သက်ရှိဇာတ်ကောင်
Dawei Watch
July 12, 2026“အဝေးရောက်ညီငယ် အခြေအနေ ဘယ်လိုလဲအဆင်ပြေစပြုပြီလား စိတ်ပျက်နေပြီလားပြန်လာမှာလား နေမှာလား သူစိမ်းတွေရဲ့ကြားရေမြေခြားမှာ အစ်ကိုတွေမေ့ပြီလား” အခုရက်ပိုင်းမှာ သီချင်းလေးတွေ ခဏခဏ နားထောင်ဖြစ်နေတယ်။ အဝေးရောက်ညီငယ်၊ တောင်တန်းတွေရဲ့အခြားတစ်မျက်နှာ၊ စာခြောက်ရုပ်၊ ခတ္တာ၊ ရိုးရိုးလေး၊ ခွန်အားဖြည့်မိငယ်၊ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ၊ ကြိုးကြာသံ၊ ဆယ်လ်မွန်ငါးတို့အပြန် စသည်ဖြင့်ပေါ့။ အချို့ သီချင်းတွေကိုတော့ သံတိုင်တွေနောက်မရောက်ခင် လွတ်လပ်နေစဉ်ကတည်းက နားထောင်ဖြစ်ပြီး ရင်းနှီးနေပေမဲ့ အချို့ကိုတော့ သံတိုင်တွေနောက်ရောက်သွားမှ မြင်ဖူး၊ ဖတ်ဖူးတာပါ။ ဒီနှစ် ဇွန်လရဲ့မိုးရေစက်တွေနဲ့ အတူတူ ဇွန်မိုးဆိုတဲ့ အသက် နှစ်ဆယ်ဝန်းကျင် ကောင်လေးတစ်ယောက်နဲ့ ဒုတိယအကြိမ် ပြန်တွေ့ဆုံခွင့်ရခဲ့တယ်။ ပထမအကြိမ် သူနဲ့ဆုံတဲ့အချိန်ကို သေချာမမှတ်မိပေမဲ့ သူ့နည်းတူ ကျနော်လည်း သံတိုင်တွေနောက်မှာတော့ ရှိနေခဲ့ပါတယ်။ အဝေးရောက်ညီငယ်နဲ့ တောင်တန်းတွေရဲ့ အခြားတစ်မျက်နှာသီချင်းရဲ့ စာသားတွေကို ဝတ္ထုစာအုပ်ထဲမှာ ဖတ်ရကတည်းက ကျနော် စိတ်ဝင်စားနေခဲ့တာ။ […]


