ပိုးစုန်းကြူးလေးတွေကို မြင်ရသေးလား..
Dawei Watch
September 27, 2025အခုစာကို စဖတ်နေတဲ့အချိန် မျက်လုံးလေးတစ်ချက်မှိတ်ကြည့်လိုက်ပါလား..။ ပိုးစုန်းကြူးလေးတွေကို ကျမတို့ ဘယ်အချိန်က နောက်ဆုံးမြင်ခဲ့လဲဆိုတာကို စက္ကန့်ပိုင်းလောက်စဥ်းစားကြည့်ရအောင်နော်။ ကျမကတော့ သည်နှစ်ထဲ ကံကောင်းစွာပဲ ပိုးစုန်းကြူးလေးနှစ်ကောင်မြင်ခဲ့လိုက်ရတယ်။ လျှပ်စစ်မီး လုံလုံလောက်လောက်ပေးထားနိုင်တဲ့ ကျမနေတဲ့မြို့လေးရဲ့ ရပ်ကွက်တစ်ခုမှာ အလင်းရောင်သိပ်မရောက်တဲ့ အိမ်တစ်အိမ်ရဲ့ နတ်စင်ငယ်လေးနားမှာပေါ့။ “မှိတ်တုတ်” “မှိတ်တုတ်” နဲ့ ယိမ်းထိုးပျံ၀ဲနေတဲ့ မီးအိမ်လေးနှစ်လုံး။ ဒါဟာ ဇာတိမြို့ရွာကနေ စွန့်ခွာလာတဲ့ ၅ နှစ်အတွင်း ပထမဆုံး ပြန်မြင်ရတဲ့ ပိုးစုန်းကြူးလေးတွေပါ။ ပြီးခဲ့တဲ့လတွေက ပိုးစုန်းကြူးတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ လူပြောများခဲ့တဲ့ အကြောင်းအရာတစ်ခုရှိခဲ့ပါတယ်။ အဲဒါကဘာလဲဆိုတော့ ကျမတို့မျိုးဆက်ဟာ ပိုးစုန်းကြူးတွေကိုမြင်ရတဲ့ နောက်ဆုံးမျိုးဆက်ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပါ။ သတင်းအချက်အလက်က ဘယ်လောက်အထိ တိကျလည်းဆိုတာပြောရခက်ပေမယ့် သည်သတင်းကြားတော့ ကျမလည်း အတော်ရှော့ခ်ရသွားပါတယ်။ ကျမတို့လို ငယ်ငယ်တုန်းက လျှပ်စစ်မီးမရခဲ့တဲ့ကျေးရွာလေးတွေမှာ ကြီးပြင်းခဲ့တဲ့လူတွေအတွက် ပိုးစုန်းကြူးဆိုတာ ညဘက်အဖော်တွေပါ။ သူတို့ဟာ […]


