ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးအနီး ဒရုန်းဗုံးကျပြီး သားအဖသုံးဦးဒဏ်ရာရ

Dawei Watch

April 16, 2026

ထားဝယ်မြို့‌ရှိ တိုင်းရဲတပ်ဖွဲ့မှူးရုံးအနီးတွင် သင်္ကြန်အကျနေ့ ဧပြီလ ၁၄ရက် မွန်းလွဲပိုင်းက ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး အနီးဝန်းကျင်ရှိ သားအဖသုံးဦး ထိခိုက်ဒဏ်ရာရကြောင်း ‌မြို့ခံအချို့ထံမှ သိရသည်။ တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးရုံးနှင့် ကပ်လျက်ရှိသည့် လယ်ယာစိုက်ပျိုးရေးရုံးအနီး ကားလမ်းမပေါ် ဗုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ အဆိုပါဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွင် ရှိနေသည့် သားအဖသုံးဦး ထိခိုက်ဒဏ်ရာရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “အိပ်ရာနိုးလို့ အဖေက ၂နှစ်အရွယ် သူသားကိုချီပြီး အိမ်ရှေ့ကို ထွက်လာတဲ့အချိန်မှာ ဒရုန်းဗုံးကျပြီး ထိသွားတာ” ဟု အထက်ပါအမျိုးသားကပြောဆိုသည်။ ယင်းအပြင် နေအိမ်အတွင်း ရှိနေသည့် အသက် ၁၀ နှစ်အရွယ်ရှိ ကလေးတစ်ဦးမှာလည်း ဗုံးစထိမှန်ပြီး ဘယ်ဘက်ခြေထောက် ဒဏ်ရာရကြောင်း ၎င်းက ပြောသည်။ သင်္ကြန်ကာလအတွင်း ထားဝယ်မြို့ရှိ တိုင်းလွှတ်တော်၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး […]

သင်္ကြန်အကျနေ့ မြိတ်မြို့တွင် ရေကစားနေသည့် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံး

Dawei Watch

April 16, 2026

မြိတ်မြို့တွင် သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်က ရေကစားမဏ္ဍပ်တစ်ခုတွင် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ကန်ဖျားရပ်ကွက်ရှိ ရေကစားမဏ္ဍပ်တစ်ခုတွင် ရေကစားနေစဉ် ရေပက်သည့် ရေပိုက်ဂန်း (လျှပ်စစ်သုံး ကားရေဆေးသည့် ရေပိုက်) မှတစ်ဆင့် ဓာတ်လိုက်ခြင်းဖြစ်ကြောင်း ဖြစ်စဥ်အားသိရှိသူအချို့က ပြောသည်။ “ကားရေဂန်းကို လုရင်းနဲ့ ဝါယာကြိုးထိမိပြီး ဓာတ်လိုက်သွားတာ၊ နှစ်ယောက်ထိတယ်။ တစ်ယောက်က ဘာမှမဖြစ်ဘူး။ တစ်ယောက် သေသွားတယ်။ မဏ္ဍပ်အကြီးမှာဖြစ်တာ မဟုတ်ဘူး။ ဆိုင်ကယ်ရေဆေးခုံက ရေကစားတဲ့နေရာမှာ ဖြစ်သွား တယ်” ဟု ဖြစ်စဥ်အားသိရှိသည့် မြိတ်မြို့ခံတစ်ဦးကပြောဆိုသည်။ ဓာတ်လိုက်ပြီးနောက် ယင်းလူငယ်အမျိုးသားကို ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့သော်လည်း အသက်ကို မကယ်ဆယ်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။ သေဆုံးသွားသည့် လူငယ်၏ ရုပ်အလောင်းကို ယနေ့ သင်္ကြန်အတက်နေ့ […]

တနင်္သာရီ ခြောက်မိုင်ရွာတွင် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံး

Dawei Watch

April 16, 2026

တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာအနီးတပ်စွဲထားသည် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်က တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်စလုံးက ထိခိုက်သေဆုံးမှုရှိကြောင်း မြိတ်ခရိုင်တပ်ရင်း (၃) ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ အဆိုပါ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များကို မြိတ်ခရိုင်တပ်ရင်း (၂) ၊ မြိတ်ခရိုင်တပ်ရင်း (၃) နှင့် ပူးပေါင်းအဖွဲ့က ဧပြီလ ၁၁ရက် မွန်းလွဲ ၂နာရီခွဲတွင်သွားရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းသို့ သွားရောက်တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ဖော်ပြသည်။ “ရန်သူဘက်က လက်ဦးသွားပြီး သေနတ်စပေါက်တာနဲ့ သူကလဲကျနေပြီ။ အနီးကပ် ဖြစ်သွားတယ်။ (တိုက်) ပွဲလည်း အနီးကပ်ဖြစ်ကြတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပြီးနောက် မွန်းလွဲ ၃နာရီကျော်တွင် ခြောက်မိုင်ရွာမှ ၅မိုင်ရွာသို့ ပြန်ဆုတ်သည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်တို့က တိုက်ခိုက်ရာ […]

ထားဝယ်အရှေ့တော၊ ဝကုန်းရွာမှ ခဲဝယ်၊ရောင်း အမျိုးသမီးတစ်ဦးကို KNLA ဖမ်းဆီးထားဟုဆို

Dawei Watch

April 15, 2026

ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာမှ ခဲအရောင်းအဝယ်လုပ်နေသည့် အမျိုးသမီးတစ်ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖမ်းဆီးသွားသည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လနောက်ဆုံးပတ်တွင် ဝကုန်းရွာမှ အသက် ၄၈ နှစ်ခန့်အရွယ် ဒေါ်တင်မာဆွေဆိုသူကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နှင့် တပ်မဟာ (၆) လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ဒေါ်တင်မာဆွေကို KNU/KNLA တပ်က ဖမ်းဆီးထားသည့် ကိစ္စနှင့် ပတ်သက်ပြီး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားနှင့် KNU တပ်မဟာ (၆) KNLA တပ်ရင်း (၂၇) တပ်ရင်းမှူး ဗိုလ်မှူးကြီး စောမှူးဂေတို့ကို Dawei Watch က စာပို့မေးမြန်းထားဆဲ […]

ထရမ့်အား သမ္မတရာထူးမှ ဖယ်ရှားမည့် ကော်မရှင်ဖွဲ့ရန် ဒီမိုကရက်အမတ်များ အဆိုပြု

Dawei Watch

April 15, 2026

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား သမ္မတရာထူးနှင့် မကိုက်ညီကြောင်း ဆုံးဖြတ်နိုင်ရန်အတွက် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရန် အောက်လွှတ်တော် ဒီမိုကရက်အမတ်များက ဧပြီလ ၁၄ ရက်နေ့တွင် အဆိုပြုတင်သွင်းလိုက်သည်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် ၂၅ အရ သမ္မတထရမ့်အား အရည်အချင်းမပြည့်မီလျှင် ရာထူးမှ ဖယ်ရှားနိုင်မည့် ကော်မရှင်တစ်ရပ်ဖွဲ့စည်းရန် အောက်လွှတ်တော်ဒီမိုကရက်အမတ်များက အဆိုပြုထားခြင်း ဖြစ်သည်။ ယင်းကော်မရှင်ဖွဲ့စည်းရန် အဆိုပြုချက်ကို အောက်လွှတ်တော် တရားရေးကော်မတီမှ ထိပ်တန်းဒီမိုကရက်အမတ်ဂျေမီရတ်စကင်က ဦးဆောင်တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကော်မရှင်အနေဖြင့် ဒုတိယသမ္မတဂျေဒီဗန့်စ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုထားကြောင်း The Guardian သတင်းတွင် ဖော်ပြသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အငြင်းပွားဖွယ်ရာ လူသိရှင်ကြား ပြောဆိုချက်နှင့် လုပ်ရပ်များစွာကြောင့် ယင်းကော်မရှင်ဖွဲ့စည်းရန် အဆိုပြုထားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းတို့တွင် အီရန်အနေဖြင့် ၎င်း၏ တောင်းဆိုချက်များကို မလိုက်လျောပါက “အီရန်လူ့အဖွဲ့အစည်းတစ်ခုလုံး သေဆုံးရလိမ့်မည်”ဟု […]

မောင်းမ‌‌ကန်ကမ်းခြေ၏ သင်္ကြန်အကြတ်နေ့မြင်ကွင်း

Dawei Watch

April 15, 2026

ယနေ့ သင်္ကြန်အကြတ်နေ့(ဧပြီ ၁၅)တွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားနေသော ထားဝယ်ဒေသ၏ နာမည်ကြီး မောင်းမကန်ကမ်းခြေကို တွေ့မြင်ရစဉ်။

ထားဝယ်တွင် ဒရုန်းဗုံးထိသဖြင့် စစ်ရှောင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dawei Watch

April 15, 2026

ထားဝယ်မြို့တွင် သင်္ကြန်အကြိုနေ့ကတည်းက လွှတ်တော်၊ ဝန်ကြီးများအိမ်ရာနှင့် စစ်ကောင်စီ တိုင်းရင်းသားရေးရာဝန်ကြီးမဏ္ဍပ် တို့ရှိသည့် နေရာအနီးဝန်းကျင်၊ တိုင်းရဲတပ်ဖွဲ့ရုံး၊ ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ဗဟိုမဏ္ဍပ်ရှိသည့် အနီးဝန်းကျင်သို့ ဒရုန်းဖြင့် ဗုံးချခံရမှုများရှိနေကြောင်း မြို့ခံတို့က ပြောသည်။

အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့မည့် အစီအစဉ်တွင် ၎င်းတို့ မပါဝင်ကြောင်း နေတိုးမဟာမိတ်များ ပြော

Dawei Watch

April 14, 2026

သမ္မတထရမ့်က ဒေါသထွက်နိုင်ကာ နေတိုးမဟာမိတ်အဖွဲ့အတွင်း တင်းမာမှုများကိုလည်း ပိုမိုမြင့်တက်လာစေနိုင်ဖွယ်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြသည်။