ရေး-ထားဝယ် ကားလမ်းဘေး ရာဖူးရွာတွင် ရော်ဘာခြံလုပ်သားတစ်ဦး မိုင်းနင်းမိ
Dawei Watch
April 28, 2026မိုင်းနင်းမိသူမှာ ခြေထောက်တွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးရနိုင်ဟုဆိုသည်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါမိုင်းနင်းမိသူမှာ ခြေထောက်တွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးရနိုင်ဟုဆိုသည်။
ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ရာဖူးရွာတွင် ယနေ့ ဧပြီလ ၂၈ ရက် နံနက်ပိုင်းက ရော်ဘာခြံလုပ်သားတစ်ဦး မိုင်းနင်းမိကြောင်း ရွာသားများထံမှ သိရသည်။ “ရွာဟောင်းဘက်က ကားလမ်းနံဘေး ခြံထဲမှာပဲ နင်းမိတယ်။ နင်းမိတဲ့သူက ခြံလုပ်သား ယောက်ျားလေးပဲ။ အသက်ကတော့ ၃၀ ကျော်ပြီ။ ခြံသွားရင်း နင်းမိတာ” ဟု ရွာသားတစ်ဦးက ပြောသည်။ မိုင်းနင်းမိသူမှာ ခြေထောက်တွင် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးရနိုင်ခြေရှိကြောင်း ၎င်းက ပြောဆိုသည်။ ဒဏ်ရာရရှိသူ အမျိုးသားကိုမူ ဆေးကုသရန် ရေးမြို့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရွာသားများထံမှ သိရသည်။ ဧပြီလ ၁၁ ရက်ကလည်း ရာဖူးရွာရှိ ရော်ဘာခြံတစ်ခြံမှ ရော်ဘာခြံအလုပ်သမား မိသားစုတစ်စု မိုင်းနင်းမိခဲ့ပြီး မိသားစုဝင်ငါးဦး ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။ ယခု […]
ဘန်ကောက်သွားရန် ပွဲစားက ထိုင်းမှတ်ပုံတင်များကို ပေးထားခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ ပွဲစားကိုလည်း ဖမ်းမိခဲ့သည်။
ပါပူဝါဒေသမှ စစ်တပ်ကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ဆယ်စုနှစ်များစွာကြာအောင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာအနောက်ပိုင်းတွင် ယနေ့ ဧပြီလ ၂၈ရက် နံနက်ပိုင်းတွင် မီးလောင်ပြီး နေအိမ် ကိုးလုံး ပျက်စီးဆုံးရှုံးကြောင်း ဒေသခံများက ပြောသည်။ ကရုပ္ပိကျေးရွာ အနောက်ပိုင်းရှိ နေအိမ်တစ်အိမ်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းကြောင်း ၎င်းတို့က ဆိုသည်။ နံနက် ၅ နာရီဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းပြီး မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ရွာသူ ရွာသားတို့က ဝိုင်းဝန်းငြိမ်သတ်မှုကြောင့် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုး ထရံကာ နေအိမ် သုံးလုံး၊ သွပ်မိုး ပျဉ်ကာ နေအိမ် လေးလုံး၊ အုတ်ညှပ် အိမ် ၂ လုံး မီးလောင်ကျွမ်းပျက်စီးကြောင်းဒေသခံများက ဆိုသည်။ “တခြား (လူ) […]
အင်ဒိုနီးရှားနိုင်ငံ ပါပူဝါဒေသတွင် ဆန္ဒပြဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ဧပြီလ ၂၇ ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ အင်ဒိုနီးရှားမှခွဲထွက်ရေး လက်နက်ကိုင်ပုန်ကန်မှု ဖြစ်ပွားနေသည့် ပါပူဝါဒေသမှ အင်ဒိုနီးရှားစစ်သားများ ထွက်သွားရန် ဒေသခံရာချီ ဆန္ဒပြခဲ့ကြရာ ကျောင်းသားများ ၊ အရပ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တနင်္လာနေ့တွင် ဒေသခံ ဆန္ဒပြသူ ၈၀၀ ခန့်သည် ပါပူဝါပြည်နယ်၏ မြို့တော် ဂျာယာပူရာရှိ နေရာသုံးနေရာတွင် စုဝေးခဲ့ကြပြီးနောက် မြို့လယ်ခေါင်သို့ ချီတက်ဆန္ဒပြခဲ့ကြကြောင်း ပါပူဝါပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ပါပူဝါဒေသရှိ ပြည်နယ်ခြောက်ခုလုံးမှ စစ်တပ်ကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြကြောင်း ၎င်းက Reuters သတင်းဌာနကို ပြောကြားခဲ့သည်။ ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီးနောက် […]
ယနေ့ နံနက် ၁၁ နာရီဝန်းကျင်မှစတင်ကာ ညနေပိုင်းအထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေကြောင်း ဆိုသည်။
သို့သော် မော်တော်ယာဉ်များ စက်သုံးဆီဝယ်ယူရာတွင် စုံရက်များတွင် စုံဂဏန်းပါ မော်တော်ယာဉ်များသာ စက်သုံးဆီ ဝယ်ယူနိုင်မည်ဖြစ်သလို၊ မရက်များတွင် မဂဏန်းပါ မော်တော်ယာဉ်များ စက်သုံးဆီ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။