နိုဝင်ဘာ့ အပိုင်းအစ
Dawei Watch
December 13, 2025ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်ပလက်ဖောင်း တစ်ခုဖြစ်တဲ့ Facebook ရဲ့ Memories Option ကို သတိထားမိကြမယ် ထင်ပါတယ်။ အဲဒါက နေ့တစ်နေ့ရဲ့ လွန်ခဲ့သော နှစ်များစွာက တင်ခဲ့ဖူးတဲ့ အကြောင်းအရာအခြေအနေအားလုံးကို တစ်နေ့တည်းမှာ စုစည်းပြီး ပြန်ဖော်ပြပေးတဲ့ လုပ်ဆောင်မှုပါ။ ကျန်ခဲ့ပြီးသော နှစ်များရဲ့ ဒီနေ့မှာ မင်းဘာတွေ တင်ခဲ့သလဲပေါ့။ ၂၀၁၅ မတ်လလောက်ကနေစ အဲဒီလုပ်ဆောင်မှုကို စပြီး ထည့်သွင်းခဲ့တယ်ဆိုပေမယ့် စစချင်းမှာတော့ Memories ဆိုတဲ့ အသုံးမျိုးနဲ့ မဟုတ်သေးပါဘူး။ On this Day ဆိုတဲ့ အသုံးနဲ့ပါ။ Memories အနေနဲ့တော့ ၂၀၁၈ အောက်တိုဘာကနေ စပြီး ဖော်ပြပေးခဲ့တာပါ။ On this Day ပဲ ဖြစ်ဖြစ်၊ Memories ပဲဖြစ်ဖြစ်။ […]


