ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရသ

ကျွန်တော်နှင့် မြို့ကလေး

Dawei Watch

June 6, 2026

လူတို့၏ စိတ်သဘောသည် လုပ်စရာဟူ၍မယ်မယ်ရရမရှိဘဲ ငြိမ်သက်အားလပ်နေသည့်အခါ အတိတ်ကိုပြန်တွေးခြင်း၊ အနာဂတ်အတွက် စိုးရိမ်ပူပန်ခြင်းနှင့် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းများကို လှုံဆော်သော ဦးနှောက်၏ Default Mode Network (DMN) ဟုခေါ်သော အစိတ်အပိုင်းတစ်ခုသည် အလိုအလျောက် အလုပ်လုပ်လာပြီး ကိုယ့်အနာကိုယ် လျှာနှင့်သပ်သလို တသသေ ဆွေးနေတတ်ကြသည်ဟု အာရုံကြောသိပ္ပံပညာရှင်များက ဆိုကြသည်။ အခုရက်ပိုင်းများတွင် ကျွန်တော့်စိတ်လည်း သည်လိုပင်။ စိတ်သည် အိပ်တန်းမပြန်တတ်တော့သော ငှက်တစ်ကောင်လိုမျိုး ဖြစ်နေသည်။ ကိုယ်နှင့်မရင်းနှီးသော မြို့ကြီးတစ်မြို့၏ အလင်းရောင်များကြားတွင် ထိုင်နေရင်းနှင့် ဟိုး ယူဇနာပေါင်းများစွာခြားနေသော အဝေးက နယ်မြို့လေးတစ်မြို့ကို မကြာခဏ သတိရနေမိသည်။ အချို့သောညများတွင် ကျွန်တော်သည် ကိုယ်မပြန်နိုင်တော့မှန်းသိသော နေရာများ၊ လူများဆီသို့ ထုံပေပေနိုင်စွာဖြင့် စိတ်ကူးများမှတစ်ဆင့် ခဏခဏပြန်သွားနေမိတတ်သည်။ ထိုနေရာတွင်ပင် မသွားဖြစ်ခဲ့သော နေရာများ၊ သွားချင်နေခဲ့သော နေရာဟောင်းများ၊ […]

အနာဂတ်တွေရဲ့ အနာ

Dawei Watch

June 4, 2026

အဖြူ အစိမ်းဝတ်ကလေးလေးတွေ၊ လူငယ်လေးတွေ ကျောင်းစအပ်နေကြတဲ့နေ့က အမေကြီးတစ်ယောက် ရေးကြီးသုတ်ပျာနဲ့ စကားတွေဖတ်ဖတ်မော ပြောနေလေရဲ့။ ရောဂါသည် မိဘတွေကို လုပ်ကျွေးနေရ၊ နောက်ပြီး အသက် ၂၀ အရွယ် သားတစ်ယောက်ရှိပြီး ထားစရာနေရာမရှိဖြစ်နေတဲ့ အမေကြီးရဲ့ ဒုက္ခ။ ကျောင်းကမထားချင်ပေမဲ့ အသက်ကစကားပြောလာပြီး အဆွဲခံရမှာစိုးလို့ ထားရတော့မယ်တဲ့။ ဒီပုံစံအတိုင်းဆို ဒီနှစ်ကျောင်းတက်နှုန်းတွေ ပြန်မြင့်တက်နိုင်ရဲ့။ သေချာစုံစမ်းကြည့်တော့ သတ်မှတ်ထားတဲ့ အသက်ကန့်သတ်ချက်ကြောင့် မရနိုင်တော့ပါဘူးတဲ့။ အခုချိန်နေရာဒေသ အသီးသီးမှာ မတူညီတဲ့ ဒုက္ခတွေ ပုံစံမျိုးစုံနဲ့ ရှိနေကြတာ ဆန်းတော့မဆန်းပေမဲ့ တကယ်လက်‌တွေ့ကြုံနေရတဲ့ အခိုက်အတန့်လေးတွေကတော့ ပြောမပြနိုင်လောက်အောင်ပါပဲဗျာ။ ကျောင်းတံခါးတွေ ဖွင့်နေရဲ့။ ထောင်တံခါးတွေလည်း ပိတ်နေရဲ့။ အထဲမှာ လူတွေအများကြီးနဲ့။ မြို့ပေါ်က လမ်းတွေမှာလည်း တံခါးမရှိ၊ ဓါးမရှိလှည့်လည်နေသူတွေရှိရဲ့။ အေ အီး အာရ် အို ပီ […]

ဖူး၏များ

Dawei Watch

May 30, 2026

စာငတ်ခဲ့တဲ့နေ့တွေ ရှိဖူး၏။ စာအုပ်တွေလက်‌ဆောင်ရလို့ ပျော်ဖူး၏။ စာအုပ်တွေ‌ပေးရလို့ ပိုပျော်ဖူး၏။ ထားစရာနေရာမရှိလို့ စာအုပ်ပုံကို ခေါင်းအုံးလုပ်အိပ်ဖူး၏။ ဖက်လုံးလုပ်အိပ်ဖူး၏။ အပြင်မှာကျန်ခဲ့တဲ့စာအုပ်တွေအကြောင်း အိပ်မက်မက်ရင်း ခဏခဏ လန့်နိုးဖူး၏။ စာအုပ်ကြားက စာမှတ်ကတ်လေးတစ်ခုကြောင့် အချစ်ဆုံးသူငယ်ချင်းနဲ့ စကားများဖူး၏။ ကိုယ်ကြိုက်တဲ့စာရေးဆရာမရဲ့ ပုံလေးတွေ စာအုပ်ထဲမှာတွေ့တော့ အပျော်လွန်ပြီး အော်ဟစ်ခုန်ပေါက်ပြေးလွှားဖူး၏။ ရှာဖွေရေးကြောင့် ဖတ်လက်စ စာအုပ်တွေဝှက်ထားဖူး၏။ ကိုယ့်ဆီလာတဲ့ စာအုပ်တွေ လမ်းတစ်ဝက်ကနေ လှည့်ပြန်သွားတယ်ကြားတော့ နင့်နေအောင် ခံစားရဖူး၏။ အကျဉ်းထဲမှာ ပိုကျပ်စေတဲ့ စာအုပ်‌ထုပ်ကြီးကြောင့် ရုံးတက်ဖြေရှင်းရဖူး၏။ စာအုပ်တွေ မဝယ်နိုင်လို့ တိတ်တိတ်ကလေး ဝမ်းနည်းဖူး၏။ ဝယ်ဖတ်ဖို့ အရည်အချင်းမရှိပေမဲ့ စာအုပ်ဈေးတွေမေးကြည့်ဖူး၏။ လေးတဲ့စာအုပ်တွေဖတ်ရင် ထိခိုက်မယ်ဆိုလို့ စာအုပ်တွေရဲ့ ခပ်ဝေးဝေးကနေ လက်ပိုက်ပြီးကြည့်နေဖူး၏။သူများဆီက စာအုပ်တွေ ငှါးဖတ်ဖူး၏။ကိုယ့်မှာရှိတဲ့ စာအုပ်တွေ ပေးဖတ်ဖူး၏။ စဉ်းစားတွေးခေါ်ပြီးဖတ်သလို စာအုပ်တွေရဲ့လွှမ်းမိုးမှုကို ကျေကျေနပ်နပ်ကြီးခံဖူး၏။ […]

မန်ယူ၊ အာဆင်နယ်၊ သီးဆုစ်၏ သင်္ဘောနှင့် ဦးပိန်တံတား – အမှတ်သညာထောင်ချောက်

Dawei Watch

May 30, 2026

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက အညာမှာ ဖြစ်ခဲ့တယ်။ NLD ထောက်ခံသူတစ်ယောက်ကို USDP ထောက်ခံသူတွေက ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်လိုက်ကြတယ်။ တစ်နေ့ကလည်း အာဖရိက ယူဂန္ဓာမှာ ဖြစ်သွားခဲ့တယ်။ အောင်ပွဲခံနေတဲ့ အာဆင်နယ်ပရိသတ်တစ်ယောက်ကို မန်ယူပရိသတ်တစ်ယောက်က သတ်လိုက်တယ်ဆိုတဲ့ သတင်း။ အပေါ်ယံကြည့်ရင် ဒီဖြစ်ရပ်နှစ်ခုဟာ ဘာမှမဆိုင်သလို ထင်ရပါတယ်။ တစ်ခုက နိုင်ငံရေး၊ တစ်ခုက ဘောလုံး။ ဒါပေမဲ့ အခြေခံအကြောင်းတရားကတော့ အတူတူပါပဲ။ လူသားတွေဟာ ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်ကူးယဉ်ထောင်ချောက်ထဲကို ကိုယ်တိုင်ပြန်ကျသွားကြတာပါ။ ရင့်ကျက်တဲ့အမြင်အကြောင်း မသွားခင် ကျွန်တော် ကလေးဘဝကို ပြန်အမှတ်ရမိပါတယ်။ ကျွန်တော့်စက်ဘီးဟာ မကြာမကြာပဲ ပျက်တတ်တော့ ပြင်ဆိုင်ကို ခဏခဏသွားခဲ့ရပါတယ်။ ဟိုပစ္စည်းလေး အသစ်လဲလိုက်၊ ဒီဟာလေး အသစ်ထည့်လိုက်နဲ့ ကြာလာတော့ မူလစက်ဘီးမှာ ပါခဲ့တဲ့အရာတွေက ကိုယ်ထည်တို့၊ ဘီးခွေတို့လို ကြီးမားတဲ့အစိတ်အပိုင်းတွေလောက်ပဲ […]

ငါးရံ့ဟင်းတစ်ခွက်၏ဒိုင်ယာရီ

Dawei Watch

May 30, 2026

စစ်ကြောရေးမှအပြန် အပိုင်း (၁) “ထိုင်ချ” ဆိုတဲ့အသံနဲ့အတူ ပုခုံးနှစ်ဖက်ကို တစ်ဖက်တစ်ချက်က ဖိချတာကိုခံလိုက်ရတယ်။ ဂျင်းဘောင်းဘီရှည်၀တ်ထားပေမယ့် ခပ်ကြမ်းကြမ်းသံမံတလင်းပေါ်မှာ ထိုင်လိုက်ရမှန်း သတိထားမိနေတယ်။ “ခြေထောက်တွေဆန့်” ဆိုတဲ့အသံနဲ့အတူ ဘယ်ဘက် ညာဘက် ခြေချင်း၀တ်နှစ်ခုစလုံးကို ဆွဲယူတာခံလိုက်ရတယ်။ “တုံး” ခနဲအသံတစ်ခုအဆုံးမှာ ခြေထောက်နှစ်ဖက်စလုံး ထိပ်တုံးထဲ ရောက်နေပြီဆိုတာကို အာရုံမှာသိနေပြီ။ မဆီမဆိုင်ကာတွန်းဆွေမင်း(ဓနုဖြူ) ရဲ့ မြိုင်ရာဇာတွတ်ပီ ကာတွန်းထဲက သူကြီးဘစီရဲ့ထိပ်တုံးကြီးကို မြင်ယောင်မိလာသေးတယ်။ “မျက်နှာဖုံးကိုချွတ်ပေးလိုက်” သတ္တုသံစွက်နေတဲ့အမိန့်ပေးသံတစ်ခုအဆုံးမှာ နှာခေါင်းစည်း နှစ်ခုကိုထပ်၊ မျက်လုံးနှစ်လုံးကိုကွယ်ပြီး နားရွက်ဖျားတွေမှာချိတ်ထားတဲ့ လက်ဖြစ်မျက်နှာဖုံးကို တယောက်ယောက်က ဖြုတ်ပေးလိုက်တယ်။ လက်နှစ်ဖက်ကိုနောက်ပြန်ပစ်ခိုင်းပြီး လက်ထိတ်လိုခတ်ထားတဲ့ ဒစ်ပါတဲ့ရာဘာကွင်း လျှောကြိုးကို နောက်ဘက်ကတစ်ယောက်ယောက်က တစ်စုံတစ်ခု (ပလာယာထင်ပါတယ်) နဲ့ ညှပ်ဖြတ်လိုက်ပြီးတာနဲ့ သူ့ခါးမှာချိတ်ထားတဲ့လက်ထိတ်နဲ့ပြောင်းခတ်လိုက်တယ်။ မိနစ်ပိုင်းလေးအတွင်းမှာပဲ အခြေအနေကို သဘောပေါက်လိုက်ပါပြီ။ စစ်ကြောရေး။ ငါ စစ်ကြောရေး […]

အမာရွတ်တို့အထပ်ထပ်နှင့်

Dawei Watch

May 23, 2026

ခရီးတစ်ခုထွက်ပြီဆိုလျှင် ကျွန်တော့်အတွက် မရှိမဖြစ်အရေးကြီးဆုံးအရာသုံးခုမှာ အဝတ်အစားနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများပြီးလျှင် စာအုပ်ပင်ဖြစ်ပါသည်။ ခရီးသွားနေရသောကြောင့် စာဖတ်ပျက်ရသည်မဖြစ်ရရန် ခရီးသွားချိန်တိုင်း စာအုပ်ဆောင်ယူပြီးဖတ်မည်ဟူသော အလေ့အထကို တမင်တကာလုပ်ယူပြီး အလေ့အကျင့်ဖြစ်အောင်မွေးမြူထားသောကြောင့်ပင် ဖြစ်ပါသည်။ ခရီးအတိုအရှည်၊ ကြာချိန်အပေါ်မူတည်ပြီး မိမိဖတ်လိုသောစာအုပ်များအထဲမှ စာအုပ်အထူအပါးရွေးကာ ဆောင်ယူလေ့ရှိပါသည်။ ယခုလည်းမိုးဦးကာလ ခရီးစနေရပြီ။ ခရီးက သုံးလေးခုဆက်နေခြင်းပင်။ ဟိုဟိုသည်သည် သဝေထိုးရမည့်ကိစ္စများနှင့် ကြာမယ့်နေ့များကို ပြက္ခဒိန်ပေါ်တေးမှတ်ကြည့်သည့်အခါ အတော်အတန်ပင်ကြာမည့်ခရီးဖြစ်သည်ကို သတိပြုမိသည်။ သည်လိုနှင့် မကြာသေးမီ ကမှဝယ်ယူထားသည့် ဆရာလှစိုးဝေဘာသာပြန်ထားသော “ပထဝီမြေလွှာ၏ အကျဉ်းစံများ”ဟူသည့် မူရင်း Tim Marshall ရေးသားထားသော “Prisoners of Geography”ဆိုသည့်အတော်အတန်ထူသော စာအုပ်တစ်အုပ်ကို ထည့်ပြီး ခရီးစထွက်ပါသည်။ အဆိုပါစာအုပ်သည် နိုင်ငံတကာတွင်လည်း ရောင်းမလောက်အောင်ပင် ရောင်းအားအကောင်းဆုံး စာကောင်းပေလွှာတစ်အုပ်ဖြစ်သလို ဖတ်ရသည်မှာလည်း တစိမ့်စိမ့်တွေးကာ တငြိမ့်ငြိမ့်နှင့် အတွေးရေယဉ်ကြောတွင် ခရီးနှင်၍ကောင်းသော […]

ဆယ်ကျော်သက် ထိုင်းလူငယ်များကို ရိုက်နှက်သည်ဟုဆိုကာ မြန်မာလူငယ်အုပ်စုကို ရှာဖွေ

Dawei Watch

May 18, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားတွင် ဆယ်ကျော်သက် ထိုင်းနိုင်ငံသား လူငယ်များကို ရိုက်နှက်ခဲ့သည်ဟုဆိုကာ မြန်မာလူငယ်အဖွဲ့ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေစုံစမ်းနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ချွန်ဘူရီခရိုင် ဘန်းလမောင်းဒေသက လမ်းပေါ်တွင် အသက် ၁၅ နှစ်အရွယ် ထိုင်းလူငယ်သုံးဦးကို မြန်မာလူငယ် ၁၀ဦးခန့်ပါသည့် အုပ်စုက ရိုက်နှက်ခဲ့ကြောင်း ဖော်ပြသည်။ မေလ ၁၆ ရက်ညက ထိုင်းလူငယ်သုံးဦး ဆိုင်ကယ်စီးလာစဉ် မြန်မာလူငယ်အဖွဲ့က နောက်ကလိုက်လာပြီး ၎င်းတို့၏ ဆိုင်ကယ်ကို ရပ်ခိုင်းခဲ့ကြောင်း ထိုင်းလူငယ်က ရဲစခန်းတွင် ထွက်ဆိုသည်ဟု ဖော်ပြသည်။ မြန်မာလူငယ်အဖွဲ့က ၎င်းတို့ကို စိုက်ကြည့်သည်ဟုဆိုကာ ထိုင်းလူငယ်သုံးဦးအနက် တစ်ဦးကို ဆိုင်ကယ်ပေါ်မှ ဆွဲချပြီး ထိုးကြိတ်ကန်ကျောက်ကာ ရိုက်နှက်ခဲ့ကြောင်း ဆိုသည်။ ဆိုင်ကယ်ကိုလည်း ရိုက်ခဲ့ပြီး ဖိနပ်ကိုလည်း ဆွဲချွတ်လုယူကာ လူကို တံတွေးဖြင့် ထွေးခဲ့ပြီးနောက် […]

သစ်ပင်တွေ စကားပြန်ပြောနေကြပြီ

Dawei Watch

May 16, 2026

သစ်ပင်တွေဟာ မညာတတ်ကြပါဘူး။ နံရံတွေကသာ နားရှိတယ်ဆိုပြီး မကြား တတ်ကြတာပါ။ မကြားချင်ယောင်ဆောင်တတ်ကြတာပါ။ ကြားချင်တာကိုသာ ကြားတတ်ကြတာပါ။ ကြားရင်လည်း အမှန်အတိုင်း နားမဝင်ကြပါဘူး။ သစ်ပင်တွေက အဲဒီလို မဟုတ်ဘူး။ သစ်ပင်တွေဟာ ပညာမတတ်ပေမဲ့ ကြင်နာတတ်ကြပါတယ်။ ချစ်ခင်စရာ ကောင်းတဲ့ သစ်ပင်တွေပါ။ သစ်ပင်တွေ အခု စကားပြောနေကြပြီ။ ပြန်ပြောတဲ့သစ်ပင် တွေများလာကြပါပြီ။ သစ်ပင်တွေက စကားတွေပြန်ပြောကြတယ်ဆိုတာကို အပြစ်တစ်ခုလို မြင်ကြသူတွေကလည်း များသားပဲ။ ဒီလိုပါပဲ၊ သာမန်လူမပြောနဲ့ အချို့သော စိတ်ကုဆရာတွေတောင်မှ သစ်ပင်တွေကပြန်ပြောတဲ့စကားကို နားမထောင် ကြပါဘူး။ သစ်ပင်တွေပြန်ပြောတဲ့စကားကို ကြားတဲ့သူက သေချာဂရုတစိုက်နဲ့ တိတိကျ ကျ ပြန်ရှင်းပြရင်လည်း သူတို့က သူတို့ရဲ့ဘုတ်အုပ်တွေထဲ ကသတ်မှတ်ချက်အတိုင်းပဲ မှတ်ချက်ချကြတာပါ။ ပြောနေတဲ့သူကို ထောက်ခံသယောင်၊ နားလည်သယောင်၊ စာနာသယောင် ဟန်ဆောင်ပန်ဆောင်လုပ်ကြပါသေးတယ်။ သနားဖို့ ကောင်းပါတယ်။ […]