ကျိုက္ခမီတွင် ရေလုပ်သားနှင့် ဒေသခံ ၃၀ ထက်မနည်း ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်
Dawei Watch
May 5, 2026မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားနှင့် ဒေသခံအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကူးစက် ဖြစ်ပွားနေကြောင်း ဒေသခံနှင့် ဒေသတွင်းရှိ ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။ ကျိုက္ခမီမြို့တွင် ဧပြီလကုန်ပိုင်းကစပြီး ရေလုပ်သားအချို့ ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ကူးစက်ဖြစ်ပွားသူ ၃၀ ဦးထက်မနည်း ရှိကြောင်း ၎င်းတို့က ပြောသည်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူအများစုကို ကျိုက္ခမီပြည်သူ့ဆေးရုံတွင် စောင့်ကြည့် ဆေးကုသနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနထံမှ သိရသည်။ ယင်းအပြင် ရောဂါပြင်းထန်သည့် လူနာအချို့ကိုမူ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း အဆိုပါဌာနထံမှ သိရသည်။ “ရေလုပ်သားတွေကနေ စဖြစ်တာ။ ဖြစ်တဲ့လူတွေကိုရော၊ ပြီးတော့ သူတို့မိသားစု နီးစပ်တဲ့လူတွေကို စောင့်ကြည့်ထားတဲ့ အခြေအနေဖြစ်တယ်။ ပိုပြီး မကူးသွားအောင်ပေါ့လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသည့် […]


