နယ်စပ်ဒုက္ခသည်စခန်းက မြန်မာကလေးငယ်များ ကျောင်းထုတ်ခံရမှု ဖြေရှင်းပေးနေဟု ထိုင်းပညာရေးဝန်ကြီးဆို
Dawei Watch
September 2, 2026ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက မြန်မာကလေးငယ်များ ကျောင်းထုတ်ခံရမှုနှင့် ပတ်သက်၍ ပညာသင်ယူခွင့် ဆက်လက်ရရှိနိုင်ရန် ဖြေရှင်းပေးနေကြောင်း ပညာရေးဝန်ကြီး Prasert Chantrawong က ပြောသည်။ စက်တင်ဘာ ၁ ရက်က တာ့ခ်ခရိုင် အခြေခံပညာရေးဌာနတွင် ဒုက္ခသည်စခန်းက ကလေးငယ်များကို စခန်းပြင်ပရှိ အစိုးရကျောင်းများက လက်မခံဘဲ ကျောင်းထုတ်ခဲ့မှုနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းစဉ် ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ထိုင်းအစိုးရကျောင်းများ၌ ကျောင်းတက်နေသော ဒုက္ခသည်စခန်းက မြန်မာကလေးငယ် ၄၆ ဦး ရှိနေရာမှ ဩဂုတ်လတွင် မြန်မာကလေးငယ် ၁၃ ဦးမှာ ကျောင်းတက်ခွင့် ရပ်နားခံလိုက်ရသည်။ နောက်ထပ် ကျန်ရှိသော ကလေးငယ် ၃၃ ဦး၏ အထောက်အထားများလည်း စစ်ဆေးခံနေရသဖြင့် မြန်မာဒုက္ခသည်ကလေးငယ်များ ကျောင်းတက်ခွင့် ရရှိရေး ကရင်အဖွဲ့အစည်းများအပါအဝင် […]


