သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ
Dawei Watch
April 8, 2026၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းနောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှုများကို ရခိုင်ပြည်နယ်၌ သွားရောက်သတင်းယူနေစဉ် ဖမ်းဆီးခံလိုက်ရသည့် Myanmar Now သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် ယနေ့ (ဧပြီ ၈) ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသော သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် Amnesty International Thailand အဖွဲ့၏ ဦးဆောင်မှုဖြင့် ထိုင်းနိုင်ငံသားများအပါအဝင် တက်ကြွလှုပ်ရှားသူများက သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ Amnesty International Thailand မှ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် ထိုင်းနိုင်ငံသားများက လုံချည်၊ ထဘီ၊ မြန်မာဝတ်စုံများကို ဝတ်ဆင်၍ သံရုံးရှေ့တွင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြစဉ် စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် မြန်မာလက်ဖက်ရည်နှင့် စမူဆာကိုလည်း ဧည့်ခံခဲ့ပြီး […]


