တို့ပြည်ကြီးမှာ ဒီလို ဒီလိုတွေပါဆို
Dawei Watch
May 17, 2025ဘယ်တတ်နိုင်မလဲ။ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းမမေ့ရဘူးဆိုတဲ့ စကားအတိုင်းပေါ့။ ဒီနေ့တော့ လက်တော့အချောလေးကို ချောင်ခဏ ထိုးပြီး အချစ်ဦးဆီ မျက်နှာအပ်ရတော့မယ်။ တကယ်ပါ ဒီဂျစ်တယ်ခေတ်ထဲ ပစ်ဝင်ပြီး တစ်ချိန်လုံး Laptop ရှေ့ထိုင်၊ အလုပ်လုပ်နေတော့ မျက်လုံးတွေက အရင်ကလို မဟုတ်တော့။ ဒီနေ့လည်း စာလေးဘာလေးရေးဦးမယ်ဆိုပြီး ကြံကာမှ မျက်လုံးက ဆန္ဒပြလာလို့ မရေးတော့ဘူးလေဆိုပြီး ဒီအတိုင်းနေတာ။ ဘာပြောကောင်းမလဲ မျက်လုံးကို အဖော်လုပ်ပေးချင်လို့ ထင်ပါရဲ့ မီးပါ ပြတ်တယ်။ အေးရော။ ဒီလိုနဲ့ ဘယ်ကနေ ဘယ်လိုဖြစ်တယ် မသိ။ ဟိုးအရင်တုန်းကလို ဗလာစာအုပ်လေးနဲ့ စာပြန်ရေးကြည့်မယ်ဆိုပြီး အတွေးကလေးက ဆတ်ခနဲ ပေါ်တော်မူလာ။ ဒီတော့ ဆတ်ခနဲပေါ်လာတုန်း ဖြတ်ခနဲ ထလုပ်ရတာပေါ့။ “ ဘာယူမလဲ” “ စာရေးကိရိယာတွေ ရသေးတယ်မလားဗျ” “ အေး […]


