ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

ခရီးသည်နည်းသဖြင့် ကားပြေးဆွဲသူများ အခက်ကြုံ

Dawei Watch

August 11, 2026

စစ်အာဏာရှင်တပ်က အဓမ္မစစ်မှုထမ်းစုဆောင်းတာ၊ စစ်ဆေးဖမ်းဆီးတာ၊ ငွေညှစ်တာ၊ တိုက်ပွဲကြောင့် လမ်းပိတ်တာ စတဲ့ လမ်းခရီး မလုံခြုံမှုတွေ ရင်ဆိုင်နေရပါတယ်။

တနင်္သာရီ အမျိုးသမီး နိုင်ငံရေးမဟာမိတ် (TWPA) ဖွဲ့စည်း

Dawei Watch

August 11, 2026

တနင်္သာရီတိုင်းထဲက ဒေသခံအမျိုးသမီးတွေ၊ လက်နက်ကိုင်တပ်ဖွဲ့၊ အရပ်ဘက်အဖွဲ့၊ နိုင်ငံရေးအင်အားစုတွေက အမျိုးသမီးတွေနဲ့ စုစည်းထားတာလို့ဆိုပါတယ်။

အိန္ဒိယသံအမတ် တနင်္သာရီတိုင်းသို့ သုံးကြိမ်မြောက် လာရောက်

Dawei Watch

August 11, 2026

အိန္ဒိယနိုင်ငံမှ တနင်္သာရီတိုင်း၊ ထို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ရေလမ်းခရီးစဉ်ကို အိန္ဒိယနိုင်ငံဘက်က စိတ်ဝင်စားမှုမြင့်တက်နေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိန်းသိမ်းခံရသူများ အမြန်ဆုံး ပြန်လွှတ်ပေးရန် အာဆီယံတောင်းဆို

Dawei Watch

August 7, 2026

စစ်အာဏာရှင်၏ အဓမ္မဖမ်းဆီးခြင်းခံရသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌက ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။ အာဆီယံ ဘုံသဘောတူညီချက်အရ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာအဖွဲ့အားလုံးနှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိစေရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။ ဩဂုတ်လ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Arnaud de Baecque နှင့် တွေ့ဆုံခွင့်ပေးသည့်အပေါ် အာဆီယံအနေဖြင့် ကြိုဆိုကြောင်း‌လည်း ဖော်ပြသည်။ ယင်းတွေ့ဆုံမှုက မြန်မာနိုင်ငံရှိ အားလုံ ပါဝင်သည့် နိုင်ငံတော်အဆင့် ဆွေးနွေးမှုနှင့် ပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘောဆောင်သည့် ခြေလှမ်းဖြစ်ကြောင်း ဖော်ပြသည်။ […]

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ် ထိုင်းအရပ်ဘက်အဖွဲ့ ၁၆ ဖွဲ့ ကန့်ကွက်

Dawei Watch

August 6, 2026

မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ယနေ့ လာရောက်သည့် ထိုင်းခရီးစဉ်ကို ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ ဖိတ်ကြားမှုအရ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာသည်။ မြန်မာနိုင်ငံရှိ သတ္တု လုပ်ငန်းများကြောင့် ထိုင်းတွင် မြစ်ရေ ညစ်ညမ်းမှု၊ နယ်စပ်လုံခြုံရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ပြောကြားထားသည်။ အထူးသဖြင့် နယ်စပ်တိုက်ပွဲများ၊ အွန်လိုင်းကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ‌မှောင်ခိုပို့ဆောင်မှုများနှင့် နယ်စပ် ကုန်သွယ်ရေးကိစ္စကို ပိုအလေးထား ဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ ၅ ရက်တွင် ပြောသည်။ ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်နှင့် ပတ်သက်၍ Solidarity Collective […]

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မြန်မာကိုယ်စားလှယ်တို့ တွေ့ဆုံဟု စစ်အုပ်စုထုတ်ပြန်

Dawei Watch

August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေ ကိုယ်စားလှယ် Mr. Arnaude de Baqque က ယနေ့ သြဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံကြောင်း စစ်အုပ်စုဘက်က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်လာသည်။ စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် စစ်အစိုးရ သမ္မတရုံး သတင်းနှင့် ပြန်ကြာရေး ဗျူရို (PPIB) တို့၏ တယ်လီဂရမ်ချန်များက တစ်ပြိုင်တည်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်တို့ တွေ့ဆုံနေသည့် ဓာတ်ပုံ နှစ်ပုံနှင့် မွေးနေ့ကိတ်ခွဲနေသည့် ဓာတ်ပုံ နှစ်ပုံ စုစုပေါင်း ဓာတ်ပုံလေးပုံဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ ICRC မြန်မာနိုင်ငံဆိုင်ရာဌာ‌နေ ကိုယ်စားလှယ်လာရောက်တွေ့ဆုံခြင်း ပတ်သက်၍ ICRC ဘက်ကမူ […]

ဘီးလင်းတွင် စစ်ကြောင်းက ဖမ်းသွားသည့် အရပ်သားနှစ်ဦး သတင်းအစအနမရ

Dawei Watch

July 31, 2026

စစ်ကြောင်း ရွာထဲဝင်ချိန် ဆိုင်နဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေယူသွားသလို နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဓမ္မယူသွားသည့် ထော်လာဂျီတိမ်းမှောက်ပြီး စစ်အာဏာရှင်တပ်သားတစ်ဦး သေဆုံး

Dawei Watch

July 31, 2026

လောင်းလုံးမြို့နယ်ထဲက ရွာတချို့ကို စစ်ကြောင်းထိုးတဲ့ စစ်အာဏာရှင်တပ်ဟာ ဒေသခံတွေ ပိုင်ဆိုင်တဲ့ ထော်လာဂျီ သုံးစီးကို အဓမ္မယူဆောင်သွားတယ်လို့ ဆိုပါတယ်။