ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ ဖာနီနှင့် လေးမိုင်ရွာတို့ကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်နှစ်စင်းဖြင့်ဗုံးကြဲ

Dawei Watch

June 22, 2026

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု ဖာနီရွာနှင့် လေးမိုင်ရွာတို့ကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်နှစ်စင်းဖြင့် ယနေ့ နံနက်တွင် ဗုံးကြဲကြောင်း ‌ဒေသခံများက ပြောသည်။ ယနေ့ ဇွန်လ ၂၂ရက် နံနက် ၈နာရီ ၄၅မိနစ်နှင့် ၉နာရီတို့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “နှစ်ကြိမ်ရှိပြီ။ နှစ်စီးနဲ့ ဗုံးလာကြဲနေတယ်။ ထိခိုက်မှု မသိရသေးဘူး။ ပွိုင့်ဖိုက် (စက်သေနတ်) နဲ့ပါ ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဇွန်လ ၂၁ရက် ညနေ ၅ နာရီ ၄၅မိနစ်မှ ၁၀နာရီအထိလည်း ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၅၆ ခြေမြန် တပ်ရင်းက ဖာနီရွာနှင့် လေးမိုင်ရွာတို့ကို လက်နက်ကြီးကျည် ခုနစ်လုံး ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။ “ညကတည်းက လက်နက်ကြီးတွေ […]

ထိုင်းမြောက်ပိုင်း ရထားလမ်းစီမံကိန်း ဥမင်ပြိုကျ မြန်မာလုပ်သားအပါအဝင် နှစ်ဦးသေဆုံး

Dawei Watch

June 22, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ တည်ဆောက်ဆဲ ရထားလမ်းစီမံကိန်းတွင် ဥမင်လှိုင်ခေါင်းထဲ ပြိုကျမှုကြောင့် မြန်မာအလုပ်သမားအပါအဝင် အလုပ်သမား နှစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၂၀ ရက် ညက ဒေချိုင်း-ချင်းရိုင်-ချင်းခေါင်း ရထားလမ်း (SRT) စီမံကိန်းတွင် ဒွိုင်လွိုင် ဥမင်လှိုင်ခေါင်းထဲ၌ အလုပ်သမားများ အလုပ်လုပ်နေစဉ် ပြိုကျခဲ့ခြင်းဖြစ်သည်။ ဥမင်လှိုင်ခေါင်းကို တူးဖော်မှုပြီးစီးသဖြင့် အလုပ်သမားများသည် လှိုင်ခေါင်းထဲ ဝင်ပြီး နံရံများတွင် စတီးဘောင်များ တပ်ဆင်နေစဉ် မြေကြီးနှင့် ကျောက်တုံးများ ပြိုကျလာပြီး အလုပ်သမားများကို ဖိမိသွားကြောင်း ဖော်ပြသည်။ မတော်တဆမှုကြောင့် မြန်မာအလုပ်သမား တစ်ဦးနှင့် ထိုင်းနိုင်ငံသား အလုပ်သမားတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အလုပ်သမား အခြားနှစ်ဦးလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဖော်ပြသည်။ ဒဏ်ရာရရှိသူများကို အရေးပေါ်ကားဖြင့် ချင်းရိုင်ဆေးရုံသို့ […]

တနင်္သာရီတွင် ဟင်းရွက်ခူးစဉ် မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ သားနှင့် တူမတို့ဒဏ်ရာရ

Dawei Watch

June 21, 2026

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာက ဒေသခံမိသားစုဝင်သုံးဦး ဥယျာဥ်ခြံထဲသို့ ဟင်းရွက်သွားခူးပြီး ပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး သားနှင့် တူမတို့ နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများနှင့် ဆွေမျိုး‌တော်စပ်သူများထံမှ သိရသည်။ ဇွန် ၁၉ ရက် နံနက်က ကမ္မလိုင်းရွာနှင့် တမုတ်ချုံးရွာကြားရှိ ဥယျာဥ်ခြံထဲသို့ သွားပြီး အပြန် ပြည်ထောင်စု လမ်းမကြီးနံဘေးတွင် ဟင်းရွက်ဝင်ခူးစဥ် မိုင်းနင်းမိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “တညင်ရွက် သွားကောက် (ခူး) နေကျပဲ။ သူတို့ အခုထိတာက သူများခြံထဲမှာ ထိသွားတယ်။ သူတို့ခြံမှာက ကွမ်းသီးနု ကောက် (ခူး) ရောင်းဖို့ကြည့်ပြီး အပြန်မှာထိသွားတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။ မိုင်းနင်းမိပြီး ‌‌‌ဒေါ်ကြူကြူခိုင်သည် သေဆုံးသွားပြီး အသက် ၁၅နှစ်အရွယ် သားဖြစ်သူ ဒဏ်ရာရသလို […]

ပြည်ကြီးမဏ္ဍိုင်မြို့အနီး စံပြရွာကို စစ်အာဏာရှင်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

June 20, 2026

ဗုံးနှစ်လုံးမှာ စံပြရွာ ဥယျာဉ်ခြံများအတွင်းသို့ ကျရောက်ခဲ့ပြီး ပြည်သူများထိခိုက်မှု အခြေအနေကို မသိရှိရသေးပေ။

မိုးဦးကျကာလ ထားဝယ်နှင့် မြိတ်တွင် ရေနစ်သေဆုံးသူ ခုနစ်ဦးအထိရှိလာ

Dawei Watch

June 20, 2026

တနင်္သာရီတိုင်းသို့ မုတ်သုန်လေ စတင်ဝင်ရောက်ခဲ့သည့် မေလလယ်မှ ယခုဇွန်လအထိ မိုးဦးကျကာလ၌ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ရေနစ်သေဆုံးသူ ခုနစ်ဦးအထိ ရှိသည်။ ဇွန်လ ၁၇ ရက်က ထားဝယ်မြို့နယ် ၊ အရှေ့တောဒေသရှိ ရေကန် (သတ္တုတွင်းကျင်းဟောင်း) တစ်ခုတွင် အသက် ၃၀ အရွယ် ပကာရီရွာသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း အရှေ့တောဒေသခံများက ပြောသည်။ မိသားစုဝင်အချို့ နှင့်အတူ ရေကန်ရှိရာသို့ သွားရောက်လှည့်ပတ်ကြစဉ် ရေနစ်ခြင်းဖြစ်ကြောင်း ဖြစ်စဥ်အားသိရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။ မေလကလည်း သရက်ချောင်းမြို့နယ်တွင် အသက် ၅ နှစ်အရွယ် ကျောင်းသားနှစ်ဦးနှင့် လောင်းလုံးမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကျောင်းသားနှစ်ဦး ကျေးရွာပတ်ဝန်းကျင် လယ်ကွင်းပြင်နှင့် ရေအိုင်များတွင် ရေကစားစဉ် ရေနစ်သေဆုံးခဲ့ကြသည်။ မြိတ်မြို့တွင်မူ မေလ ၁၈ ရက်တွင် ဓနိတောအစပ်တစ်နေရာ၌ စိတ်ကျန်းမာရေးမကောင်းသည့် […]

ကမ္ဘာ့ဖလား ပွဲ ၁,၀၀၀ မြောက်ပွဲစဉ် ဂျပန် ကစားခွင့်ရရှိ၊ ဂျပန် တော်ဝင်မင်းသမီး လာအားပေးမယ်

Dawei Watch

June 20, 2026

အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ကနေ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ဒီနေ့ (ဇွန် ၂၀) ပွဲစဉ်က ဖီဖာရဲ့ ကမ္ဘာ့ဖလား သမိုင်းကြောင်းတလျှောက် ပွဲ ၁,၀၀၀ ပြည့်ပွဲစဉ် ဖြစ်ပါတယ်။ ဒီသမိုင်းဝင်ပွဲစဉ်ဟာ အုပ်စု (F) ရဲ့ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ တူနီးရှားအသင်းတို့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ကျရောက်သွားခဲ့တာပါ။ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ဂျပန်အသင်းရဲ့ နည်းပြဖြစ်သူ ဟာဂျီမဲ မိုရိယာစု က မွန်တာရေးမြို့အနီးမှာရှိတဲ့ အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ “ဒါဟာ ကမ္ဘာ့ဖလားသမိုင်းရဲ့ ပွဲ ၁,၀၀၀ မြောက် ပွဲစဉ်နဲ့ ထိုက်တန်တဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ရရှိစေမယ့် ပွဲတစ်ပွဲ ဖြစ်စေရစေ့မယ်လို့ ကျွန်တော်နဲ့ ကစားသမားတွေက သေချာပေါက် အာမခံပါတယ်”လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲစဉ်ကို […]

ကိပ်ဗာဒီ ဂိုးသမားကြီး ဗိုဇင်ညာရဲ့ မိခင် ဗီဇာကြေးကင်းလွတ်ခွင့်နဲ့အတူ အမေရိက လာပြီ

Dawei Watch

June 20, 2026

ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ကိပ်ဗာဒီအသင်းက အင်အားကြီး စပိန်အသင်းကို ဂိုးမရှိသရေရလဒ် အံ့အားသင့်ဖွယ် ကစားနိုင်ခဲ့ပြီးတဲ့နောက် ကိပ်ဗာဒီဂိုးသမားကြီး ဗိုဇင်ညာ ဟာ ဝမ်းနည်းစွာနဲ့ ငိုကြွေးခဲ့ပါတယ်။ မီဒီယာတွေက ဗိုဇင်ညာ ကို “ဘာကြောင့် ခုလို ငိုကြွေးရတာလဲ”လို့ မေးခွန်းမေးလိုက်ချိန်မှာ သူက ဆင်းရဲလှတဲ့ သူတို့ရဲ့မိသားစုအခြေအနေကြောင့် သူ့ရဲ့အမေဟာ အမေရိကန်ကို လာရောက်ဖို့အတွက် သတ်မှတ်ထားတဲ့ ဗီဇာအာမခံကြေး (Visa Bond) ဒေါ်လာ ၁၅,၀၀၀ ကို မတတ်နိုင်ခဲ့ကြောင်းနဲ့ ဒီနေ့မှာ သူ့အမေကို ရှိစေချင်ခဲ့ကြောင်း ဖွင့်ဟခဲ့လို့ တစ်ကမ္ဘာလုံးက ဗိုဇင်ညာရဲ့ဝမ်းနည်းမှုကို သိရှိသွားခဲ့ပါတယ်။ အခုတော့ အဲ့ဒီ ဗီဇာပြဿနာတွေ အားလုံးကို အမေရိကန်အစိုးရဘက်က ဗီဇာအာမခံကြေး ကင်းလွတ်ခွင့်နဲ့ အဆင်ပြေပြေ စီစဉ်ပေးလိုက်ပြီဖြစ်လို့ ဗိုဇင်ညာရဲ့အမေ ဟာ အမေရိကန်ပြည်ထောင်စုဆီ လေကြောင်းခရီးနဲ့ လာနေပြီလို့ […]

ကမ္ဘာ့ဖလား Mascot အရုပ်ကြီးတွေဝတ်ပြီး လက်ကြီးသမား မူးယစ်ဆေးဝါးတရားခံကို ဖမ်းဆီးတဲ့ ပီရူးရဲတပ်ဖွဲ့

Dawei Watch

June 20, 2026

ပီရူးရဲတပ်ဖွဲ့ဝင် နှစ်ယောက်ဟာ ကမ္ဘာ့ဖလား Mascot လာဘ်ကောင်ရုပ်တွေဖြစ်တဲ့ “ကလပ်ချ် (Clutch)” နဲ့ “မေပယ် (Maple)” အရုပ်ဝတ်စုံတွေကို ရုပ်ဖျက်ဝတ်ဆင်ပြီး ပီရူးနိုင်ငံ၊ လီမာရဲ့ လက်ကြီးသမား မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်း ချသူလို့ သံသယရှိသူတစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါဟာ ပီရူးနိုင်ငံမှာ သာမကဘဲ ကမ္ဘာ့ဘောလုံးရပ်ဝန်းမှာပါ ထူးခြားတဲ့သတင်းတစ်ပုဒ်ဖြစ်သွားခဲ့ပါတယ်။ အခြေခံရာဇဝတ်မှုတွေကို နှိမ်နင်းရတဲ့ Green Squadron တပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ ကာလော့စ် အယ်လ်ကန်တာရာရဲ့ ပြောကြားချက်အရ မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ ကစားတဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ အသက် ၄၈ နှစ်အရွယ်ရှိတဲ့ တရားခံ ကာလော့စ် ကာဘရီရာ ကို အသွင်ယူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အကူအညီနဲ့ ဖမ်းဆီးနိုင်ခဲ့တာလို့ ပြောပါတယ်။ ရဲအရာရှိ အယ်လ်ကန်တာရာ က “ထောက်လှမ်းရေးအချက်အလက်တွေအရ ဒီတရားခံဟာ […]