ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

သရက်ချောင်းမြို့အနီး ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး မြိတ်-ထားဝယ်လမ်းယာယီပိတ်

Dawei Watch

July 4, 2026

စစ်အာဏာရှင်တပ်သည် ယနေ့ အရုဏ်တက်ချိန်တွင် သရက်ချောင်းမြို့ဘက်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်အုပ်စု အခါတော်ပေး ဒေါက်တာဖေဉာဏ် (ခ) အရှင်ပညာဝံသ အသတ်ခံရ၍ ပျံလွန်တော်မူ

Dawei Watch

July 3, 2026

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင်တရားရိပ်သာတွင် သီတင်းသုံးနေသည့် ဒေါက်တာဖေဉာဏ် (ခ) အရှင်ပညာဝံသသည် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ပျံလွန်တော်မူသွားကြောင်း သိရသည်။ ကျောင်းတိုက်၌ပင် ထိုးသွင်းဒဏ်ရာများဖြင့် လုပ်ကြံခံရ၍ ပျံလွန်တော်မူကြောင်း စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များနှင့် ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြနေကြသည်။ သတ်ဖြတ်သွားသူကို မဖမ်းမိသေးဘဲ ရှာဖွေနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ အချက်အလက်ကို ကိုးကား၍ ယင်းသတင်းဌာနများက ဆိုသည်။ ဒေါက်တာဖေဉာဏ်သည် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ဇာတိဖြစ်ပြီး ပျံလွန်တော်မူချိန်၌ သက်တော် ၇၅ နှစ်၊ ဝါတော် ၁၅ ဝါရှိပြီဖြစ်သည်။ ၎င်းသည် ၂၀၀၀ ခုနှစ်ဝန်းကျင်၌ ရန်ကုန်မြို့တွင် စန္ဒကူးမြိုင်တရားရိပ်သာကို တည်ထောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင်လည်း ထားဝယ်မြို့နှင့် မောင်မကန်းကမ်းခြေသွား ကားလမ်းဘေးတစ်နေရာတွင် စန္ဒကူးမြိုင်တရားရိပ်သာခွဲတစ်ခုကို တည်ထောင်ခဲ့သည်။ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး […]

တနင်္သာရီကမ်းလွန်တွင် အသစ်တွေ့ထားသော သဘာဝဓာတ်ငွေ့သိုက် တူးဖော်ရန်မရှိသေးဟုဆို

Dawei Watch

July 3, 2026

တနင်္သာရီကမ်းလွန်တွင် အသစ်တွေ့ရှိထားသော သဘာဝဓာတ်ငွေ့သိုက် M 15 ကို မည်သည့်နိုင်ငံ၊ မည်သည့်ကုမ္ပဏီတို့နှင့်မျှ တူးဖော်ထုတ်ယူရန် သဘောတူညီချက်မရှိသေးဘဲ စမ်းသပ်အဆင့်တွင်သာ ရှိသေးကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း သမ္မတမင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။ ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ခေါင်းဆောင်ဟောင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဒါကို ဘယ်သူနဲ့လုပ်မယ်၊ ဘယ်ဝါနဲ့လုပ်မယ် ကျွန်မတို့ဘာမှ မလုပ်ရသေးပါဘူး။ ရှာဖွေတွေ့ရှိတယ်၊ စမ်းသပ်နေတဲ့ အဆင့်ပဲရှိပါသေးတယ်။ ဆက်ပြီးတော့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွေ၊ စမ်းသပ်ရမည့် လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲဒါတွေပြီးတော့မှ ဒါက ဘယ်နိုင်ငံနဲ့ ဘယ်ကုမ္ပဏီနဲ့ ဆက်လုပ်မယ်ဆိုတာ လိုပါသေးတယ်” ဟု ၎င်းကပြောဆိုသည်။ M 15 လုပ်ကွက်သည် တနင်္သာရီတိုင်း မြိတ်ခရိုင်ရှိ အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်သော ကတန်ကျွန်း […]

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီအပါအဝင် တိုင်းနှင့် ပြည်နယ်ရှစ်ခု မိုးကြီးမည်

Dawei Watch

July 2, 2026

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း၊ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

ဇွန်လအတွင်း တနင်္သာရီတိုင်းတွင် လူငယ် ၂၀၀ ခန့် စစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

July 2, 2026

တနင်္သာရီတိုင်းတွင် သုံးလအတွင်း လူငယ်ငါးရာနီးပါး အဓမ္မစစ်မှုထမ်း စုဆောင်းခံခဲ့ရသည်။

ထားဝယ်မှ ကော့သောင်းသို့ လေယာဉ်ဖြင့်သွားသူများ လမ်းကြောင်းရှင်းခ ကျပ်ငါးသိန်းအထိပေးရ

Dawei Watch

July 1, 2026

ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့်သူများ၊ ကော့သောင်းမြို့ပေါ်တွင် ဆွေမျိုးနှင့် အသိမိတ်ဆွေမရှိသူများ၊ တနင်္သာရီတိုင်းပြင်ပမှ ကော့သောင်းမြို့သို့ လာရောက်သည့် သာမန်ဒေသခံများမှာ လမ်းကြောင်းရှင်းကြေး မဖြစ်မနေပေးရဟုဆိုသည်။

တနင်္သာရီ စစ်ဘေးရှောင်များ ငှက်ဖျားနှင့် တုပ်ကွေးအဖြစ်များပြီး ဆေးကုသရန်ခက်ခဲ

Dawei Watch

June 30, 2026

စစ်ဘေးရှောင်များသည် တောအတွင်းရှိ စမ်းချောင်းများ၏ နံဘေးတွင် တဲများထိုး၍ တိမ်းရှောင်နေကြပြီး ဆေးဝါးကုသရန်အတွက် လှေဖြင့် နေ့တစ်ဝက်ခန့် သွားလာရကြောင်း ဆိုသည်။

မွန်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်ကျ

Dawei Watch

June 29, 2026

အာဏာမသိမ်းခင်က မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၃၀,၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဖြေဆိုသူ ၁၀,၀၀၀ ဝန်းကျင်သာ ရှိတော့သည်။