ရေးချောင်းဖျားဒေသက စစ်ဘေးရှောင် တစ်ထောင်ကျော် အကူအညီလို
Dawei Watch
June 15, 2026မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသက စစ်ဘေးရှောင် ထွက်ပြေးနေရသူ ၁၀၀၀ ကျော်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။ ရေးချောင်းဖျားဒေသတွင် စစ်အာဏာရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်ခဲ့သည့်အပြင် ဝေဟင် ကင်းထောက်မှုလည်း ပြုလုပ်နေသည့်အတွက် ဒေသခံများ လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသည်။ ရေးချောင်းဖျားဒေသခံ အများစုသည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ချဲတိုက်ဒေသသို့ ပြောင်းရွှေ့ကြပြီး အချို့ကလည်း နီးစပ်ရာ မိတ်ဆွေ ဆွေမျိုးရှိရာသို့ ပြောင်းရွှေ့ကြသည်လည်း ရှိသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ နေစရာ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေးပေါ် ထောက်ပံ့မှု အကူအညီများ လိုအပ်လျက်ရှိသည်။ လက်ရှိတွင် မွန်ပြည်သစ်ပါတီ ချဲတိုက်ဒေသဘက် ထွက်ပြေး တိမ်းရှောင်လာသူ ၇၀၀ […]


