ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

June 20, 2026

မြိတ်မြို့ ၊ မြိတ်တောင်နယ်မြေ ၊ မြို့မ ၂ ရပ်ကွက်တွင် ဇွန်လ ၁၉ ရက်က လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း မြို့ခံများက ပြောသည်။ သေဆုံးသူသည် ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ နေအိမ်ဝန်းကျင်၌ပင် ကြိုးဆွဲချ၍ သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားသည့် ရပ်ကွက်နေသူ တစ်ဦးက ပြောဆိုသည်။ သေဆုံးသူသည် မြို့မ ၂ ရပ်ကွက်သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့လာသည်မှာ မကြာသေးကြောင်း ၎င်းက ပြောသည်။ အဆိုပါအမျိုးသားတွင် ဇနီးနှင့် သမီးငယ်တစ်ဦးကျန်ခဲ့ကြောင်း ရပ်ကွက်နေသူက ဆိုသည်။ မြိတ်မြို့တွင် မေလ ၁၄ ရက် ညကလည်း Grade 11 ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ […]

ရေဖြူတွင် အမျိုးသမီးတစ်ဦး အရပ်လက်သည်ဖြင့် ကလေးမွေးဖွားရာမှ သေဆုံး

Dawei Watch

June 20, 2026

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ မူးဒူးကျေးရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရပ်လက်သည်ဖြင့် ကလေးမွေးဖွားရာမှ သေဆုံးခဲ့ကြောင်း ဆွေမျိုးနီးစပ်သူများနှင့် ဒေသခံများထံမှသိရသည်။ အသက် ၂၈ နှစ်အရွယ် ယင်းအမျိုးသမီးမှာ ဇွန်လ ၈ ရက်နေ့က ဗိုက်နာလာ၍ အရပ်လက်သည်နှင့် ရွာမှာပင် ကလေး မွေးဖွားခဲ့ကြောင်း၊ ကလေးထွက်လာပြီး အချင်းကျန်နေခြင်းကြောင့် ထားဝယ်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း လမ်းမှာပင် သေဆုံးသွားကြောင်း ဆွေမျိုးနီးစပ်တော်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ကလေးက ထွက်ပြီးပြီ ယောကျ်ားလေး၊ အချင်းက ကျမလာဘူး၊ အဲဒီမှာ မောင်းမကန်က အရေးပေါ်ကား ခေါ်ပြီး ဆေးရုံကိုပြေးတယ်၊ လမ်းမှာပဲ အခြေအနေမကောင်းတော့ပဲ ဆုံးသွားတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ မိခင်မှာ သေဆုံးသွားသော်လည်း ကလေးမှာ ကျန်းကျန်းမာမာဖြင့် အသက်ရှင်ကျန်ခဲ့ကြောင်း သိရသည်။ သေဆုံးသည့်အမျိုးသမီးမှာ ထားဝယ်မြို့ရှိ ဆေးရုံတစ်ရုံတွင် […]

တနင်္သာရီတိုင်းထွက်ပုလဲ ရောင်းရငွေများ စစ်အုပ်စုထံ စီးဝင်ရန် ထိုင်း၊ ဂျပန်နှင့် ဟောင်ကောင်ကုမ္ပဏီများ ကူညီနေ

Dawei Watch

June 20, 2026

စစ်အုပ်စုသည် တနင်္သာရီတိုင်း မြိတ်ကျွန်းစုရှိ ပုလဲမွေးမြူရေးလုပ်ငန်းများမှ နှစ်စဉ် ကျပ်ငွေဘီလီယံချီ ရရှိနေပြီး ပုလဲလုပ်ငန်းများမှတစ်ဆင့် စစ်အုပ်စုထံ ဝင်ငွေစီးဆင်းသွားစေရန် ထိုင်း၊ ဂျပန်နှင့် ဟောင်ကောင် အခြေစိုက် ကုမ္ပဏီများက ပါဝင်ကူညီပေးလျက်ရှိဟု Justice For Myanmar (JFM) က ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ကနေဒါနိုင်ငံသား Pierre Hajjar အပါအဝင် မိသားစုဝင်လေးဦးသည် Belpearl ကုမ္ပဏီကွန်ရက်ကို ပိုင်ဆိုင်ပြီး တနင်္သာရီတိုင်းရှိ ရွှေကျွန်းနှင့် ဇာဒက်ငယ်ကျွန်းများတွင် ပုလဲမွေးမြူရေးကို လုပ်ကိုင်လျက်ရှိကြောင်း မတ်လက ထုတ်ပြန်သည့် Justice For Myanmar (JFM) အစီရင်ခံစာအရ သိရသည်။ ကနေဒါနိုင်ငံသည် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) ကို ၂၀၂၁ ခုနှစ်ကတည်းက စီးပွားရေးဒဏ်ခတ် ပိတ်ဆို့အရေးယူထားသော […]

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ အပစ်ရပ်

Dawei Watch

June 20, 2026

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးသည် ဇွန်လ ၁၉ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် စတင်အသက်ဝင်ခဲ့ကြောင်း အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ “ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပါပြီ” ဟု အမည်မဖော်လိုသည့် အဆိုပါ အမေရိကန်အရာရှိက ဆိုသည်။ အဆိုပါ အပစ်ရပ်သဘောတူညီချက်ရရှိရန် အမေရိကန်နှင့် ကာတာဘက်မှ စေ့စပ်ညှိနှိုင်းရေးမှူးများက အီရန်၏ အကူအညီဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။ ဟစ်ဇ်ဘိုလာနှင့် အပစ်ရပ်သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦးကလည်း အတည်ပြုပြောဆိုခဲ့သည်။ “ကျွန်တော်တို့ အပစ်ရပ်အခြေအနေမှာ ရှိနေပါတယ်။ ဟစ်ဇ်ဘိုလာဘက်ကသာ ကျွန်တော်တို့ကို မတိုက်ခိုက်ဘူးဆိုရင် ကျွန်တော်တို့ဟာ စစ်ပွဲကာလထဲ ရောက်နေတာ မဟုတ်တော့ပါဘူး” ဟု အဆိုပါ အစ္စရေးအရာရှိက ပြောကြားခဲ့သည်။ သို့ရာတွင် […]

မက်ဆီရဲ့ ဖခင် ကျန်းမာရေး တိုးတက်လာပြီ၊ မဟုတ်မမှန် မပြောကြဖို့နဲ့ လူသားချင်းစာနာမှုရှိဖို့ မိသားစု တောင်းဆို

Dawei Watch

June 19, 2026

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ ဖခင် ဂျော့ချ် မက်ဆီရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာတွေထက်မှာ ကောလာဟလတွေနဲ့ အခြေအမြစ်မရှိတဲ့ ခန့်မှန်းပြောဆိုမှုတွေ၊ သတင်းဖြန့်ဝေနေတာတွေကို အခုချက်ချင်း ရပ်လိုက်ဖို့ မက်ဆီတို့မိသားစုက အသိပေးလိုက်ပါတယ်။ မက်ဆီတို့မိသားစုဘက်ကနေ တရားဝင် သတင်းကြေညာချက်ကို အမြန်ဆုံး ထုတ်ပြန်လိုက်ရုံသာမကဘဲ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အားလုံးအနေနဲ့ “တာဝန်သိဖို့၊ သတိပညာရှိကြဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု ရှိကြဖို့” ပြတ်ပြတ်သားသား တောင်းဆိုလိုက်ပါတယ်။ မိသားစုရဲ့ အတည်ပြုချက်အရ လောလောဆယ်မှာ မက်ဆီရဲ့ဖခင်ဖြစ်သူ ဂျော့ချ် က ဆေးဘက်ဆိုင်ရာလုပ်ငန်းစည် စောင့်ကြည့်မှုအောက်မှာ ရှိနေပြီး ကျန်းမာရေးအခြေအနေဟာ ပြန်လည်ကောင်းမွန် တိုးတက်လာနေပြီ လို့ သိရပါတယ်။ “အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေ၊ ကောလာဟလတွေနဲ့ စိတ်ကူးယဉ် ခန့်မှန်းချက်တွေကို မယုံကြည်ပါနဲ့။ ဒါဟာ မိသားစုနဲ့သာ သက်ဆိုင်တဲ့ […]

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှု တနင်္သာရီမှ တော်လှန်ရေးအင်အားစု များပြုလုပ်

Dawei Watch

June 19, 2026

တနင်္သာရီတိုင်း အတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ပညာရေးအဖွဲ့အစည်း အချို့က ယနေ့ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ထားဝယ်ခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း က ရဲဘော်များမှ မွေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ ဆုတောင်းမေတ္တာပို့ခြင်း တို့ ပြုလုပ်ခဲ့သည်။ လောင်းလုံးမြို့နယ် ပညာရေးဘုတ်အဖွဲ့ ကလည်း မွေးနေ့အထိမ်းအမှတ် ကံ့ကော်ပင်စိုက်သည့် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ မြိတ်ခရိုင် ၊ ပုလောမြို့နယ်တွင်လည်း ပညာရေးဘုတ်အဖွဲ့၏ စီမံမှုအောက်ရှိ မြေပြင်ကျောင်းသုံးကျောင်းတွင်လည်း ကဗျာရွတ်ဆိုခြင်း ၊ ဆုတောင်းမေတ္တာပို့ခြင်း ၊ နှင်းဆီပန်းများ ပန်ဆင်၍ ဓာတ်ပုံ ကမ်ပိန်းများပြုလုပ်ခြင်း ၊ မွေးနေ့ကိတ် ခွဲခြင်းများ ပြုလုပ်ခဲ့သည် ။ ဘုတ်ပြင်းမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ […]

ထိုင်းတွင် ဖမ်းဆီးခံရသော နိုင်ငံခြားသားများကို ချက်ချင်းပြန်ပို့ရန် ဥပဒေပြင်ဆင်မည်

Dawei Watch

June 19, 2026

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာနိုင်ငံသို့ ချက်ချင်းပြန်ပို့နိုင်ရန် ဥပဒေပြင်ဆင်ရေးဆွဲမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် Pakorn Nilprapunt က ယနေ့တွင် ပြောသည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ အွန်လိုင်းငွေလိမ်မှု၊ အမည်ခံစီးပွားရေးလုပ်ငန်းများ၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ စသော နိုင်ငံခြားသားများ ကျူးလွန်နေသော ရာဇဝတ်မှုများကို ဖြိုခွင်းနှိမ်နှင်းရေးနှင့် ပတ်သက်၍ ယနေ့ ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေးတွင် ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ဥပဒေပြင်ဆင်ရေးဆွဲရန် ညွှန်ကြားခဲ့ကြောင်း ၎င်းက ဆိုသည်။ လက်ရှိ ဥပဒေအရ နိုင်ငံခြားသားများကို ဖမ်းဆီးနောက် ဥပဒေအရ အရေးယူပြီးပါကလည်း နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်များမှာ ကြန့်ကြာနေသေးကြောင်း ဒုဝန်ကြီးချုပ်က ပြောဆိုသည်။ နိုင်ငံခြားသားများသည် နေရပ်ပြန်ရန်အတွက် ၎င်းတို့ကိုယ်တိုင် ကုန်ကျစရိတ်များကို ကျခံနေရကာ လက်ရှိတွင် မတတ်နိုင်ကြသဖြင့် နှောင့်နှေးမှုများရှိနေဆဲဖြစ်ကြောင်း ၎င်းက […]

စစ်အာဏာရှင်တပ်က စစ်ကြောင်းထပ်ထိုးလာသဖြင့် တိုက်ပွဲထပ်ဖြစ်

Dawei Watch

June 19, 2026

ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ရွာသို့ စစ်အာဏာရှင်တပ်သားများ ဒုတိယအကြိမ် စစ်ကြောင်းထပ်ထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇွန်လ ၈ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများသည် ချောင်းမွန်ကျေးရွာအနီး (ဒေသအခေါ် R-0) သို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်‌ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၄)၊ တပ်ရင်း (၂၀၃)၊ တပ်ခွဲ (၄) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဇွန်လ ၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများသည် ချောင်းမွန်ကျေးရွာအနီး (ဒေသအခေါ် R-0) သို့ စစ်ကြောင်းထိုးလာပြီး တော်လှန်‌‌ရေးတပ်များနှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကာ အထိနာ၍ ပြန်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ပြန်ဆုတ်သွားသည့် စစ်ကြောင်းသည် ၁၈ ရက်နေ့တွင် အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းထပ်ထိုးလာသဖြင့် ချောင်းမွန်ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း […]