သရက်ချောင်း မင်းဒပ်နဲ့ သိမ်ကုန်းရွာကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်
Dawei Watch
June 15, 2026တစ်နာရီခွဲခန့်ကြာ ဖြစ်ပွားခဲ့ပြီး မြိတ်-ထားဝယ်ကားလမ်း ပိတ်ဆို့ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါတစ်နာရီခွဲခန့်ကြာ ဖြစ်ပွားခဲ့ပြီး မြိတ်-ထားဝယ်ကားလမ်း ပိတ်ဆို့ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းဟာ စစ်ပြဲရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တပ်စွဲနေထိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ပစ်ခတ်မှုကြောင့် မင်းဒပ်ရွာကွက်သစ် သစ်တိုကုန်းတွင် နေထိုင်နေသည့် ဒေသခံများနှင့် ဝဲရစ်၊ သိမ်ကုန်းက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုသည်။
လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဝင်ရောက်တပ်စွဲနေထိုင်သော စစ်အာဏာရှင်တပ်သည် စစ်ပြဲအရှေ့ပိုင်း စာသင်ကျောင်းအနီးရှိ နေအိမ်တစ်ဆောင်အား ထပ်မံမီးရှို့ဖျက်ဆီးကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ ဇွန်လ ၁၄ရက်က စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ စစ်ပြဲကျေးရွာတွင် တစ်နေကုန်နီးပါး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက် ညနေ ၆ နာရီခန့်တွင် စစ်အာဏာရှင်တပ်က ပျဉ်ထောင်အိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “မနက် ၄နာရီလောက်စပြီး ပစ်နေကြတာ ညနေပိုင်းအထိပဲ။ (ညနေ) ၆ နာရီလောက်မှာ ပစ်သံတွေ စဲသွားပြီးတာနဲ့ ရွာထဲကနေ မီးခိုးလုံးတွေ တက်လာတာ စပြီးမြင်ရတယ်” ဟု တိမ်းရှောင်နေရသည့် စစ်ပြဲဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းအပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ် ဝင်ရောက်နေထိုင်နေသည့် ဘုန်းကြီးကျောင်းလည်း ကြီးကြီးမားမား ပျက်စီးသွားပြီး အရပ်သားနေအိမ်အချို့လည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံများက […]
တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ (အနောက်ကမ်း) ကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးချ၍ နေအိမ်တစ်ဆောင်မီးလောင်သွားပြီး အခြားအိမ်တစ်ဆောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဒုတိယအကြိမ် မော်တုန်းရွာ (အရှေ့ကမ်း) အခြေစိုက် စစ်အာဏာရှင် အမှတ် ၃၀၆ အမြောက်တပ်မှ မော်တုန်းရွာ (အနောက်ကမ်း) ကို ဒရုန်းဖြင့် ဗုံးသီးချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ မီးလောင်သွားသည့် နေအိမ်မှာ တစ်ထပ်အိမ်ဖြစ်ပြီး နံဘေးရှိ နှစ်ထပ်နေအိမ်တွင်လည်း ဗုံးစများထိမှန်၍ အနည်းငယ်ပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။ “တစ်ထပ်အိမ်တစ်ဆောင်က မီးလောင်ပြီး ပျက်စီးသွားတယ်။ တစ်ဆောင်က နည်းနည်းထိသွားတယ်။ အိမ်တွေမှာက လူတွေနေကြတယ်။ ဒရုန်းတက်လာတာ သိလို့ လူတွေက ပြေးသွားကြလို့ လူတွေတော့ […]
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသက စစ်ဘေးရှောင် ထွက်ပြေးနေရသူ ၁၀၀၀ ကျော်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။ ရေးချောင်းဖျားဒေသတွင် စစ်အာဏာရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်ခဲ့သည့်အပြင် ဝေဟင် ကင်းထောက်မှုလည်း ပြုလုပ်နေသည့်အတွက် ဒေသခံများ လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသည်။ ရေးချောင်းဖျားဒေသခံ အများစုသည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ချဲတိုက်ဒေသသို့ ပြောင်းရွှေ့ကြပြီး အချို့ကလည်း နီးစပ်ရာ မိတ်ဆွေ ဆွေမျိုးရှိရာသို့ ပြောင်းရွှေ့ကြသည်လည်း ရှိသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ နေစရာ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေးပေါ် ထောက်ပံ့မှု အကူအညီများ လိုအပ်လျက်ရှိသည်။ လက်ရှိတွင် မွန်ပြည်သစ်ပါတီ ချဲတိုက်ဒေသဘက် ထွက်ပြေး တိမ်းရှောင်လာသူ ၇၀၀ […]
၄ လနီးပါး ကြာမြင့်ခဲ့သည့် အီရန်စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်နှင့် အီရန်အကြား သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်ဖ်က ဇွန်လ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။ လက်ဘနွန်နိုင်ငံအပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းအပြီးတိုင် ရပ်စဲကြောင်း အမေရိကန်နှင့် အီရန်ဘက်က သဘောတူခဲ့ပြီဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ “အရှိန်ကောင်းကောင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိသွားပြီဆိုတာကို ဝမ်းမြောက်ဝမ်းသာ အသိပေးအပ်ပါတယ်” ဟု ရှာရစ်ဖ်က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ တရားဝင်သဘောတူညီချက်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇွန်လ ၁၉ ရက် သောကြာနေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှာရှစ်ဖ်က ပြောသည်။ စစ်ပွဲအဆုံးသတ်ရေးအတွက် ပါကစ္စတန်က အမေရိကန်နှင့် အီရန်အကြား ကြားဝင်စေ့စပ်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန်ဝန်ကြီးချုပ်၏ ထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာပြီး […]
ရန်ကုန်-ထားဝယ်ကားလမ်းပိုင်းတွင် ယခုနှစ်ဆန်းတွင် စစ်ဆေးရေးဂိတ်များတိုးလာသလို ငွေကြေးလည်း ပိုတောင်းလာသဖြင့် ခရီးစဥ်တစ်ခေါက်အတွက် ခရီးသည်တစ်ဦးလျှင် လမ်းကြေး ကျပ်သုံးသောင်း ဝန်းကျင် ပေးဆောင်နေရကြောင်း ခရီးသည်များနှင့် ကားသမားများက ပြောသည်။ အဆိုပါလမ်းပိုင်း၌ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်နှင့် စစ်ဆေးသည့်နေရာ ၄၀ ခန့်ရှိပြီး နေရာအပေါ်မူတည်၍ ကျပ်ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ပေးရသလို မပေးရသည့်နေရာများလည်းရှိကြောင်း ၎င်းတို့က ဆိုသည်။ “ခရီးသည်တစ်ဦး သုံးထောင်ကနေ ငါးထောင် (ကျပ်) အကြား ပုံမှန်တောင်းတယ်။ အရင်က တစ်ထောင်၊ နှစ်ထောင် တောင်း ရာကနေ အခုနှစ်အစမှာ စျေးတက်လာတာ။ တချို့နေရာတွေကျ တောင်းနေရာကနေ အဖွဲ့စုံ(ဌာနဆိုင်ရာအစုံ) ဂိတ်ဖြစ်သွား တော့ မပေးရတော့ဘူး။ အစက မလွှဲတောင်ဆို ပေးရတယ်။ အခုမပေးရဘူး” ဟု လေးယောက်စီး ခရီးသည်တင်ကား မောင်းသူတစ်ဦးက ပြောဆိုသည်။ […]