ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် ဖမ်းဆီးခံရသော နိုင်ငံခြားသားများကို ချက်ချင်းပြန်ပို့ရန် ဥပဒေပြင်ဆင်မည်

Dawei Watch

June 19, 2026

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာနိုင်ငံသို့ ချက်ချင်းပြန်ပို့နိုင်ရန် ဥပဒေပြင်ဆင်ရေးဆွဲမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် Pakorn Nilprapunt က ယနေ့တွင် ပြောသည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ အွန်လိုင်းငွေလိမ်မှု၊ အမည်ခံစီးပွားရေးလုပ်ငန်းများ၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ စသော နိုင်ငံခြားသားများ ကျူးလွန်နေသော ရာဇဝတ်မှုများကို ဖြိုခွင်းနှိမ်နှင်းရေးနှင့် ပတ်သက်၍ ယနေ့ ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေးတွင် ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ဥပဒေပြင်ဆင်ရေးဆွဲရန် ညွှန်ကြားခဲ့ကြောင်း ၎င်းက ဆိုသည်။ လက်ရှိ ဥပဒေအရ နိုင်ငံခြားသားများကို ဖမ်းဆီးနောက် ဥပဒေအရ အရေးယူပြီးပါကလည်း နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်များမှာ ကြန့်ကြာနေသေးကြောင်း ဒုဝန်ကြီးချုပ်က ပြောဆိုသည်။ နိုင်ငံခြားသားများသည် နေရပ်ပြန်ရန်အတွက် ၎င်းတို့ကိုယ်တိုင် ကုန်ကျစရိတ်များကို ကျခံနေရကာ လက်ရှိတွင် မတတ်နိုင်ကြသဖြင့် နှောင့်နှေးမှုများရှိနေဆဲဖြစ်ကြောင်း ၎င်းက […]

စစ်အာဏာရှင်တပ်က စစ်ကြောင်းထပ်ထိုးလာသဖြင့် တိုက်ပွဲထပ်ဖြစ်

Dawei Watch

June 19, 2026

ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ရွာသို့ စစ်အာဏာရှင်တပ်သားများ ဒုတိယအကြိမ် စစ်ကြောင်းထပ်ထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇွန်လ ၈ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများသည် ချောင်းမွန်ကျေးရွာအနီး (ဒေသအခေါ် R-0) သို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်‌ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၄)၊ တပ်ရင်း (၂၀၃)၊ တပ်ခွဲ (၄) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဇွန်လ ၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများသည် ချောင်းမွန်ကျေးရွာအနီး (ဒေသအခေါ် R-0) သို့ စစ်ကြောင်းထိုးလာပြီး တော်လှန်‌‌ရေးတပ်များနှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကာ အထိနာ၍ ပြန်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ပြန်ဆုတ်သွားသည့် စစ်ကြောင်းသည် ၁၈ ရက်နေ့တွင် အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းထပ်ထိုးလာသဖြင့် ချောင်းမွန်ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း […]

ထားဝယ်တွင် ယာဉ်တိုက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး

Dawei Watch

June 19, 2026

ထားဝယ်တွင် ယာဉ်တိုက်မှုကြောင့် အသက် ၂နှစ်ကျော်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး သေဆုံးကြောင်း မြို့ခံအချို့က ပြောသည်။ ဝဲကျွန်းရပ်ကွက်၊ သမီးတော်သောက်ရေသန့်စက်ရုံအနီး၌ ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် သားအဖနှစ်ဦး စီးလာသည့် ဆိုင်ကယ်နှင့် အိုးဝေသုံးဘီးတို့ မျက်နှာချင်းဆိုင် တိုက်မိကြောင်း ကူညီဆောင်ရွက်ပေးသူ အမျိုးသားတစ်ဦးက ပြောသည်။ “သူအဖေကတော့ ခြေထောက် ကျိုးသွားတယ်။ ကလေးက သုံးဘီမော်တော်ယာဉ်အောက်ရောက်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ကလေးငယ်တွင် နံရိုးကျိုးကာ အဆုတ်ကို ထိခိုက်ပြီး သေဆုံးကြောင်း အထက်ပါအမျိုးသားက ဆိုသည်။ သေဆုံးသည့် ကလေးငယ်၏ မိသားစုသည် ထားဝယ်မြို့သစ် ၅ လမ်းတွင် နေထိုင်နေကြသူများဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၁၁ ရက်ကလည်း ထားဝယ်မြို့၊ မြိုသစ် ၆လမ်းပေါ်တွင် မြေတင်ကားနှင့် ဆိုင်ကယ် […]

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဘန်ကောက်က မြန်မာသံရုံးရှေ့ နှင်းဆီပန်းဝေသော မြန်မာအချို့ကို ရဲတပ်ဖွဲ့ ခေါ်စစ်

Dawei Watch

June 19, 2026

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် နှင်းဆီပန်း ဝေနေသော မြန်မာနိုင်ငံသားအချို့ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်လိုက်ကြောင်း ကိုယ်တိုင်စစ်ဆေးခံရသည့် ကာယကံရှင်တစ်ဦးက ပြောသည်။ ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရအနေဖြင့် မြန်မာနိုင်ငံသားများက လမ်းသွားလမ်းလာများအား နှင်းဆီပန်း ဝေခဲ့ကြောင်း ၎င်းဆိုသည်။ မြန်မာနိုင်ငံသားများ နှင်းဆီပန်းဝေနေစဉ် ကြိုတင်ရောက်ရှိနေသော ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ ခေါ်ယူခဲ့ကြောင်း ပြောဆိုသည်။ စစ်ဆေးမေးမြန်းပြီးနောက် သုံးနာရီခန့်အကြာတွင် မြန်မာနိုင်ငံသားများကို ပြန်လွှတ်လိုက်ကြောင်း ကိုယ်တိုင်စစ်ဆေးခံရသော ကိုဇေက ပြောသည်။ “ကျွန်တော်တို့က နှင်းဆီပန်းဝေဖို့ သွားတာပါ။ အဲဒါ ရဲတွေကတော့ ကြိုရောက်နေတာပေါ့နော်။ ကျွန်တော်တို့ ဝေနေတုန်း စစ်ဆေးမေးမြန်းဖို့ဆိုပြီး […]

ကျိုက်ထိုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လေးဦးထက်မနည်း သေဆုံး

Dawei Watch

June 19, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းစောင့်ရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် အရပ်သား လေးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။ ယမန်နေ့ ဇွန်လ ၁၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချောင်းစောင့်ကျေးရွာထဲကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ရွာထဲရှိ စျေးဆိုင်တစ်ဆိုင်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲရာတွင် စျေးဆိုင်ပိုင်ရှင် ဇနီးမောင်နှံအပြင် စျေးဝယ်သူအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့လည်း သေဆုံး၊ ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။ လေကြောင်းတိုက်ခိုက်ချိန် အဆိုပါဈေးဆိုင်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ခေတ္တရောက်ရှိနေချိန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း အဲဒီဆိုင်မှာ ရောက်ရှိနေတယ်။ အဲဒီချိန်မှာ ဗုံးလာကြဲချသွားတယ်။ ဆိုင်ရှင်လည်း ထိတယ်။ ဈေးလာဝယ်တဲ့လူတွေလည်း […]

သမိုင်းကြောင်းတိုက်ဆိုင်မှု ၅ ခုနဲ့ ပေါ်တူဂီ

Dawei Watch

June 19, 2026

ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ ပေါ်တူဂီက ဒီအာရ်ကွန်ဂိုနဲ့ တစ်ဂိုးစီ သရေဖြစ်သွားခဲ့ပါတယ်။ ဒီတော့ စီရော်နယ်ဒိုနဲ့ သူ့ရဲ့ပေါ်တူဂီတော့ အိမ်ပြန်ဖို့ အထုပ်ပြင်ထားလိုက်သင့်ပြီဆိုတဲ့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတော့တယ်။ တကယ်တော့ ပေါ်တူဂီ သာ အိမ်ပြန်စောသွားခဲ့ရင် နာမည်ကြီး နက္ခတ်ဗေဒပညာရှင်ကြီးလည်း အရှက်ကွဲရမှာပါ။ သူက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီ ချန်ပီယံဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ထားတာ ဖြစ်ပါတယ်။ ဒီတော့ ပေါ်တူဂီသာ တစ်ကွက်မှားရင် “မင်းဝင်ရင် အကုန်ဝင်သွားမှာ”ဆိုတဲ့အကွက်တွေ မီးခိုးကြွက်လျှောက် ဖြစ်လာတော့မှာပါပဲ။ ဒီနေရာမှာ ထူးခြားတဲ့တိုက်ဆိုင်မှုကြီးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ယူရို ၂၀၁၆ ပြိုင်ပွဲကြီးတုန်းကလည်း ပေါ်တူဂီဟာ အုပ်စုအဖွင့်ပွဲကို အိုက်စလန်နဲ့ တစ်ဂိုးစီ သရေကျပြီး ဝေဖန်ခံခဲ့ရတာပါပဲ။ အဲ့ဒီတုန်းကလည်း ပေါ်တူဂီနဲ့ စီရော်နယ်ဒိုတော့ ပြုတ်စော်နံသွားပြီ ခေါင်းစဉ်မျိုးနဲ့ မီဒီယာတွေက ရေးခဲ့သေးတာပါ။ […]

ရေဖြူ ကံပေါက်တိုက်နယ်က စစ်ဘေးရှောင်အချို့ နေရပ်ပြန်

Dawei Watch

June 19, 2026

စစ်အာဏာရှင်တပ်သည် ဇာဒီရွာတွင် ရွာသားများ စစ်ဘေးရှောင်နေရသည့် ကာလတစ်လျှောက်လုံး၌ နေအိမ်များ မီးရှို့ခြင်း၊ ကျေးရွာချင်းဆက် လမ်းပိုင်းများကို မြေတူးစက်ဖြင့် တူးဖော်ဖျက်ဆီးခြင်း၊ လျှပ်စစ်မီး ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့သည်။

အီရန်နှင့် ဆွေးနွေးမည့် ခရီးစဉ် ကန်ဒုသမ္မတ ဖျက်သိမ်း

Dawei Watch

June 19, 2026

စစ်ပွဲအဆုံးသတ်ရေး အချက် ၁၄ ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲအတွက် ဆွစ်ဇာလန်နိုင်ငံတွင် အီရန်တာဝန်ရှိသူများနှင့် တွေ့ဆုံမည့် ခရီးစဉ်ကို အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဖျက်သိမ်းလိုက်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။ အမေရိကန် – အီရန် သဘောတူညီချက်အတွက် တရားဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့တွင် နှစ်နိုင်ငံသမ္မတများ လက်မှတ်ရေးထိုးပြီးဖြစ်၍ တရားဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနား မလိုအပ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ နောက်ထပ်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မစတင်မီ အမေရိကန်အနေဖြင့် ယာယီသဘောတူညီချက်ကို အကောင်အထည်ဖော်သည့် လက္ခဏာများ ဖော်ပြရန် အီရန်ဘက်က လိုလားကြောင်း အီရန်မီဒီယာTasnim သတင်းတွင် ဖော်ပြသည်။ အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် အီရန်ကိုယ်စားလှယ်အဖွဲ့ ဆွစ်ဇာလန်နိုင်ငံ ၊ ဂျီနီဗာမြို့သို့ သွားရောက်ရန် […]