ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နယ်စပ်ဒုက္ခသည်စခန်းက မြန်မာကလေးငယ်များ ကျောင်းထုတ်ခံရမှု ဖြေရှင်းပေးနေဟု ထိုင်းပညာရေးဝန်ကြီးဆို

Dawei Watch

September 2, 2026

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက မြန်မာကလေးငယ်များ ကျောင်းထုတ်ခံရမှုနှင့် ပတ်သက်၍ ပညာသင်ယူခွင့် ဆက်လက်ရရှိနိုင်ရန် ဖြေရှင်းပေးနေကြောင်း ပညာရေးဝန်ကြီး Prasert Chantrawong က ပြောသည်။ စက်တင်ဘာ ၁ ရက်က တာ့ခ်ခရိုင် အခြေခံပညာရေးဌာနတွင် ဒုက္ခသည်စခန်းက ကလေးငယ်များကို စခန်းပြင်ပရှိ အစိုးရကျောင်းများက လက်မခံဘဲ ကျောင်းထုတ်ခဲ့မှုနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းစဉ် ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ထိုင်းအစိုးရကျောင်းများ၌ ကျောင်းတက်နေသော ဒုက္ခသည်စခန်းက မြန်မာကလေးငယ် ၄၆ ဦး ရှိနေရာမှ ဩဂုတ်လတွင် မြန်မာကလေးငယ် ၁၃ ဦးမှာ ကျောင်းတက်ခွင့် ရပ်နားခံလိုက်ရသည်။ နောက်ထပ် ကျန်ရှိသော ကလေးငယ် ၃၃ ဦး၏ အထောက်အထားများလည်း စစ်ဆေးခံနေရသဖြင့် မြန်မာဒုက္ခသည်ကလေးငယ်များ ကျောင်းတက်ခွင့် ရရှိရေး ကရင်အဖွဲ့အစည်းများအပါအဝင် […]

မဲဆောက်တွင် ငွေတိုးချေးသည့် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 28, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အတိုးဖြင့် ငွေချေးနေသော မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် မယ်ပဒေသရှိ နေအိမ်ထဲတွင် အသက် ၅၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဝရမ်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးသည် လူမှုကွန်ရက်မှတစ်ဆင့် တစ်လ အတိုး ၂၀ နှုန်းဖြင့် မြန်မာအလုပ်သမားများနှင့် ထိုင်းနိုင်ငံသားများကို ငွေချေးနေသည်ကို ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့သဖြင့် တရားရုံးတွင် ဝရမ်းထုတ်၍ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးထံတွင် စာရင်းစာအုပ် သုံးအုပ်၊ ငွေချေးစာချုပ်နှင့် ငွေသား ဘတ် ၆၃,၀၀၀ ကျော်ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးကလည်း ထိုင်းနိုင်ငံသားတစ်ဦးထံမှ ‌ငွေယူပြီး အတိုးဖြင့် ငွေချေးနေသည်ဟု ဝန်ခံခဲ့ကြောင်း ဖော်ပြသည်။ လက်ရှိတွင် […]

ချင်းမိုင်တွင် ထိုင်းအမည်ခံ ကုမ္ပဏီ ၃၁ ခုကို ရဲတပ်ဖွဲ့ ဝင်စီး၊ မြန်မာ ၃ ဦး ဖမ်းဆီးခံရ

Dawei Watch

July 21, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ထိုင်းနိုင်ငံသားများအမည်ခံထားသော နိုင်ငံခြားသားပိုင်ကုမ္ပဏီ ၃၁ ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၃ ဦးနှင့် အိန္ဒိယနိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၂၀ ရက် တနင်္လာနေ့က ချင်းမိုင်မြို့ နေရာ ၁၈ နေရာရှိ ကုမ္ပဏီပေါင်း ၃၁ ခုကို ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၂၀ ခန့်က ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီ ၁၆ ခုက ထိုင်းနိုင်ငံသားအမည်ခံကုမ္ပဏီများ ဖြစ်နေပြီး အခြား ၁၅ ခုက နိုင်ငံခြားသားများ ရှယ်ယာပိုင်ဆိုင်မှုကန့်သတ်ချက်ကို ချိုးဖောက်ထားကြောင်း သိရသည်။ ယင်းကုမ္ပဏီများက ထိုင်းနိုင်ငံထဲ မြေယာ ၂၀ ရိုင် (၈ ဧကခန့်) ပိုင်ဆိုင်ထားပြီး ကာလတန်ဖိုး ဘတ် ၆၃၃ […]

ထိုင်းတောင်ပိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ

Dawei Watch

June 4, 2026

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ကျောက်ခဲဖြင့် ထုသတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၃ ရက် နံနက် ၈ နာရီခန့်က စူရတ်ဌာနီခရိုင် ကန်ချနာဒစ်ဒေသ စူရတ်ဌာနီ-နခွန်စီထမရတ်လမ်းဘေး မြက်တောထဲတွင် သေဆုံးနေသော အသက် ၂၇ နှစ်အရွယ် မအိအိဖြူ၏ အလောင်းကို လမ်းသွားလမ်းလာများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အလောင်းကို စစ်ဆေးရာ ဦးခေါင်းကို ထုရိုက်ထားသော ဒဏ်ရာများစွာဖြင့် သေဆုံးနေပြီး အလောင်းအနီးတွင် သွေးစွန်းနေသော အမျိုးသားအင်္ကျီနှင့် သူမ၏ ဆိုင်ကယ်တို့ကို တွေ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။ CCTV မှတ်တမ်းများမှတစ်ဆင့် အသက် ၂၇ နှစ်အရွယ် ကိုအောင်စိုးလင်းအမည်ရှိ မြန်မာနိုင်ငံသားကို နေထိုင်ရာအခန်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်။ မအိအိဖြူနှင့် အတူတွေ့ဆုံခဲ့ပြီးနောက် စကားများရန်ဖြစ်ကြရာမှ လူသတ်မှုအထိ […]

ကန်ချနဘူရီတွင် ကလေးငယ်သေဆုံးမှု မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

June 1, 2026

ကလေးငယ် သေဆုံးမှုနှင့် ပက်သက်၍ အခင်းဖြစ်ပွားရာ နေရာအနီးရှိ နေအိမ်တွင် နေထိုင်သော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားပြီး ၎င်းက စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသည်။

ဖူးခက်တွင် မြန်မာလုပ်သားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကြိုးဆွဲချ

Dawei Watch

May 26, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာအလုပ်သမားတစ်ဦး ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲတွင် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၂၅ ရက် နံနက် ၇ နာရီခန့်က ဖူးခက်မြို့ ချလောင်ဒေသ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် သေဆုံးနေသည့် အသက် ၃၇ နှစ်အရွယ် ကိုနန်းဦးကို အခြားအလုပ်သမားများက မြင်တွေ့ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး အလောင်းကို စစ်ဆေးရာ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကို မတွေ့ရကြောင်း ဖော်ပြသည်။ ကိုနန်းဦးသည် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ဇာတိဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်၏ အချက်အလက်အရ သိရသည်။ ကိုနန်းဦးသည် အဆိုပါလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လိုသည်ဟု အခြားသူငယ်ချင်များကို ပြောဆိုဖူးကြောင်း ရင်းနှီးသူများက သတင်းတွင် ဖြေကြားထားသည်။ ကြိုးဆွဲချသည့် အကြောင်းအရင်းကိုမူ သေသေချာချာ […]

ကျန်းမာရေးထောက်ခံစာအတု မလုပ်ကြရန် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရ သတိပေး

Dawei Watch

May 25, 2026

ထိုင်းနိုင်ငံအတွင်း မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ကျန်းမာရေး စစ်ဆေးထားသော ထောက်ခံစာများကို အတုမပြုလုပ်ကြရန် ထိုင်းအစိုးရက သတိပေးလိုက်သည်။ အလုပ်ရှင်များအနေဖြင့်လည်း ရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်ရာတွင် ကျန်းမာရေးထောက်ခံစာအတုကို အသုံးမပြုကြရန် ဒုတိယ အစိုးရ ပြောခွင့်ရသူ Patdarasm Thongsaluaykorn က မေလ ၂၄ ရက်နေ့က သတိပေးလိုက်သည်။ အကယ်၍ ဥပဒေကို ဆန့်ကျင်ပြီး ထောက်ခံစာ အတုပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက မည်သူမဆို အရေးယူခံရမည်ဟုဆိုသည်။ ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားအားလုံးသည် အလုပ်သမားမှတ်ပုံတင်ရန်အတွက် ရောဂါခြောက်မျိုးကို အစိုးရဆေးရုံ သို့မဟုတ် တရားဝင် အသိအမှတ်ပြု ပုဂ္ဂလိက ဆေးရုံဆေးခန်းများတွင် စစ်ဆေးမှု ခံယူပြီး ထောက်ခံစာ ရယူရမည်ဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများ စစ်ဆေးမှု ခံယူရသော ရောဂါ ခြောက်မျိုးမျာ ဆစ်ဖလစ်၊ ဆင်ခြေထောက်၊ တီဘီအပြင်းအထန်ရောဂါ၊ အနာကြီးရောဂါ၊ […]

ချင်းမိုင်မြို့လယ်က မြန်မာဘားကို ရဲတပ်ဖွဲ့ဝင်ဖမ်း၊ မြန်မာ ၁၀ ဦးကျော် ဖမ်းဆီးခံရ

Dawei Watch

May 25, 2026

ထိုင်းအမည်ခံ စီးပွားရေးလုပ်ငန်းများကို ဆက်တိုက်စစ်ဆေးဖမ်းဆီးနေသလို လုပ်ငန်းခွင်အတွင်း တရားမဝင် လုပ်ကိုင်နေသော အလုပ်သမားများကိုလည်း စီမံချက်ဖြင့် ဖမ်းဆီးနေသည်။