ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်ကြီးမဏ္ဍိုင်မြို့အနီး စံပြရွာကို စစ်အာဏာရှင်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ

June 20, 2026

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့အနီးရှိ စံပြရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်များထံမှ သိရသည်။

ယနေ့ (ဇွန် ၂၀) ညနေ ၂ နာရီ ၅၀ မိနစ်ခန့်တွင် စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် စံပြရွာကို ဗုံး ၂ လုံးကြဲချတိုက်ခိုက်ပြီး ပွိုင့်ဖိုက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ထိခိုက်မှုတော့ မသိရသေးဘူး။ ရွာထဲမှာက လူတွေနေကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်က ကြဲချခဲ့သည့် ဗုံးနှစ်လုံးမှာ စံပြရွာ ဥယျာဉ်ခြံများအတွင်းသို့ ကျရောက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“သူတို့ထိန်းချုပ်နယ်မြေပဲ (စံပြရွာ)။ ပြည်သူထိခိုက်မှု ရှိမရှိ တိတိကျကျ မသိရသေးဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

စံပြရွာသည် ပြည်ကြီးမဏ္ဍိုင်မြို့နှင့် ပျဉ်းမချောင်းရွာကြားတွင် တည်ရှိသည်။