ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

စစ်အာဏာရှင်တပ်က ရဟတ်ယာဥ်ကွင်းဆောက်ရန် ဒေသခံများ၏ အိမ်ခြံမြေများ သိမ်းယူ

Dawei Watch

April 30, 2026

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် စစ်အာဏာရှင်အမှတ် ၅၆၁ ခြေမြန်တပ်ရင်း၏ အရှေ့ဘက်တွင် ရဟတ်ယာဥ်ကွင်းပြုလုပ်ရန် ဒေသခံများ၏ လယ်ယာမြေများ၊ ခြံများနှင့်အိမ်များကို သိမ်းယူသွားကြောင်း ဒေသခံများ ထံမှသိရသည်။ စစ်အာဏာရှင်တပ်က ရဟတ်ယာဥ်ကွင်းပြုလုပ်ရန် ညောင်ပင်ကွင်းရွာဒေသခံများ၏ မြေများကို သိမ်းယူပြီး ဧပြီလ ၂၈ ရက်နေ့တွင် မြေးတူးစက်များဖြင့် ဖြိုဖျက်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ စစ်အာဏာရှင်တပ်က ဒေသခံများကို အကြောင်းကြားခြင်းမရှိပဲ မြေများသိမ်းယူသွားခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။ “ဘက်ဟိုးတွေနဲ့ အကုန်တူးကုန်ပြီ။ သစ်ပင်တွေလည်း အကုန်လှဲကုန်ပြီ။ လမ်းတွေလည်းပေးမသွားဘဲ ပိတ်ထားတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။ စစ်အာဏာရှင်တပ်က ‌ရဟတ်ယာဥ်ကွင်းကို အနံ ၁၅၀ ပေနှင့်အလျား ၃၀၀၀ ပေဖြင့် ပြုလုပ်မည်ဟု ကြားရကြောင်း ဒေသခံများက ဆိုသည်။ စစ်အာဏာရှင်တပ်က ယင်းကွင်းပြုလုပ်ရန် ဒေသခံ […]

အကျဉ်းကျနေသူ ၁၅၀၀ ကျော် လွတ်ငြိမ်းခွင့်ပြုဟုဆို

Dawei Watch

April 30, 2026

ယနေ့ ကဆုန်လပြည့်နေ့ (ဧပြီလ ၃၀ ရက်) တွင် စစ်အစိုးရက အကျဉ်းသား၊ အကျဉ်းသူ ၁,၅၀၈ ဦးနှင့် အကျဉ်းကျနေသည့် နိုင်ငံခြားသား ၁၁ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ကြေညာသည်။ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။ နိုင်ငံခြားသား အကျဉ်းသားများကိုမူ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးမည်ဟု ဆိုသည်။ လွတ်ငြိမ်းခွင့်ပြုရာတွင် မည်သည့်အမှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူများ ဖြစ်သည်ကိုမူ သီးခြားဖော်ပြထားခြင်း မတွေ့ရပေ။ လွတ်ငြိမ်းခွင့်အပြင် ယခုနှစ် ဧပြီလ ၃၀ ရက် မတိုင်မီ ပြစ်မှုတစ်ခုခုဖြင့် အကျဉ်းကျနေသူများကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ခွင့်များ ပြောင်းလဲပေးခဲ့ကြောင်း ကြေညာသည်။ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ကလည်း […]

ရေး-ထားဝယ် ကားလမ်းဘေး ရာဖူးရွာတွင် ရော်ဘာခြံလုပ်သားတစ်ဦး မိုင်းနင်းမိ

Dawei Watch

April 28, 2026

မိုင်းနင်းမိသူမှာ ခြေထောက်တွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးရနိုင်ဟုဆိုသည်။

ထိုင်း-မြန်မာနယ်စပ် မောတောင်ကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်နှစ်ရက်ဆက်ဗုံးကြဲ

Dawei Watch

April 27, 2026

ယနေ့ နံနက် ၁၁ နာရီဝန်းကျင်မှစတင်ကာ ညနေပိုင်းအထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေကြောင်း ဆိုသည်။

စစ်အာဏာရှင်တပ်က မောတောင်မြို့ကို လေကြောင်းတိုက်ခိုက်

Dawei Watch

April 26, 2026

လေကြောင်းတိုက်ခိုက်မှုကြောင့် အမှတ် (၉) ရွာရှိ လူနေအိမ်များ ပျက်စီးသွားသော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။

မြန်မာစစ်ခေါင်းဆောင်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး သွားတွေ့သည့်အပေါ် ထိုင်းလူ့အခွင့်အရေးအဖွဲ့များ ရှုတ်ချ

Dawei Watch

April 24, 2026

မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သွားရောက်တွေ့ဆုံခဲ့သည့်အပေါ် ထိုင်းလူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချကြောင်း ယနေ့တွင် ထုတ်ပြန်သည်။ မြန်မာနိုင်ငံအတွင်း ပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေသူနှင့် သွားတွေ့ခဲ့သည့် ထိုင်းအစိုးရအဖွဲ့ကို ရှုတ်ချကြောင်း ထိုင်းလူ့အခွင့်အရေးအဖွဲ့များဖြစ်သည့် Thai Action Committee for Democracy in Burma (TACDB) ၊ Asian Cultural Forum on Development (ACFOD) ၊ Union for Civil Liberty ၊ Popular Democracy Committee နှင့် Working Group for World Peace အဖွဲ့တို့က ထုတ်ပြန်သည်။ နိုင်ငံတကာ အသိအမှတ်မပြုထားသည့် ရွေးကောက်ပွဲမှတစ်ဆင့် အသွင်ပြောင်း သမ္မတဖြစ်လာသော ဦးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံခေါင်းဆောင်အနေဖြင့် […]

သမ္မတဦးဝင်းမြင့် လွတ်ပြီ

Dawei Watch

April 17, 2026

အာဏာသိမ်းစဉ်ကတည်းက စစ်အုပ်စုက ဖမ်းဆီးအကျဉ်းချထားသည့် သမ္မတဦးဝင်းမြင့်သည် ယနေ့ ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်ကြောင်း စစ်အစိုးရက ထုတ်ပြန်သည်။ ဦးဝင်းမြင့်ကို စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ဖမ်းဆီးထားပြီး အဂတိအမှု လေးမှုအပြင် ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးမှု ပုဒ်မ ၁၃၀ (က) တို့ဖြင့် စွပ်စွဲပြီး စုစုပေါင်း ထောင်ဒဏ် ကိုးနှစ်နှင့် ခြောက်လ ချခဲ့သည်။ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည် ဟူသည့် ကန့်သတ်ချက်ဖြင့် သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) အဖွဲ့ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ “သမ္မတ ဦးဝင်းမြင့် ကိုတော့ ဒီနေ့ပဲ […]

ဒုစစ်ခေါင်းဆောင်အပါ ၁၁ဦးဖြင့် အတိုင်ပင်ခံကောင်စီဖွဲ့၊ ကောင်စီတွင် ဦးကိုကိုကြီးလည်းပါဝင်

Dawei Watch

April 10, 2026

ဒုတိယစစ်ခေါင်းဆောင် ဦးစိုးဝင်း ဦးဆောင်ပြီး ၁၁ ဦးပါဝင်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို စစ်ခေါင်းဆောင်က ယနေ့ ဧပြီလ ၁၀ရက်တွင် ဖွဲ့စည်းလိုက်သည်။ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည့် စစ်အုပ်စုစိတ်ကြိုက်ပြင်ဆင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ခဲ့သည်။ ယင်းနောက် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဥ်တစ်လျှောက်တွင်ပါဝင်ခဲ့သည့် ဒုစစ်ခေါင်းဆောင် ဦးစိုးဝင်းကို ဥက္ကဋ္ဌ ရာထူးပေးခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးမောင်မောင်အေးကို အတွင်းရေးမှူး နေရာပေးထားသည်။ ဗိုလ်ချုပ်ကြီးဟောင်း မောင်မောင်အေးသည် လက်ရှိ စစ်အာဏာရှင်၏ တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခမည်းခမက်တော်စပ်သူ ဖြစ်သည်။ စစ်အာဏာရှင် ရေတပ်ချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း မိုးအောင်သည် ကောင်စီဝင်အဖြစ်ပါဝင်ပြီး စစ်ကော်မရှင်၏ ဝန်ကြီးဟောင်းများဖြစ်သည့် ဦးကိုကိုလှိုင်၊ ဦးသန်းဆွေတို့လည်း ကောင်စီဝင်အဖြစ် ပါဝင်သည်။ ယင်းအပြင် […]