ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရသ

ရာဇဝင်တွေသာ ဒီလောက်လှခဲ့ရင်

Dawei Watch

August 8, 2026

(၁) ရာဇဝင်တွေသာဒီလောက်လှခဲ့ရင်ကျောင်းသားတယောက် ကျောင်းပျက်ခဲ့မှာမဟုတ်ဘူး၊ခေတ်စနစ်ပျက်တွေရဲ့ ခါးသီးမှုဒဏ်ကိုရှိုက်ရင်းအချို့သောဒဏ်ရာတွေဟာသမိုင်းကပေးတဲ့ တာဝန်တွေဖြစ်လာတယ်။စစ်ပွဲတွေဟာ ငါတို့ရဲ့ အသက်တွေပေးဆပ်ရမှန်းသိခဲ့ရင်ငယ်ငယ်က ကျိုက်ထီးရိုးသေနတ်တလက်နဲ့ငါကစားမိခဲ့မှာမဟုတ်ဘူး၊သီတင်းကျွတ်တိုင်း ငါဗြောက်အိုးဖောက်မိမှာမဟုတ်ဘူး၊စစ်ပွဲတပွဲကို ပြီးမြောက်ချင်ရင်တဖက်ဖက်တော့ငါရပ်တည်ရမှာပဲ၊တရားသောစစ်အတွက် ဓမ္မပေါ်မှာရပ်တည်ရင်းငါချစ်တဲ့သူတွေနဲ့ ကွေကွင်းခဲ့ရတယ်။ (၂) နှုတ်ဆက်ခဲ့ရတဲ့ သက္ကရာဇ်အမြောက်အများကိုရွှေမိုး ငါ့ရဲ့သူငယ်ချင်းလေးမင်းကတော့ကဗျာဆရာဖြစ်လို့မဆုံဖြစ်တာ ဆယ်စုနှစ်တခုရှိတော့မယ်၊အေးစက်စက်မျက်နှာကို ပြုံးပြရင်းဟို…စဉ် ဒလကမ်းနားက ငယ်ဘဝကိုပြန်သတိရမိသား၊ပညာတွေ တသီတတန်းသင်ပြီးငါ့မြို့လေးအပေါ် တာဝန်မကျေမိတာခွင့်လွှတ်ပါကွာ၊ကြယ်တွေစုံတဲ့အခါတမိုးအောက်က ပုလင်းလေးနှစ်လုံးကိုသတိရမိတယ်။ (၃) မေမေချစ်တဲ့သားကြီး ခုတော့ထောင်ထဲမှာပေါ့ ဖေဖေတိတ်ဆိတ်တဲ့သစ်သီးတလုံးလို တွေးခေါ်ချင်ခဲ့တာအရည်အချင်းဆိုလို့ ပိုက်ဆံမရှိတာတခုပဲရှိတယ်၊အာဇာနည်လမ်းမကြီးကို ကိုယ့်အမေလင်ပိုင်တဲ့ လမ်းမကြီးလို့ထင်ပြီးထင်တိုင်းကြဲကြသူများ ဆက်ဆံရေးရိုးရှင်းတယ်၊လျှောက်တွေးတိုင်းသာ ကဗျာဖြစ်ခဲ့ရင်အနုပညာရဲ့ဒဿနတွေလည်း ကျဆင်းသွားလိမ့်မယ်။ (၄) ကိုယ်ချစ်တဲ့သူတွေပျော်ပါစေ၊ဆုတွေတောင်းမိတိုင်း မင်းကိုအရမ်းသတိရတယ် ညီမလေးရာဇဝင်တွေသာဒီလောက်လှခဲ့ရင်ငါတို့မောင်နှမနှစ်ယောက် ခွဲခွါရလိမ့်မှာမဟုတ်ဘူး၊ကြယ်တွေ အတူရေတွက်မိတဲ့အချိန်ကို ငါလွမ်းတယ်စာအုပ်တွေ အတူဖတ်တဲ့အချိန်ကို ငါလွမ်းတယ်ညီမလေးအိမ်ပြန်လမ်းကို ငါလွမ်းတယ်ဒို့မောင်နှမတွေမခွဲဘူးဆိုတဲ့စကားကို ငါလွမ်းတယ်၊ကတိမတည်တာ ခွင့်လွတ်ပါညီမလေးနင့်အကိုက စစ်ပွဲတွေရဲ့အနာဂတ်မှာတထောင့်တနေရာ ပါဝင်ချင်သေးတယ်။ (၅) ဦးထုပ်တစ်လုံးဟာ ကွန်မြူနစ်ဝါဒီဖြစ်ခဲ့ရင်၂၀၁၆ သက္ကရာဇ်များမှာ ကြယ်နီတစ်လုံး လွှမ်းမိုးခဲ့တယ်၊သူမနဲ့ဆုံတော့ ဒီကြယ်နီဦးထုပ်နဲ့ပေါ့အိုရှိုးဝါဒီတွေရဲ့ […]

လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာရဲ့ သက်သေ

Dawei Watch

August 4, 2026

ကျွန်မတို့Grade-10ကျောင်းသားတွေရဲ့ အရွယ်ဟာ စာသင်ခန်းထဲမှာ သူငယ်ချင်းတွေနဲ့အတူ ရယ်မောနေရမယ့်အရွယ်၊ ဆရာမရဲ့သင်ပုန်းပေါ်က စာ၊ကဗျာတွေကိုလိုက်ဆိုနေရမယ့်အရွယ်၊ အနာဂတ်အိမ်မက်တွေကို စာရွက်ဖြူဖြူလေးတွေမှာ ပုံဖော်ရမယ့်အရွယ်ပါ။ နံနက်ခင်းတစ်ခုရဲ့ လန်းဆန်းတဲ့လေပြည်လေညင်းတွေ တိုက်ခတ်လာတိုင်း လမ်းမထက်မှာ အိမ်ထဲကနေ ကြည့်လိုက်ချိန် အဖြူအစိမ်းယူနီဖောင်းလေးတွေ ဝတ်ဆင်ပြီး ရယ်မောပျော်ရွှင်စွာ ကျောင်းတက်နေကြတဲ့ ကလေးငယ်တွေ၊ သူငယ်ချင်းတွေကို လှမ်းမြင်ရတိုင်း ရင်ထဲမှာ ဆို့နင့်တက်လာတဲ့ ခံစားချက်တစ်ခုက အမြဲတမ်း နေရာယူထားတတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပျက်မှုမှာ စစ်မီးလျှံတွေ၊ နိုင်ငံရေးမုန်တိုင်းတွေကြားမှာ ကျွန်မတို့ရဲ့ အဖိုးတန်ကျောင်းသားဘဝက လွင့်စင်သွားခဲ့ရပါပြီ။”အဖြူအစိမ်းဝတ်ခွင့်တိမ်းပြီး၊စာအုပ်စာပေလက်ကဝေးလို့ စစ်မီးလျှံကြား တို့ဘဝများ” ဆိုသလိုပဲ ‘ကျောင်းသား’ ဆိုတဲ့ နာမည်သာရှိပြီး အဖြူနဲ့အစိမ်း ဝတ်စုံလေးကို ဂုဏ်ယူစွာ ဝတ်ခွင့်မရတော့ဘူး။ စာသင်ခန်းရဲ့ ခေါင်းလောင်းသံအစား၊ သေနတ်သံတွေ၊ ဗုံးသံတွေကို ရင်တထိတ်ထိတ်နဲ့ နားစွင့်နေရတဲ့ ဘဝက တကယ့်ကိုခါးသီးလှပါတယ်။ အခုဆိုရင် ကျောင်းတော်ကြီးဆီ […]

အာဏာရူးကပ်

Dawei Watch

August 1, 2026

ဒီကာလကြီးမှာ အမေ့ကို လွမ်းတဲ့အခါ ကျနော် ကဗျာချရေးတယ်။ အာဏာရူးကပ်ဆိုးကြီးက မိသားစုတွေကို မဆုံနိုင်အောင် ဝေးစေတာပဲ။ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ချစ်သူတို့နဲ့ ကွေးကွင်း နေရတာကဒုက္ခမဟုတ်လား။ တဖက်မှာလည်း အာဏာရူးတွေ မင်းမူနေတဲ့အကာလမှာ နေနေရခြင်း ကလည်း အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော ဆိုသလိုပါပဲ။ ကျနော့်ကဗျာဟာ အာဏာရူးကပ်ကြီးရဲ့ ရောဂါလက္ခဏာအချို့ကို ထင်ဟပ်လေမလားပဲ။ သေချာတာကတော့ ဒုက္ခတွေကို စကားလုံးအဖြစ် ဖွင့်အန် ကဗျာဟန်ချရေးတယ်ဆိုရင်ပဲ ကျနော့်မှာ အာဏာရူးရောဂါတိုက်ဖျက်ဖို့ ခွန်အားရတာပါပဲ။ အမေ့ကို လွမ်းကြတဲ့ သားတွေ၊ သားတွေကို အောက်မေ့ သတိရ စိတ်ပူကြတဲ့ မိခင်တွေ၊ ဒီကာလကြီးထဲ တကွဲတပြားဖြစ်ကြရတဲ့ သူတွေ အမြန်ဆုံး အလွမ်းတွေပျောက်လို့ ပြန်ဆုံချိန်ရောက် အိမ်တွေကို ဆိုက်ရောက်ကြပါစေ..။ အာဏာရူးကပ်ဒီကာလကြီးထဲ….သားနဲ့ အမေဟာတံတားတဖက်စီမှာလိုပဲသံယောဇဉ်တံတား ခိုင်မြဲစွာထိုးထားပေတဲ့ချောင်းခြား၊ […]

တိတ်တဆိတ်ထွက်သွားတဲ့ ပုရွက်ဆိတ်လေးတွေ

Dawei Watch

July 26, 2026

“ပုရွက်ဆိပ်လေးတွေ”တဲ့။ မသိလိုက်ဘူး။ သူတို့နေထိုင်တဲ့ရွာတွေက ရွာသားတွေရော၊ နည်းအမျိုးမျိုးနဲ့ သူတို့ကိုသိတဲ့သူတွေရော သူတို့ဟာ ပုရွက်ဆိတ်လေးတွေဆိုတာ မသိလိုက်ကြဘူး။ မသိဆို အချိန်အများစုမှာ သူတို့ ရှိနေမှန်းတောင် သတိမထားမိကြဘူး။ ရွာထဲမှာ သူတို့ရှိနေရင် သူတို့ဆီက ကိုက်ခဲဖျားနာဆေးဝါးတွေ ရတယ်၊ သွေးတိုးကျဆေး၊ ဓားရှဒူးကွဲ သွေးထွက်သံယို အရေးပေါ်ဆို သူတို့လာကြပြီ။ သူတို့ဆီ သွားရပြီ။ သူတို့ကလည်း ဘယ်သူဘယ်ဝါ မမေး။ အနာနဲ့ဆေးပဲ တည့်အောင်ပေးကြ။ ဘာကြေးညာကြေး တပြားမှ မပေးရတော့ ရွာသားတွေက သဘောကျ။ ရွာထဲက စစ်ရှောင် CDM ကျောင်းသားတွေ အရေးဆို တိုးတိုးလေးနဲ့ ရှေ့ဆုံးက တွေ့ရ။ ဟိုရွာဒီရွာက စစ်ရှောင်တွေအရေးဆို ဆိုင်ကယ်အဟောင်းလေးကိုယ်စီနဲ့ ဟိုပြေးကူ ဒီပြေးလှူ။ ရွာသားတွေ၊ သူတို့ကို ခင်မင်သူတွေ မသိလိုက်ဘဲ ဟိုလိုက်ကူ ဒီလိုက်မျှမှုတွေလည်း […]

မျှော်လင့်ခြင်း ထောင်ဗူး၀

Dawei Watch

July 25, 2026

စစ်ကြောရေးမှအပြန် – အပိုင်း (၅ – နိဂုံး) စစ်ထောက်လှမ်းရေးအဖွဲ့ဆီကနေ ကျွန်တော့်အမှုတွဲကို တရားစွဲဆိုမယ့်ရဲအရာရှိဆီလွှဲ ပြောင်းပေးအပ်တဲ့ အဲဒီအခမ်းအနားဟာ တစ်နာရီသာသာပဲ ကြာခဲ့ပါတယ်။ နောက်တော့ စစ်ထောက်လှမ်းရေးအရာရှိတစ်ယောက်မောင်းတဲ့ကားနောက်ခန်းထဲ ကျွန်တော့်ကိုတွန်းထိုး သွင်းလိုက်ပါတယ်။ ကားမှန်ပြတင်းပေါက်နဲ့ကပ်ပြီး ကျွန်တော့်တစ်ဖက်တစ်ချက်စီမှာ ၀တ်စုံပြည့်၀တ်ပြီး လက်နက်ကိုင်ထားတဲ့ ရဲ၀န်ထမ်းနှစ်ယောက်က ညှပ်ထိုင်ပါတယ်။ သူတို့မျက်နှာတွေကို အ၀တ်နက်တွေနဲ့စည်းထားလို့ ဘယ်သူဘယ်၀ါတွေမှန်းမသိ။ ရဲစခန်းရောက်တဲ့အထိ သူတို့စကားတစ်ခွန်းမှမပြောကြ။ နောက်မှသိရတာက အဲဒီရဲစခန်းက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး။ နောက်ပိုင်းကျွန်တော့်ကို ထောင်ကိုမပို့ခင် နောက်ထပ်ရဲစခန်းတစ်ခုကို ထပ်ပြောင်းပါသေးတယ်။ စစ်ကြောရေးမှာလိုပဲ လက်ထိတ်ခတ်ထားပြီး ခြေထောက်တွေကိုထိပ်တုံးထဲပြန်ထည့်ပါတယ်။ ဆိုးတာက ဒီခရိုင်ရဲစခန်းက ထိတ်တုံးက စစ်ထောက်လှမ်းရေးတွေရဲ့ထိတ်တုံးလောက် မနူးညံ့၊ မသိမ်မွေ့။ ကြုံတိုင်းရွာကဖိုးစိတ်တိုသူကြီးဘစီရဲ့ထိတ်တုံးအရသာဘယ်လိုနေမှန်းမသိပေမယ့် ဒီရဲစခန်းက ထိတ်တုံးကတော့ စစ်ထောက်လှမ်းရေးရဲ့ထိတ်တုံးထက် အပြန်တစ်ရာဆိုးပါတယ်။ သစ်သားတွေကို ရွှေပေါ်တိုက်မထားတော့ ခြေကျင်း၀တ်နှစ်ဖက်ဟာ လွှသွားတွေနဲ့ဖြတ်နေသလို ဆိုးရွားတဲ့ဒဏ်ကိုခံရပါတယ်။ နောက်တစ်ခုက […]

ပုရွက်ဆိတ်လေးများ၏ ခြေလှမ်းများ မရပ်တန့်သေးပါ

Dawei Watch

July 24, 2026

တချို့လူတွေဟာ အသက်ရှည်ရှည် မနေခဲ့ရပေမယ့် သူတို့ထားခဲ့တဲ့ ခြေရာတွေကတော့ အချိန်ကြာမြင့်စွာ ကျန်ရစ်နေတတ်သည်။ လူတစ်ယောက်၏ တန်ဖိုးကို အသက်အရွယ်နှင့် မတိုင်းတာနိုင်သလို၊ သူ့ဘဝအရှည်ဖြင့်လည်း မသတ်မှတ်နိုင်ပါ။ သူ ဘယ်လောက်ထိ အခြားသူတွေအတွက် အလင်းရောင်ပေးခဲ့သလဲဆိုတာကသာ အမှန်တကယ် ကျန်ရစ်တဲ့ အမွေအနှစ် ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် လူငယ် ငါးဦးဖြင့် စတင်ဖွဲ့စည်းခဲ့သော The Ants Humanitarian Tanintharyi သည် အင်အားကြီးအဖွဲ့အစည်းတစ်ခု မဟုတ်ခဲ့သော်လည်း စေတနာကြီးမားသော လူငယ်များ၏ စုစည်းမှုဖြစ်ခဲ့သည်။ ပုရွက်ဆိတ်လေးများကဲ့သို့ တစ်လှမ်းချင်း သယ်ဆောင်ရင်း၊ မျက်နှာမဖော်ဘဲ လူမှုအသိုက်အဝန်းအတွက် အကျိုးရှိစေမည့် အလုပ်များကို တိတ်တဆိတ် လုပ်ဆောင်ခဲ့ကြသည်။ သူတို့၏ ပထမဆုံးခြေလှမ်းမှာ ကလေးငယ်များ စာဖတ်ခြင်းကို ချစ်မြတ်နိုးလာစေရန် စာဖတ်ဝိုင်းများ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ ထို့နောက် လက်လှမ်းမီသမျှ […]

ဖူးစာလမ်းကြုံ ပုသိမ်-မုံရွာ လမ်းဆုံ‎

Dawei Watch

July 18, 2026

‎သည်တစ်ခေါက်တော့ ဖူးစာအကြောင်း ပြောကြရအောင်ပါ။ သူ့ပုံစံက ဟိတ်ဟန်မရှိ ဝတ်စားနေထိုင်ပုံ၊ လူအထင်ကြီးမခံ၊ အလုပ်ကို သမာအာဇီဝကျကျဖြစ် လုပ်ကိုင်သူ။ ဆုံတော့လည်း တကယ့် လမ်းဆုံမှာ။ ပုသိမ်မုံရွာ လမ်းဆုံသည် ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ ပဲခူးတိုင်းအစွန်နှင့် ရခိုင်ရိုးမနယ်စပ် လမ်းဆုံကနေ အထက်ဘက် မုံရွာ အောက်ဘက် ပုသိမ်၊ အရှေ့ဘက် ပဲခူး၊ အနောက်ဘက် ရခိုင် လမ်းပန်းဆက်သွယ်ရေးအချက်အချာ နေရာဒေသတစ်ခုအဖြစ်တည်ရှိနေခြင်းဖြစ်သည်။ ကဲ . . . အဲဒီမှာ တောင်ပိုင်းသားနှင့် တွေ့လေသည်။ မြန်မာပြည်တောင်ပိုင်း ၆ မျဉ်းစောင်းသားနှင့် ၇ မျဉ်းစောင်းမြေလတ်သူတို့၏ အချစ်ဇာတ်လမ်းရေစက် ဆုံခဲ့ရခြင်း။ ‎ထိုအချိန်က အစိုးရ အရာရှိ ဦးလေးဖြစ်သူက ငယ်စဉ်ကတည်းကပညာသင်ပေးပြီးလက်တွဲခေါ်ယူကာ မြန်မာပြည်အထက်အောက် အလည်မကျန် […]

သတင်းက သမင်ကို သတိပေးတာလား၊ မုဆိုးကို လမ်းပြနေတာလား

Dawei Watch

July 17, 2026

သမင်တစ်ကောင်ကို မုဆိုးတစ်ယောက်က မြားနဲ့ပစ်ဖမ်းလိုက်တယ်။ ဒီသတင်းဟာ သမင်တွေကြားမှာရော၊ ဟိုးလေးတကျော် ပျံ့နှံ့သွားတယ်။ သတင်းရေးသားသူဟာ ဖြစ်စဉ်ကို ပီပီပြင်ပြင် ဖော်ပြထားတော့ စိတ်ဝင်စားဖို့ကောင်းနေတယ်။ မုဆိုးက ဘယ်နေရာမှာ ပုန်းတယ်၊ ဘယ်လို အသက်ရှူတယ်၊ မြားက ဘယ်လို ထိသွားတယ်ဆိုတာအထိ အသေးစိတ် ဖော်ပြထားတယ်။ အဲဒီသတင်းကို သမင်တွေကလည်း ဖတ်မယ်။ မုဆိုးတွေကလည်း ဖတ်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲ။ ဆက်တွေးကြည့်ရအောင်ပါ။ ကျွန်တော်တို့ ကလေးတုန်းက မှုခင်းစာစောင်တွေ ရောင်းကောင်းခဲ့ကြတယ်။ မုဒိမ်းသတင်းတွေ၊ လူသတ်သတင်းတွေလည်း မကြာမကြာ တွေ့ရတယ်။ စိတ်မကောင်းစရာက အဲဒီအမှုအခင်းတွေဟာ လျော့နည်းသွားတာမျိုး၊ ပပျောက်သွားတာမျိုးမရှိဘဲ ပိုဆိုးလာတယ်လို့တောင် ထင်ရတာပါပဲ။ အသက်အရွယ်အစုံ မုဒိမ်းမှုတွေ၊ ကြမ်းကြုပ်လွန်းတဲ့ လူသတ်မှုတွေ။ ဆို့နင့်ဖွယ်ကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ။ ဒါတွေဘာကြောင့်ဖြစ်လဲ။ အကြောင်းတွေ ရှာကြည့်ရင်တော့ အများကြီးရှိနေမှာပါပဲ။ အစိုးရတွေရဲ့ […]