ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သင်္ကြန်အကြိုနေ့ ရနောင်းမြို့က ဆွမ်းဆန်လောင်းလှူပွဲ

Dawei Watch

April 13, 2026

မြန်မာအများစုရှိသည့် ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့တွင် ဆွမ်းဆန်လောင်းလှူပွဲကို ဧပြီလ ၁၃ ရက်နေ့ မွန်းလွန်က ပြုလုပ်ခဲ့သည်။ မြန်မာရဟန်းများနှင့် သီလရှင်များက ဆွမ်းဆန်စိမ်းအလှူခံကြရာ ရနောင်းရောက်မြန်မာများက လောင်းလှူကြသည်။

ဩစတြေးလျ ကြည်းတပ်ဦးစီးချုပ်အဖြစ် အမျိုးသမီးတစ်ဦးအား ပထမဆုံး ခန့်အပ်

Dawei Watch

April 13, 2026

ဆူဆန်ကွိုင်းလ်အား ဩစတြေးလျကြည်းတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းမှာ အင်မတန် ထူးခြားသည့် သမိုင်းဝင်အခိုက်အတန့်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်ကလည်း တင်စားပြောဆိုခဲ့သည်။

အီရန်ဆိပ်ကမ်းများကို အမေရိကန်က ယနေ့ စတင်ပိတ်ဆို့မည်

Dawei Watch

April 13, 2026

အီရန်နိုင်ငံသို့ ရေကြောင်းဖြတ်သန်းခ ပေးဆောင်ထားသည့် နိုင်ငံတကာရေပိုင်နက်အတွင်းရှိ သင်္ဘောမှန်သမျှကို အမေရိကန်တပ်ဖွဲ့များက ကြားဖြတ်တားဆီးသွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ကလိန်အောင် ရာဖူးရွာတွင် ရော်ဘာခြံလုပ်သား ငါးဦး မိုင်းနင်းမိ

Dawei Watch

April 13, 2026

ခြောက်လတာအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ၂၂ ကြိမ်အထိ ရှိခဲ့ပြီး ၅ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။

ထားဝယ် ကလေးသင်္ကြန်စပြီ

Dawei Watch

April 11, 2026

ယနေ့ ဧပြီလ ၁၁ရက်တွင် ထားဝယ်မြို့တွင် သင်္ကြန်အကြို ကလေးသင်္ကြန်အဖြစ် ရေစကစားနေကြပြီဖြစ်သည်။ နေအိမ်များရှေ့တွင် ရေပီပါ၊ ရေခွက်များထား၍ ရေကစားသူများရှိသလို၊ အုန်းလက်ရေကစား မဏ္ဍပ်အချို့လည်း မြို့ပေါ်ရပ်ကွက်အချို့၌ တွေ့ရသည်။ သုံးဘီးဆိုင်ကယ်များဖြင့် သင်္ကြန်လည်နေသူအချို့လည်း တွေ့ရသည်။ ယခုနှစ် ကလေးသင်္ကြန်သည် ကိုဗစ်ကပ်ရောဂါကာလနှင့် အာဏာသိမ်းကာလအတွင်း ယမန်နှစ်များထက် ရေကစားသူ ပိုများလာကြောင်း မြို့ခံများက ပြောသည်။ ကလေးသင်္ကြန်ကို NLD အစိုးရလက်ထက်က မြို့ပေါ် ရပ်ကွက်အားလုံးတွင် ရေကစားမဏ္ဍပ်ထိုးစေကာ ကုန်ကျစရိတ်အချို့ကို အစိုးရက ကူညီထောက်ပံ့မှုပြုလုပ်ခြင်းမျိုး ရှိခဲ့သည်။ ထားဝယ်ဒေသတွင် သင်္ကြန်ကာလမတိုင်မီ နှစ်ရက်အလို ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကလေးများ ရေစကစားသည့် ဓလေ့ရှိပြီး ယင်းဓလေ့ကို ကလေးသင်္ကြန်ဟု ထားဝယ်ဒေသခံများက လက်ခံထိန်းသိမ်းလျက်ရှိကြသည် ။ ဧပြီလ ၁၁ […]

ထားဝယ်တွင် သင်္ကြန်ကာလ စက်သုံးဆီ နေ့တစ်ဝက်သာရောင်းမည်

Dawei Watch

April 11, 2026

ထားဝယ်မြို့တွင် သင်္ကြန်ကာလ၌ စက်သုံးဆီကို နေ့တစ်ဝက်သာ ရောင်းချမည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်များတွင် ကြေညာထားသည်။ ယခင်က နံနက် ၆ နာရီခွဲမှ ညနေ ၅ နာရီအထိ မော်တော်ယာဉ်များကို အချိန်ခွဲခြား ရောင်းချပေးနေရာမှ သင်္ကြန်ကာလတွင်မူ နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အထိသာ ရောင်းချပေးတော့မည်ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။ သင်္ကြန်ကာလတွင် စက်သုံးဆီဆိုင် ဝန်ထမ်းများ နှစ်သစ်ကူး နားရက်ပေးနိုင်ရန်အတွက် နေ့တစ်ဝက်သာ ရောင်းချပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း စက်သုံးဆီဆိုင် မန်နေဂျာတစ်ဦးက ပြောသည်။ “သင်္ကြန်ဆိုတော့လေ နားရက်ဖြစ်နေတာကိုး။ ဆိုင်က ဝန်ထမ်းတွေကလည်း နှစ်သစ်ကူးဆိုတော့ နားရက်ပေးဖို့ လိုတယ်လေ။ အဲ‌ဒါကြောင့်ပါ။ တခြားအကြောင်းတော့ မရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။ သို့သော် သင်္ကြန်တွင်း စက်သုံးဆီသုံးစွဲမှု […]

သင်္ကြန်ကာလအတွင်း ထားဝယ်တွင် ရေထွက်ကုန်များ ဈေးမြင့်တက်

Dawei Watch

April 11, 2026

ထားဝယ်မြို့တွင် သင်္ကြန်ကာလအတွင်း ရေထွက်ကုန်ပစ္စည်းအများစု ဈေးမြင့်တက်လျက်ရှိကြောင်း ထားဝယ်ရေထွက်ကုန်ဈေးကွက်ထံမှ စုံစမ်းသိရသည်။ ဧပြီလ ၅ ရက်က ပုစွန်ချော တစ်ပိဿာ ၅၅,၀၀၀ကျပ်မှ ထားဝယ်သင်္ကြန်ကာလ ဧပြီလ ၁၁ ရက်တွင် ၆၀,၀၀၀ကျပ်၊ ပုစွန်ဖြူတစ်ပိဿာ ၁၈,၀၀၀ကျပ်စျေးရှိရာမှ ၃၀,၀၀၀ကျပ်သို့ ဈေးမြင့်တက်လျက်ရှိသည်။ ထို့အပြင် ငါးကွန်းရှပ်ကြီးတစ်ပိဿာ ၃၃,၀၀၀ကျပ်မှ ၄၀,၀၀၀ကျပ်၊ ပါတူး ‌(ခေါ်) ငါးလုံးတစ်ပိဿာ ၁၆,၀၀၀ကျပ်မှ ၂၂,၀၀၀ကျပ်၊ ငါဒွန်းခြင်းလုံးတစ်ပိဿာ ၁၆,၀၀၀ ကျပ်မှ ၂၃,၀၀၀ကျပ်သို့ အသီးသီး စျေးတက်သွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ထားဝယ်ရေထွက်ကုန်ဈေးကွက်တွင် ငါးနှင့် ပုစွန် ဈေးနှုန်းများမှာ သင်္ကြန်မတိုင်ခင်က ဈေးနှုန်းထက် ယခုသင်္ကြန်အတွင်း ဈေးနှုန်းမှာ တစ်ပိဿာ အနည်းဆုံး ကျပ်ငါးထောင်မှ ကျပ်တစ်သောင်းကျာ်အထိ ဈေးမြင့်တက်သွားခြင်းဖြစ်သည်။ ငါးမဖမ်းရ ရာသီဖြစ်၍ ကမ်းဝေးငါးဖမ်းလှေများရပ်ထားခြင်းနှင့် ကမ်းနီးငါးဖမ်းလှေများ […]

သင်္ကြန်အပြီး မြိတ်-ထားဝယ် အမြန်ရေယာဉ်တိုက်ရိုက်ပြေးဆွဲမည်

Dawei Watch

April 11, 2026

မြိတ်မှ ထားဝယ်သို့ အမြန်ရေယာဉ် တိုက်ရိုက်ခရီးစဉ်ကို သင်္ကြန်ကာလအပြီးတွင် စတင်ပြေးဆွဲမည်ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။ ခရီးသည် နှစ်ရာဦးခန့် တင်ဆောင်နိုင်သည့် ၉၉၉ ကမ်းရိုးတန်း အမြန်ရေယာဉ်ဖြင့် ဧပြီလ ၁၉ ရက်ကစပြီး ပြေးဆွဲမည် ဖြစ်ကြောင်း မြိတ်မြို့ရှိ ပုဂ္ဂလိကခရီးသွားဝန်ဆောင်မှုလုပ်ငန်းတာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။ ဧပြီလ ၁၉ ရက် နံနက်ပိုင်းကစပြီး မြိတ်မြို့ရှိ ဆိပ်ငယ်ဘောတံတားမှ ထားဝယ်မြို့ ၊ ကြက်စားပြင်ရပ်ကွက်ရှိ ကမ်းနားလမ်း ဆိပ်ကမ်းသာဘောတံတားသို့ တိုက်ရိုက်ပြေးဆွဲမည် ဖြစ်ကြောင်း ဆိုသည်။ လက်ရှိတွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ရွာ ဆိပ်ကမ်းအနီး ပင်လယ်၀တွင် ရပ်နားခဲ့ပြီး ထားဝယ်မြို့သို့ စပိဘုတ်များဖြင့် တစ်ဆင့်ခံ ပြန်လည် ပို့ဆောင်ရသည်။ “ခရီးသည်တွေကို စပိဘုတ်နဲ့ တစ်ခါ ပြန်ကဲ့ (သယ်) ရတော့ ခရီးသည်တွေက […]