ကော့ကရိတ် ကော့ဘိန်းရွာကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ
Dawei Watch
June 13, 2026ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး တပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၁၂ရက် နံနက်ပိုင်းက ကော့ဘိန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့သည်။ ယင်းနောက် ညနေပိုင်းတွင် စစ်အာဏာရှင်တပ်က ကော့ဘိန်းရွာအနီးဝန်းကျင်ရှိ ကျေးရွာများဘက်သို့ လေယာဉ်ဖြင့် ဗုံးကြဲကြောင်း ဒေသခံများက ပြောသည်။ “(ဥယျာဉ်) ခြံထဲမှာကျတော့ လူထိတာတော့ မကြာမိဘူး။ (ဒေသခံတွေ) အကုန်လုံးက လေယာဉ်ကို ကြောက်နေကြတယ်။ ထပ်ပြီး ဗုံးလာကြဲမှာကို စိုးရိမ်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ဒေသတွင်း စစ်ရေးအခြေအနေ ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသလို လေကြောင်းအန္တရာယ်ကိုလည်း […]


