Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်အာဏာရှင်တပ် လေယာဉ်နဲ့ ဗုံးကြဲလို့ တကူရွာစာသင်ကျောင်းဆောင် နှစ်ဆောင်ပျက်စီးတဲ့သတင်း
- ဘီးလင်းမှာ စစ်ဘေးရှောင်ကားကို စစ်အာဏာရှင်တပ်ပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံးတဲ့အကြောင်း
- သရက်ချောင်းက ဝင်းဝစခန်းသိမ်းတိုက်ပွဲကာလမှာ နေအိမ်တစ်ရာကျော်ပျက်စီးခဲ့တဲ့ အခြေအနေ
- မြန်မာ ၉၀ ကို ထိုင်းအစိုးရက ကော့သောင်းပြန်ပို့တဲ့သတင်း
- ထားဝယ်မြို့သစ်မှာ တစ်ပတ်အတွင်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးတဲ့သတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






