ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သင်္ကြန်အတက်နေ့ တနင်္သာရီတိုင်းတွင် နေရာကွက်ကျား မိုးရွာနိုင်

diz_admin

April 16, 2023

သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက် (ယနေ့) တွင် တနင်္သာရီတိုင်းအတွင်း နေရာကွက်ကျားမိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ကောင်စီ၏ မိုးဇလဌာနများက ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတောင်ပိုင်းရှိ တနင်္သာရီတိုင်း အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားကြသည်။ မိုးရွာနိုင်ခြေမှာ ခြောက်ဆယ်ရာခိုင်နှုန်းအထိရှိကြောင်း စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယခင်နှစ်များက သင်္ကြန်ကာလတွင် မိုးရွာသွန်းလေ့ရှိသော်လည်း ယခုနှစ်တွင်မူ မိုးရွာသွန်းခြင်းမရှိသေးပေ။ ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ထားဝယ်မြို့နှင့် အနီးတဝိုက်၌ တိမ်အနည်းငယ်အုံ့ဆိုင်းနေသည်။ ထို့အပြင် ပင်လယ်ပြင်လှိုင်းအခြေအနေမှာ တနင်္သာရီကမ်းရိုးတန်းတွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင် အထက်ပါမိုးလေဝသဌာနများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်မူ နေ့အပူအချိန် ပိုများလာနိုင်ကြောင်း ထုတ်ပြန်ထားကြသည်။

သင်္ကြန်အတက်နေ့ ကံပေါက်အုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲမှုဖြစ်

diz_admin

April 16, 2023

သင်္ကြန်အတက်နေ့ ယနေ့ ဧပြီလ ၁၆ ရက် နံနက် ၆ နာရီခန့်က ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရုံးအနီးရပ်နားထားသည့် အမှိုက်သိမ်းကားတစ်စီး ဦးခေါင်းပိုင်း ထိခိုက်ပျက်စီးသွားကြောင်း ၎င်းတို့က ဆိုသည်။ “ပေါက်ကွဲသံက တစ်ချက်ပဲ။ တော်တော်ကြမ်း မီးခိုးလုံးကြီးတွေပါ တက်လာတယ်” ဟု ဗိုလ်ချုပ်ရပ်ကွက်ဒေသခံတစ်ကဆိုသည်။ ပေါက်ကွဲမှုဖြစ်ရသည့် အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။ ပေါက်ကွဲမှုဖြစ်ပြီးနောက် မောရဝတီရေတပ်က စစ်ကားတစ်စီး၊ ကံပေါက်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ လမ်းသွား၊ လမ်းလာ ဒေသခံများကိုမူ စစ်ဆေးခြင်းမရှိသဖြင့် ပုံမှန်အတိုင်းသွား‌လာနေကြသည်ဟု ၎င်းတို့က ဆိုသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်လည်း ကံပေါက်အုပ်ချုပ်ရေးမှူးရုံးနှင့် စရဖရုံးကို ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ဖူးသည်။

ဂျပန်ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားစဉ် ပေါက်ကွဲမှုဖြစ်ပွား

diz_admin

April 15, 2023

ဂျပန်နိုင်ငံအနောက်ပိုင်း၌ ဧပြီလ ၁၅ရက်နေ့က ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ မိန့်ခွန်းပြောမည့် ဧရိယာတွင်း မီးခိုးဗုံးဟု ယူဆရသည့်အရာ တစ်ခုကိုပေါက်ကွဲခဲ့ပြီး ဝန်ကြီးချုပ်တွင် ထိခိုက်ဒဏ်ရာမရခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားခဲ့ရသော်လည်း တာဝန်ကျအရာရှိများက အချိန်မီ ထိန်းသိမ်းလိုက်နိုင်ခဲ့ပြီး မီးခိုးဗုံးပစ်ချခဲ့သည့် သံသယဖြစ်ဖွယ်အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ၊ ဝန်ကြီးချုပ်ကိုလည်း ထိခိုက်မှုမရှိ ၊ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း NHK သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် ဂျပန်နိုင်ငံ ၊ အိုဆာကာမြို့ အနောက်တောင်ဘက် ၆၅ ကီလိုမီတာ (၄၀ မိုင်)ခန့် အကွာ ငါးဖမ်းဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ကီရှီဒါ သည် ဧပြီလ ၁၅ရက်နေ့တွင် အဆိုပါ အခင်းဖြစ်ပွားသည့် ဆိပ်ကမ်းသို့ အလည်အပတ်သွားရောက်ပြီးနောက် လူထုရှေ့မှောက်တွင် […]

ဆုန်ခရန်ပွဲတော်ကာလအတွင်း သေဆုံးသူ တစ်ရာကျော်နှင့် ဒဏ်ရာရသူ တစ်ထောင်ကျော်ရှိ

diz_admin

April 15, 2023

ထိုင်းနိုင်ငံတစ်ဝန်း ကျင်းပနေသည့် ဆုန်ခရန် ရေသဘင်ပွဲတော်၏ လေးရက်တာကာလအတွင်း ယာဉ်မတော်တဆမှု ၁၄၂၂ မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၁၅၈ ဦးရှိပြီး ၁၄၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်မတော်တဆမှုများ ကာကွယ်ရေးနှင့် လျှော့ချရေးဗဟိုဌာနမှ သိရသည်။ ဧပြီလ ၁၄ ရက်နေ့ တစ်ရက်တည်းမှာပင် ယာဉ်မတော်တဆမှု ၃၆၈ မှု ရှိခဲ့ပြီး ယင်းဖြစ်စဉ်များတွင်း လူ ၄၄ ဦး သေဆုံးကာ ၃၆၈ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ မတော်တဆမှုများ ဖြစ်ရသည့် အကြောင်းရင်းများတွင် အရှိန်လွန်မောင်းနှင်မှုသည် ၃၅ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အရက်သေစာ သောက်စားပြီး မောင်းနှင်မှုမှာ ၂၈ ဒသမ ၅၃ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ မတော်တဆမှု […]

သင်္ကြန်အကြတ်နေ့ လောင်းလုံးလူထုသပိတ်

diz_admin

April 15, 2023

ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ “ပိတောက်တွေနီစေ သင်္ကြန်မြေ”စာသားပါ ဘန်နာကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်‌လှုပ်ရှားမှုကို ယနေ့ (သင်္ကြန်အကြတ်နေ့) တွင် လောင်းလုံးမြို့နယ်၌ ပြုလုပ်ခဲ့ကြသည်။

ပိတောက်တွေနီစေ သင်္ကြန်မြေ” လူထုသပိတ်ပြုလုပ်

diz_admin

April 15, 2023

သရက်ချောင်းမြို့နယ်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ မှ “ပိတောက်တွေနီစေ သင်္ကြန်မြေ”စာသားပါ ဘန်နာကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်‌လှုပ်ရှားမှုကို ယနေ့(သင်္ကြန်အကြတ်နေ့)တွင် ပြုလုပ်ခဲ့ကြသည်။

ရေကစားသူအချို့နှင့် ထားဝယ်မြို့က သင်္ကြန်အကြတ်နေ့

diz_admin

April 15, 2023

သင်္ကြန်အကြိုနေ့နှင့် အကျနေ့တို့တွင် ထားဝယ်မြို့ထဲ ရေကစားသူမရှိသော်လည်း အကြတ်နေ့တွင်မူ ရေကစားသူအချို့ရှိလာခဲ့သည်။ ထားဝယ်မြို့ရှိ ဗဟိုမဏ္ဍပ်၊ ဆောက်လုပ်ရေးမဏ္ဍပ်နှင့် ဖိုးသီးချိုကလေးကစားကွင်းရှိ မဏ္ဍပ်တို့၏ သင်္ကြန်အကြတ်နေ့ ညနေ ၅ နာရီကျော်အချိန် မြင်ကွင်းများကိုဖော်ပြပေးလိုက်ပါသည်။ မဏ္ဍပ်များတွင်သာ ရေကစားသူ၊ ဖျော်ဖြေရေးအစီအစဉ်များကိုလာရောက်ကြည့်ရှုသူများရှိပြီး မြို့ထဲတွင်မူ ရေကစားသူမရှိ‌သလောက်ပင်ဖြစ်သည်။

မြိတ်မြို့ သင်္ကြန်အကြတ်နေ့ ညနေပိုင်း

diz_admin

April 15, 2023

သင်္ကြန်အကြတ်နေ့မှာတော့ မြိတ်မြို့ရဲ့ အထင်ကရလမ်းတွေနဲ့ မဏ္ဍပ်တွေမှာတော့ ရေကစားသူအချို့တွေ့ရှိရပါတယ်။ မဏ္ဍပ်တွေရှိတဲ့ နေရာတွေမှာသာ ရေကစားသူအချို့တွေ့ရပြီး လမ်းမကြီးတွေပေါ်မှာ သွားလာသူ အနည်းငယ်ပဲ ရှိပါတယ်။ ခရီးသည် နှစ်ရာကျော်သုံးရာနီးပါး ဝန်းကျင်ကတော့ အမြန်ယာဥ်တွေ၊စပိဘုတ်တွေနဲ့ ကျွန်းခရီးစဥ်တွေကို သွားရောက်လည်ပတ်နေတာကို တွေ့မြင်ရပါတယ်။ ဓါတ်ပုံ-CJ