အစွန်းရောက်ပြင်းထန်ရာသီဥတု အယ်လ်နီညို စတင်ပြီဟု အမေရိကန်ထုတ်ပြန်
Dawei Watch
June 12, 2026အယ်လ်နီညို ရာသီဥတုဖြစ်စဉ် စတင်ဖြစ်ပွားနေပြီဖြစ်ကြောင်း အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာ စီမံဆောင်ရွက်ရေးအဖွဲ့ (NOAA) က ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။ ယခု စတင်နေသည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ယခုနှစ်ကုန်ပိုင်းအထိ ပိုအရှိန်မြှင့်အားကောင်းလာနိုင်ပြီး သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးအဆင့်အထိ ရောက်ရှိသွားနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာအတွင်း အီကွေတာရပ်ဝန်း အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်ကို မြင့်တက်စေကာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လေတိုက်နှုန်းနှင့် မိုးရွာသွန်းမှုပုံစံများ ပုံမှန်မဟုတ်ဘဲ ရာသီဥတုဖောက်ပြန်မှု ဖြစ်ပေါ်စေသည့် ရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်သည်။ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုကြောင့် မြင့်တက်နေပြီးသား ကမ္ဘာကြီး၏ အပူချိန်ကို ယခု အယ်လ်နီညိုဖြစ်စဉ်က ပိုမိုဆိုးရွားစေမည့်အရေး ပညာရှင်များက စိုးရိမ်နေသည်။ ယခု အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အစွန်းရောက်ပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များ ပိုမိုတိုးပွားလာမည့်အရေး ၎င်းတို့ […]


