“ကျွန်တော့်လက်ထက်မှာ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာတော့မယ်”လို့ဆိုတဲ့ ဒေါ်နယ်ထရမ့်
Dawei Watch
June 12, 2026အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သူ့လက်ထက်မှာ ကျင်းပခွင့်ရရှိတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ သမိုင်းတလျှောက် အအောင်မြင်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဖြစ်လာတော့မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လက်ရှိ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲကြီးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က လက်ရှိ လက်မှတ်ရောင်းချရမှု အခြေအနေတွေအပေါ် အားရကျေနပ်စွာနဲ့ အခုလိုပဲ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ သူ့လက်ထက်မှာ ကျင်းပတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုရောက်မှ တကယ့်ကို ကြီးကျယ်ခမ်းနားလှတဲ့ လက်မှတ်ရောင်းချရမှုကို ဖီဖာက ပိုင်ဆိုင်ခွင့်ရနေတာဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က အသိပေးလိုက်ပါသေးတယ်။ “ဖီဖာဟာ အခုလိုမျိုး ကြီးကျယ်ခမ်းနားလှတဲ့ လက်မှတ်ရောင်းချရမှုကို တစ်ခါမှ မကြုံဖူးသေးပါဘူး။ ဒီလောက်အထိ များပြားလှတဲ့ လက်မှတ်အရေအတွက်ကို ဒီလောက် မြန်မြန်ဆန်ဆန် […]


