ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

ရိုဟင်ဂျာ ငါးထောင်ကျော်ကို မြန်မာဘက်က ပြန်လက်ခံမည်ဟု မလေးရှားဝန်ကြီးချုပ်ပြော

Dawei Watch

July 30, 2026

မလေးရှားနိုင်ငံတွင် ခိုလှုံနေသော ရိုဟင်ဂျာ ငါးထောင်ကျော်ကို မြန်မာနိုင်ငံဘက်က လက်ခံရန် သဘောတူထားပြီး ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က‌ ပြောသည်။ မလေးရှားဝန်ကြီးချုပ်သည် ဇူလိုင်လ ၂၉ ရက်က နာဂရီဆမ်ဘီလန်ပြည်နယ်ရှိ လူထုတွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ မလေးရှားနှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်နေရန် အရေးကြီးပြီး မလေးရှားရှိ ရိုဟင်ဂျာ ငါးထောင်ကျော်ကို ပြန်လက်ခံရန် မြန်မာဘက်က သဘောတူထားကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ သုံးသိန်းကိုလည်း ပြန်လက်ခံရန် မြန်မာဘက်က သဘောတူထားကြောင်း မလေးရှားဝန်ကြီးချုပ်က ဆိုသည်။ ယခင်က ရိုဟင်ဂျာများကို မြန်မာနိုင်ငံဘက်က လက်မခံသဖြင့် နေရပ်ပြန်ပို့ရန် ခက်ခဲခဲ့ကြောင်း ၎င်းက ပြောသည်။ သို့သော်လည်း ရိုဟင်ဂျာ ငါးထောင်ကျော်ကို ပြန်ပို့မည့်အချိန်နှင့် […]

ပုလောရှိ ပြည်ထောင်စုလမ်းပိုင်းကို စစ်အာဏာရှင်တပ် ပြန်ထိန်းချုပ်

Dawei Watch

July 28, 2026

ပုလော-မြိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ ဇရပ်ဆိပ်၊ မင်းပြင်၊ ဘိုင်းပြင်ရွာနှင့် မိန်းမမြို့တို့ကို စစ်အာဏာရှင်တပ်က တိုက်ခိုက်ထိန်းချုပ်ထားသည်။

ထားဝယ် SEZ တွင် စစ်အာဏာရှင်တပ် နေအိမ် နှစ်ဆောင်နှင့် ဆေးပေးခန်းတစ်ခုကို မီးထပ်ရှို့

Dawei Watch

July 28, 2026

ဇူလိုင်လ ၉ ရက်က ဧကနိကျေးရွာသို့ ပထမအကြိမ်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့စဉ် ကလည်း နေအိမ် ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မွန်တွင် မှောင်ခိုစျေးကွက်၌ စက်သုံးဆီတစ်လီတာ ကျပ်တစ်သောင်းကျော်အထိ ပေးဝယ်ရ

Dawei Watch

July 28, 2026

စက်သုံးဆီပြဿနာကို ထိရောက်သည့်နည်းဖြင့် မဖြေရှင်း ဘဲ စက်သုံးဆီအရောင်းဆိုင်များကို လိုက်ပိတ်နေခြင်းသည် သုံးစွဲသူများအတွက် ပိုပြီး အခက်အခဲဖြစ်စေကြောင်း ၎င်းတို့က ပြောဆိုသည်။

ထားဝယ်မြို့ပေါ်တွင် လူသတ်မှုထပ်ဖြစ်

Dawei Watch

July 28, 2026

ထားဝယ်မြို့ပေါ်တွင် ယခုနှစ် ဧပြီလကစပြီး ဇူလိုင်လအထိ လူသတ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းမှာ တရားဥပဒေစိုးမိုးမှု မရှိသည့် အခြေအနေတစ်ရပ်ဖြစ်ပြီး အများပြည်သူ လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေပင်ဖြစ်ကြောင်း မြို့ခံအချို့က ပြောကြားသည်။

စစ်အာဏာရှင်တပ် လှည့်ကင်းပစ်ခတ်သဖြင့် ဇရပ်ဆိပ်ရွာခံ အမျိုသားတစ်ဦးသေဆုံး

Dawei Watch

July 27, 2026

ရွာသို့ပြန်ပြီး စားနပ်ရိက္ခာသွားယူစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်အုပ်စုက ကော့သောင်း-ရနောင်း နယ်စပ်တွင် စစ်ဆေးမှု ပိုတင်းကျပ်လာ

Dawei Watch

July 27, 2026

“CDM ဝန်ထမ်းတွေဖြစ်နေရင် စာအုပ်မလုပ်ပေးဘူး။ မိန်းကလေးဆို အိမ်ပြန်လွှတ်တယ်။ ယောက်ျားလေးဆို ဖမ်းပြီး စစ်မှုထမ်းဖို့ခေါ်သွားတယ်”

ပုလောမြို့မရဲစခန်းအနီး အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီးသေဆုံး

Dawei Watch

July 27, 2026

ပလုံကောက်ရန်သွားစဥ် ပုလောမြို့အဝင် တောင်ယာကမ်းကျေးရွာရှိ မြို့မရဲစခန်းအနီး လမ်းဆုံတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။