ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အခန်းဆက် ဝတ္ထုရှည်

သွေးမျိုးစဥ်ဆက်

Dawei Watch

August 31, 2026

အပိုင်း (၈) ထွန်းတောက်ထိန်တို့ ကမ့်ပ်မှ ရဲဘော်များသည် သရက်ကုန်းရွာက အလှူနှင့် တီးဝိုင်းညအား တာဝန်ယူခဲ့ရသဖြင့် နောင်နေ့တွင် နံနက် ဆယ့်တစ်နာရီလောက်မှ နိုးကြတော့သည်။ ကိုဘသောင်းကလည်း မနေ့က ရဲဘော်တွေ တစ်နေကုန် ပင်ပန်းထားသဖြင့် မိုင်းလုပ်ငန်းခွင်ကို အနားပေးလိမ့်မည်။ ထွန်းတောက်ထိန်သည် အိပ်ရာနိုးနိုးချင်း ရေချိုး၊ သွားတိုက်၏။ ပြီးလျှင် လိုးရှင်း၊ အုန်းဆီလူးပြီးနောက် လူက လန်းဆန်းအားပြည့်သွားသည်။ ပြီးလျှင် မီးဖိုချောင်သို့ ဝင်ကာ ထမင်းပန်းကန်ထဲ ဟင်းများကို ပုံထည့်လိုက်သည်။ ထွန်းတောက်ထိန်တို့ ကမ့်ပ်က ဘယ်အချိန် ထမင်းရမယ်ဆိုပြီး ကန့်သတ်မထားပေ။ ရဲဘော်များနှင့် အတူတူ စားရသည်လည်း မဟုတ်။ ကိုယ်ဆာသည့်အချိန် မီးဖိုချောင်ထဲ ဝင်ပြီး ခူးခပ်စားရုံသာ။ ဟင်းခွက်သက်သက် ခူးကြသည်လည်းမရှိ။ ထမင်းပန်းကန်ထဲ ပုံစားကြရုံသာ။ သည်တော့ ထမင်းစားချိန် ကန့်သတ်ထားသော […]

သွေးမျိုးစဥ်ဆက်

Dawei Watch

August 28, 2026

အပိုင်း (၇) ထွန်းတောက်ထိန်၏ စိတ်ထဲတွင် အဝင်းနှင့် စကားပြောရတာ ပျော်စရာမကောင်းတော့သလို ခံစားရသည်။ ထွန်းတောက်ထိန်၏ နားထဲတွင် အဝင်းသည် တဗျစ်တောက်တောက် ပြောနေသလို ခံစားရသည်။ ယခုလောလောဆယ်တော့ ချိုသာနှင်းနှင့် စကားပြောရသည်ကို သိပ်ကိုပျော်ရွှင်နေမိသည်။ ချိုသာနှင်းက အချိန်ပြည့် အင်တာနက်မသုံးနိုင်သည့်အခါ ဖုန်းမက်ဆေ့ကနေ စာလာလာပို့တော့သည်။ ထွန်းတောက်ထိန်က ချိုသာနှင်းကို အနှင်းက သိပ်လှတာပဲနော် ဟု Tik Tok မှာ ပြောလိုက်မိကတည်းက ချိုသာနှင်းသည် သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားပြီဟု ယူဆပစ်လိုက်ဟန်တူသည်။ “ကိုဂျက်မြင်တာက အနှင်းမြင်တာထက် နောက်ကျသွားတယ်၊ အနှင်းကမှ ကိုဂျက်ကို မြင်မြင်ချင်း မျက်လုံးထဲကကို မခွာနိုင်တော့ဘူးလေ၊ ရွာထဲ ရိက္ခာလာအလှူခံတုန်းက ကိုဂျက်က တခြားရဲဘော်တွေကြားမှာ ထင်းနေတာပဲ၊ ထောင်ထောင်မောင်းမောင်း တုတ်တုတ်ခိုင်ခိုင်ကြီးနဲ့ တကယ့်ကို ယောကျ်ားပီသတာ၊ နောက်များ ကိုဂျက်တို့ […]

သွေးမျိုးစဥ်ဆက်

Dawei Watch

August 27, 2026

အပိုင်း (၆) တစ်နေ့တွင်တော့ ချစ်သူလေး စန္ဒာဝင်းဝင်း ပေးပို့လာသော သတင်းမက်ဆေ့များကို ထွန်းတောက်ထိန်သည် ဖတ်ရှုဖို့၊ စိတ်ဝင်စားဖို့ကို စိတ်မပါနိုင် ဖြစ်နေခဲ့သည်။ အဝင်းပြောသော သတင်းများသည် အလွန်ထူးပြီး စိတ်ဝင်စားဖွယ် သတင်းများဖြစ်သော်လည်း ဖတ်ရုံသာ ဖတ်ပြီး စာမပြန်ဖြစ်ခဲ့ရလောက်အောင် ထွန်းတောက်ထိန်၏ အာရုံများက တခြားသို့ ရောက်နေခဲ့သည်။ အဝင်းပြောသည့် သတင်းများကတော့..။ “ကိုရေ သတင်းထူးတွေ ရှိတယ်၊ ရွာက အဖမ်းခံရတဲ့ ဟိုငါးယောက်လေ အခု လွတ်လာပြီ၊ လွတ်ရက်စေ့လို့ မဟုတ်ဘူးတဲ့ကို၊ ခွေးတွေက ငွေပေးရင် လွှတ်ပေးမယ်လို့ ကမ်းလှမ်းလာလို့ တောင်းသလောက်ငွေကို ပေးပြီး ထုတ်ခဲ့ရတာတဲ့၊ ငွေတွေကို မနည်းဘူးတဲ့ကိုရေ၊ ခွေးတွေ အတော့်ကို ငတ်ကြီးကျတာပဲနော်၊ ဒါကို ရွာကလည်း သတင်းဖုံးထားသေးသတဲ့တော်၊ လွတ်ရက်စေ့လို့ လွတ်လာတာပါတဲ့ ပြောနေကြတာ၊ တကယ်က […]

သွေးမျိုးစဥ်ဆက်

ထွင်

August 26, 2026

အပိုင်း (၅) ထွန်းတောက်ထိန်တို့ လုပ်သော မိုင်းလုံးကြီးများကို ကိုဘသောင်း၏ မိတ်ဆွေတပ်ပေါင်းစုံက ကားကြီးနှင့် လာသယ်ကြသည်။ ကိုဘသောင်းတွင် မိတ်ဘက်တပ်သားများစွာ ရှိကြသည်။ တပ်ဖွဲ့များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကူညီကြသည်။ ထောက်ပံ့ကြသည်။ မိုင်းလိုအပ်လျှင် အရေအတွက်ကို လှမ်းမှာကြသည်။ သည်နယ်တဝိုက်တွင် တစ်ရွာလျှင် တပ်ဖွဲ့ တစ်ဖွဲ့စီ ရှိကြသည်တဲ့။ တချို့ရွာများဆိုလျှင် သုံးဖွဲ့တောင် ရှိကြသည်ဆိုပဲ။ သည်လို အားကောင်းသောကြောင့်လည်း နယ်မြေစိုးမိုးနိုင်ရခြင်းဖြစ်သည်။ မိုင်းလုံးကြီးများကို မြေပေါ်ကနေ ကားပေါ် မ,သယ်စဉ် အောက်သို့ လွတ်ကျလျှင် ပေါက်ကွဲနိုင်သည်။ ကားပေါ်တင်ပြီးလျှင်လည်း မတော်တဆ ပေါက်ကွဲနိုင်သည်။ အချိန်မရွေး အသက်ပျောက်နိုင်သည်။ သို့တိုင် တော်လှန်ရေးသမားများ၏ မျက်နှာတွင် ကြောက်ရွှံ့စိတ် တစိုးတစိမျှ မရှိကြ။ အားလုံးသည် အသက်ကို ပေးဆပ်ရဲကြသူများမို့ သည်အလုပ်ကို လုပ်နေကြသည်မဟုတ်လား။ ထွန်းတောက်ထိန်သည် မိုင်းများကို […]

သွေးမျိုးစဥ်ဆက်

ထွင်

August 25, 2026

အပိုင်း (၄) ထွန်းတောက်ထိန်သည် တော်လှန်ရေးအဖွဲ့ထဲ ဝင်တော့မည်ဟု မိဘတွေကို ပြောသောအခါ အနေအေးသည့် အဖေက သဘောဟုသာ ပြောသည်။ အမေကတော့ ဘယ်မှ မသွားဘဲ သည်ရွာမှာပဲ စိုးတထိတ်ထိတ်နှင့် နေရမှာထက်စာလျှင် ကျောလုံလုံနေနိုင်မည်ထင်ရသော တစ်နေရာသို့ ထွက်သွားတာ ကောင်းမည်ဟု ယူဆပုံရသည်။ အဖွဲ့မှာ နေလျှင်လည်း အသက်အန္တရာယ်ရှိသည်။ ရွာမှာနေလျှင် ဝက်ချေးရွာပျူစောထီးရန် ကြောက်ရသည်။ ဘယ်နေနေ အန္တရာယ်ရှိနေမည့်အတူတူ အဖွဲ့ထဲမှာ တော်လှန်ရေးလုပ်ရင်း နေသည်ကမှ အဖတ်တင်သည်ဟု မမြချစ်ယူဆမိသည်။ သည့်အပြင် အမေသည် နှုတ်ကသာ မပြောသော်လည်း မိမိ၏ သားသည် တော်လှန်ရေးမှာ ပါဝင်ဖို့ အရွယ်ကောင်းဖြစ်နေတာရော၊ သူများသားတွေ အဖွဲ့ထဲသွားနေချိန် မိမိသားက ဘာမှမဆိုင်သလို နေစိမ့်နိုင်လွန်းသလို ဖြစ်နေတာရောကြောင့် သွားဖို့ တိုက်တွန်းချင်သည်။ သို့သော်လည်း သားကို ဆုံးရှုံးရမည်ကလည်း […]

သွေးမျိုးစဥ်ဆက်

ထွင်

August 24, 2026

အပိုင်း (၃) “ဒိုင်း” ကျယ်လောင်သော သေနတ်သံဖြစ်သည်။ သာယာကုန်းရွာလေး၏ တစ်နေ့သော နံနက်တွင် ဖြစ်သည်။ အချိန်အတိအကျသည်ကား လင်းကြက်များပင် မတွန်သေးပေ။ လင်းအားမကြီးသေး။ ရောင်နီမသန်းသေး။ အရုဏ်မတက်သေး။ ညီအစ်ကိုမသိတသိအချိန်ကဲ့သို့ မှောင်ရီဖြိုးဖြအချိန်လည်း မဟုတ်သေး။ ထိုအချိန်၌ သာယာကုန်းရွာတစ်ရွာလုံး အိပ်မောကျနေတုန်းဖြစ်သည်။ ထို့အတူ ထွန်းတောက်ထိန်တို့ တစ်အိမ်လုံးလည်း အိပ်မောနေကျချိန်ဖြစ်သည်။ အိမ်တွင် ဝက်ချေးရွာမှ စစ်ရှောင်များ ရှိနေသေးသဖြင့် ထွန်းတောက်ထိန်တို့ ညီအစ်ကိုက အိမ်အပေါ်ထပ်မှာ အိပ်သည်။ အိမ်အောက်ထပ်တွင် စစ်ရှောင်များ မိသားစုလိုက် အိပ်သည်။ အဖေနှင့် အမေကတော့ မီးဖိုချောင်ထဲတွင် အိပ်သည်။ ထိုသို့ အိပ်မောကျနေချိန်၌ ကျယ်လောင်သော သေနတ်သံကို ကြားလိုက်ရခြင်းဖြစ်သည်။ သေနတ်သံကြီးသည် အလွန်ကျယ်လောင်လှသည်။ သာယာကုန်းရွာတစ်ရွာလုံးသည် သေနတ်သံကို ကြားဖူးသော်လည်း သည်လောက် အနီးကပ်ကနေ ထွက်လာသော သေနတ်သံကို […]

သွေးမျိုးစဥ်ဆက်

ထွင်

August 23, 2026

အပိုင်း (၂) ထွန်းတောက်ထိန်သည် နားလည်သွားပြီးနောက်ပိုင်း ပစ္စည်းများကို ချရင်း အတွေးများ ပွားနေမိသည်။ တကယ်တော့ မဖြူပြာနှင့် ပတ်သက်ပြီး ဆွေမျိုးတော်စပ်ပုံများက သည်လောက်နှင့် မဟုတ်သေးဘူးပဲ။ တကယ့်တကယ်မှာတော့ မဖြူပြာဟာ ထွန်းတောက်ထိန်တို့ ညီအစ်ကိုနှစ်ယောက်နှင့် တစ်ဝမ်းကွဲမောင်နှမ တော်စပ်နေကြသေးသည်ပဲ။ သည်လို အတွေးအသိများ ဝင်လာသည့်အခါ ထွန်းတောက်ထိန့်စိတ်ထဲ ဘယ်ကဘယ်လို ဝင်လာမှန်း မသိသော အတွေးစိတ်ရိုင်းများ ဝင်လာခဲ့သည်။ ဒါဖြင့်ရင် သည်မိန်းမဟာ အတော်မျက်နှာပြောင်တိုက်သော မျက်နှာနှင့် သည်နေရာသို့ ရောက်လာခဲ့သည်ပဲ။ သည်မိန်းမမှာသာ လူလိုအသိစိတ်မျိုး ရှိခဲ့လျှင် ဘာအကြာင်းကြောင့်မှ သည်ကို မလာသင့်မှန်း သိလိမ့်မည်။ ဘုရားရေ သည်မိန်းမက ဘွဲ့ရတဲ့၊ CDM ဝန်ထမ်းတဲ့၊ ပညာတတ်တဲ့။ တစ်ကိုယ်ရေ အရည်အချင်းများနှင့် မလိုက်ဖက်လိုက်တာ။ အတွေးများက ခေါင်လှလွန်း။ ဘာလို့ဆို မဖြူပြာ၏ […]

သွေးမျိုးစဥ်ဆက်

ထွင်

August 22, 2026

အပိုင်း (၁) တစ်နေ့သော နွေဦး၏ နံနက်ခင်းတွင် မြောက်ပြန်လေကလေးများ ခပ်အေးအေးကလေး တိုက်ခတ်နေသည်။ အိမ့်လက်ယာဘက်က ရွက်ဝါရင့်သော မန်ကျည်းရွက်ကလေးများသည် ပိတုန်းတောင်ပံခတ်သံကဲ့သို့ မြောက်ပြန်လေကြားမှာ တလူလူ လည်ပတ်ကာ ကြွေကျနေကြသည်။ အိမ့်လက်ဝဲဘက်မှ သရက်ပင်ကတော့ သရက်ပွင့်များ ကြွေကျပြီး အောက်တွင် သရက်ပွင့်လေးများ အပုံလိုက် ရှိနေသည်။ သရက်ပွင့်များပေါ်တွင် ဆီများ ဆွတ်ဖျန်းထားသည့်အလား ဆီရောင်တောက်ပနေကြသည်။ သရက်သီးလေးများကတော့ မီးခြစ်ဆံအရွယ်မျှသာ ရှိသေးသည်။ အိမ့်ရှေ့တွင်တော့ နွေမှာပွင့်သော သပြေဘူတ အဝါရောင်ပင်လေးသည် သေတော့မယောင် ရွက်ခြောက်များ ကြွေကုန်ပြီ။ ပြီးလျှင် ပုရစ်ဖူးလေးများထက်ဦးစွာ အပွင့်ခိုင်လေးများ အလျင်ထွက်လာပြီး အရွက်မရှိဘဲ ပင်လုံးကျွတ် အဆုပ်လိုက်၊ အခိုင်လိုက် ပွင့်တော့မည်။ သပြေဘူတ ပန်းခရမ်းရောင်ပင်ကြီးကတော့ တစ်ရွက်စ နှစ်ရွက်စ ကြွေနေပြီ။ ပန်းခရမ်းရောင် ပွင့်ကလေးများလည်း ဟိုနေရာတစ်ပွင့်၊ […]