သွေးမျိုးစဥ်ဆက်
Dawei Watch
September 11, 2026အပိုင်း (၁၆) ရဲဘော်သစ် ခေါ်ယူရန်အတွက် ကမ့်ပ်တွင် ဖွင့်ထားသော တော်လှန်ရေးစစ်ပညာသင်တန်း ငါးလအတွင်း ပြီးဆုံးသွားချိန်၌ တော်လှန်စားဖိုမှူးကြီးဖြစ်သော ကိုဖေသွင်က ကိုကြံမောင်နှင့် ထွန်းတောက်ထိန်တို့ရှေ့သို့ ပေါက်ချလာသည်။ ကိုဖေသွင်က ငါ့မှာ ပြောစရာလေး ရှိလို့ပါ ဆိုပြီး အစပျိုးလာသည်။ “ထွန်းတောက် ငါ မင်းကို အကူအညီ တောင်းထားတာလေး တကယ်ဖြစ်မလာတော့ဘူးဆိုရင်လည်း တော်လှန်ရေးလောကထဲက ထွက်တော့မယ်၊ အင်းပေါ့လေ၊ ငါ့လို အကြားအာရုံ မသန်စွမ်းသူအတွက် တော်လှန်ရေးလောကထဲမှာ စားဖိုမှူးအလုပ်လောက်ပဲ နေရာရှိတာ၊ ကွန်ပျူတာစာစီစာရိုက်အလုပ်ကတော့ တော်လှန်ရေးလောကထဲမှာ နေရာရှားမှာပေါ့၊ ဘာတတ်နိုင်မလဲ၊ နေရာရှိတယ်ဆိုရင်တောင် အကြားအာရုံ သန်စွမ်းဖို့က လိုကိုလိုပါသေးတယ်၊ ဒီတော့ လက်လျှော့လိုက်တော့မယ်၊ အစက တော်လှန်ရေးကြီး မပြီးမချင်း တော်လှန်ရေးလောကထဲမှာပဲ နေမယ်လို့ ဆုံးဖြတ်ထားခဲ့တာပေါ့၊ ဒါပေမယ့် ငါ့အတွက် နေရာမရှိတော့ နုတ်ထွက်ရတော့မှာပေါ့လေ၊ […]


