘက်စခန်းများက အကျဉ်းသား၊ အကျဉ်းသူ ၅၈ဦး လွတ်မြောက် ကြောင်း စစ်အုပ်စု၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ ဧပြီလ ၁၇ရက်တွင် မြိတ်အကျဥ်းထောင်က အကျဥ်းသား ၁၃ဦး ၊ အကျဥ်းသူ ၂ ဦး စုစုပေါင်း ၁၅ဦး လွတ်မြောက်လာကြောင်း ထုတ်ပြန်ထားသည်။ မြိတ်မြို့နယ် ကျောက်ဖြူတောင်ကုန်ထုတ် (ရဲဘက်) စခန်းက အကျဥ်းသား ၁၅ ဦး၊ နတ်စင်ကုန်း ကုန်ထုတ် (ရဲဘက်) စခန်းက အကျဥ်းသား ၃ဦး စုစုပေါင်း ၁၈ဦး လွတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကော့သောင်းအကျဉ်းထောင်တွင်လည်း အကျဥ်းသား ၂ဝဦး၊ အကျဥ်းသူ ၅ဦး စုစုပေါင်း ၂၅ ဦးတို့ လွတ်မြောက် လာကြောင်း […]

ထားဝယ်မြို့ပေါ်တွင် သားအဖနှစ်ဦး ပစ်ခတ်ခံရပြီး ဖခင်သေဆုံး

Dawei Watch

April 17, 2026

ထားဝယ်မြို့၊ ဥဿရံရပ်ကွက်တွင် ဧပြီလ ၁၆ရက် ညက သားအဖနှစ်ဦး ပစ်ခတ်ခံရပြီး ဖခင်ဖြစ်သူ သေဆုံးကြောင်း အဆိုပါမိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ပစ်ခတ်ခံရသူများသည် ဥဿရံရပ်ကွက်တွင် နေထိုင်သည့် ဦးမိုင်ကယ်နှင့် အသက် ၁၄နှစ်အရွယ် သမီးတို့ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဦးမိုင်ကယ်နှင့် မိသားစုမှာ ဧပြီလ ၁၆ရက် ည ၈ နာရီခန့်တွင် မိသားစုနှင့်အတူ စကားပြောနေချိန် သေနတ်ကိုင်ဆောင် ထားသည့် လူငယ်နှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး နေအိမ်ခြံဝင်းထဲ ဝင်ရောက်ကာ အနီးကပ် ပစ်ခတ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူ မြိုခံတစ်ဦးက ဆိုသည်။ “အဖေကတော့ ခေါင်းမှာထိပြီး ပွဲချင်းပြီးသေသွားတယ်။ သူ့သမီးက ပေါင်ခြံမှာ ဒဏ်ရာရခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်သားများ […]

ထိုင်းဆုန်ကရန် အားလပ်ရက်တွင် မြန်မာလုပ်သားခြောက်ရာကျော် ရုတ်တရက် အလုပ်ရပ်နားခံရ

Dawei Watch

April 17, 2026

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင် အဲယားကွန်းစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ခြောက်ရာကျော်သည် ဆုန်ကရန်အားလပ်ရက်တွင် ရုတ်တရက် ရပ်နားခံလိုက်ရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ပါကျင်ဘူရီခရိုင် ကဘင်ဘူရီဒေသရှိ အဲယားကွန်းထုတ်လုပ်သော စက်ရုံက မြန်မာအလုပ်သမား ၆၂၂ ဦးကို ဧပြီလ ၁၆ ရက်မှစ၍ အလုပ်လာရန် မလိုတော့ဟု စက်ရုံဘက်က အကြောင်းကြားခဲ့ကြောင်း ဆိုသည်။ အလုပ်သမားများကလည်း အလုပ်ထုတ်ခံရခြင်း သို့မဟုတ် ယာယီရပ်နားခံရခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် စက်ရုံရှေ့သို့ စုပေါင်း၍ သွားရောက်မေးမြန်းခဲ့သော်လည်း အဖြေမရခဲ့သဖြင့် ကူညီဆောင်ရွက်ပေးရန် WAG အဖွဲ့ထံ လာရောက်တိုင်ကြားကြောင်း WAG ၏ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။ “အလုပ်သမားတွေက အလုပ်ထုတ်ခံရတာ သေချာသွားပြီပေါ့နော်။ စက်ရုံပိုင်ရှင်က တရုတ်သူဌေး။ စက်ရုံမှာ မရှိသေးတော့ ညှိနှိုင်းလို့ […]

ထားဝယ်ထောင်က လွတ်မြောက်သူ ၁၀ကျော်တွင် နိုင်ကျဉ်းမပါ

Dawei Watch

April 17, 2026

ယနေ့ မြန်မာနှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းခွင့်ပြုဖြင့် ထားဝယ်အကျဥ်းထောင်က အကျဥ်းသား ကိုးဦး၊ အကျဥ်းသူနှစ်ဦး စုစုပေါင်း ၁၁ ဦး လွတ်မြောက်ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ ယင်းကိုးဦးတွင် နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားများ မပါဝင်ကြောင်း နိုင်ငံရေးအကျဥ်းသား အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ “ခိုးမှု၊ ငွေအတုမှု၊ လောင်းကစားမှုတွေ ပါတယ်။ နိုင်ငံရေးအမှုတွေ မပါဘူး” ဟု ထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းခဲ့သည့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောသည်။ ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်တွင် စစ်အစိုးရက အကျဥ်းသား၊ အကျဥ်းသူ ၄၃၃၅ဦးနှင့် အကျဥ်းကျနေသည့် နိုင်ငံခြားသား ၁၇၉ ဦး တို့ကို လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်အစိုးရကကြေညာထားသည်။ လွတ်ငြိမ်းခွင့်အပြင် သေဒဏ်ချမှတ်ခံထားရသူများကို ထောင်တစ်သက်သို့လည်းကောင်း၊ ထောင်တစ်သက် ချမှတ် ခံထားရသူများနှင့် နှစ် […]

သမ္မတဦးဝင်းမြင့် လွတ်ပြီ

Dawei Watch

April 17, 2026

အာဏာသိမ်းစဉ်ကတည်းက စစ်အုပ်စုက ဖမ်းဆီးအကျဉ်းချထားသည့် သမ္မတဦးဝင်းမြင့်သည် ယနေ့ ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်ကြောင်း စစ်အစိုးရက ထုတ်ပြန်သည်။ ဦးဝင်းမြင့်ကို စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ဖမ်းဆီးထားပြီး အဂတိအမှု လေးမှုအပြင် ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးမှု ပုဒ်မ ၁၃၀ (က) တို့ဖြင့် စွပ်စွဲပြီး စုစုပေါင်း ထောင်ဒဏ် ကိုးနှစ်နှင့် ခြောက်လ ချခဲ့သည်။ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည် ဟူသည့် ကန့်သတ်ချက်ဖြင့် သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) အဖွဲ့ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ “သမ္မတ ဦးဝင်းမြင့် ကိုတော့ ဒီနေ့ပဲ […]

သရက်ချောင်းတွင် မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

Dawei Watch

April 16, 2026

သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက် ညနေ ၅ နာရီခန့်တွင် အသက် ၁၀နှစ်နှင့် ၁၄နှစ်အရွယ် ကလေးနှစ်ဦးတို့သည် နေအိမ်အနီး ဥယျဉ်ခြံတစ်ခြံသို့ သွားရောက်ရာမှ မြေမြှုပ်မိုင်း နင်းမိခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သည့် ဒေသခံအချို့က ဆိုသည်။ အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေးမှာ ဦးခေါင်းတွင် မိုင်းစထိမှန် သေဆုံးပြီး အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးမှာ ခြေထောက်နှင့် နောက်ကျောတို့တွင် မိုင်းစဖောက်ဝင် ဒဏ်ရာများစွာ ရရှိကြောင်း စုံစမ်းသိရသည်။ ဒဏ်ရာရရှိသည့်ကလေးကိုမူ ယနေ့ ဧပြီလ ၁၆ ရက်တွင် ထားဝယ်ဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ထားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ အဆိုပါ […]