ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သံဃာတော်များ ကိုယ်တိုင်ကားမောင်းခွင့် မပြုတော့ဟုဆို

Dawei Watch

June 17, 2026

ဘုန်းကြီးကိုယ်တိုင် မောင်းလာသောကားဖြင့်တိုက်မိသည့် ယာဉ်မတော်တဆမှုတို့ကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့လည်း ဖြစ်ပွားနေဟုဆိုသည်။

ထိုင်းထီရောင်းနေသော မြန်မာနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

June 17, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် လမ်းဘေးတစ်နေရာတွင် ထီရောင်းနေသော မြန်မာနိုင်ငံသားနှစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ ချွန်ဘူရီမြို့ လမ်းတစ်လျှောက်တွင် နိုင်ငံခြားသားများ ထီရောင်းနေကြောင်း တိုင်ကြားလာသဖြင့် ဇွန်လ ၁၆ ရက်နေ့က အလုပ်သမားရုံး တာဝန်ရှိသူများနှင့် အာဏာပိုင်များက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ လမ်းတစ်လျှောက်စစ်ဆေးစဉ် မြန်မာနိုင်ငံသားနှစ်ဦး ထီရောင်းချနေသည်ကို တွေ့ရသဖြင့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေမှုဖြင့် ဖမ်းဆီးခဲ့ဟုဆိုသည်။ ၎င်းတို့နှစ်ဦးနှင့်အတူ ဘတ် လေးသောင်းကျော်တန်ဖိုးရှိ ထီလက်မှတ် ၅၀၀ ကျော်ကိုလည်း သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသားနှစ်ဦးကလည်း ထီလက်မှတ်များကို အခြားသူထံမှ ယူ၍ ရောင်းချခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံထားသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှစ်ဦးကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန် ချွန်ဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး အလုပ်ရှင်နှင့် ဆက်စပ်နေသူများကို ရှာဖွေဖော်ထုတ်၍ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းတွင် […]

ချင်းမိုင်လေဆိပ်တွင် ကော်သူးလေမှတ်ပုံတင် ၁၀၀၀ ကျော် သိမ်းဆည်းခံရ

Dawei Watch

June 16, 2026

အကောက်ခွန်ဌာနသို့ တရားဝင် အကြောင်းကြား ကြေညာခြင်းမရှိဘဲ မှောင်ခိုတင်သွင်းလာသဖြင့် အရေးယူသိမ်းဆည်းခဲ့ခြင်းဟုဆိုသည်။

ဝယ်လက်မရှိသဖြင့် ထားဝယ်ဒေသထွက် နာနတ်သီး ဈေးကျ

Dawei Watch

June 16, 2026

နာနတ်သီး အလုံး ၁၀၀ ကို ကျပ်ငါးသောင်းခန့်သာ ရသဖြင့် ခြံသွားသည့် ဆိုက်ကယ်ဆီဖိုးပင် ပြန်မရသည့်အတွက် အချို့ခြံရှင်များမှာ မခူးဘဲပစ်ထားလိုက်ကြဟုဆိုသည်။

ထားဝယ်မြို့လယ်ရှိ ရှေးဟောင်း အထက(၁) ကျောင်းဆောင် မျက်နှာကြက်ပြိုကျ

Dawei Watch

June 16, 2026

နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း သစ်သားနှစ်ထပ်ကျောင်းဆောင်၏ အောက်ထပ်မျက်နှာကြက် ပြိုကျခဲ့ခြင်းဖြစ်ပြီး ကလေးနှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

ထိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများထဲ တရားမဝင်လုပ်ကိုင်နေသော မြန်မာ ၅၀ကျော် ဖမ်းဆီးခံရ

Dawei Watch

June 16, 2026

ထိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို အဆင့်သုံးဆင့်ဖြင့် စစ်ဆေး ဖမ်းဆီးအရေးယူမှုများ အရှိန်မြှင့်လုပ်ဆောင်နေသည်။

တနင်္သာရီ မော်တုန်းရွာကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့် နှစ်ရက်ဆက်ဗုံးချ

Dawei Watch

June 16, 2026

ယနေ့တွင်လည်း စစ်အာဏာရှင်တပ်က ဒရုန်းတစ်စီး မော်တုန်းရွာသို့ လာရောက် ကင်းထောက်ပျံဝဲကြောင်း ဆိုသည်။