ကံပေါက်တွင် အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီးခံရ
Dawei Watch
July 17, 2023ရေဖြူမြို့နယ် ကံပေါက်ကျေးရွာတွင် ဇူလိုင်လ ၁၆ ရက်က အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဗိုလ်ချုပ်လမ်း၊ ကျောက်တိုင်အနီး လျှပ်စစ်ပစ္စည်းဆိုင်တစ်ခုတွင် ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းက အသက်၃၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရခြင်းကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ ဝမ်းကွဲညီအစ်မတော်စပ်ကြသည့် အသက် ၃၀ ဝန်းကျင်အရွယ် မအေးသူနှင့် မသဇင်လွင်တို့ ဖြစ်ကြောင်း ဆိုသည်။ ၎င်းတို့ကို မောရဝတီရေတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကိုမူ မသိရကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဇူလိုင်လ ၁၅ ရက်ကလည်း ကံပေါက်ဈေးအတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင်မိသားစုဝင် လေးဦးနှင့် အလုပ်သမားနှစ်ဦး စုစုပေါင်း ခြောက်ဦးတို့ ဖမ်းဆီးခံခဲ့ရသေးသည်။ “အခုရက်ပိုင်းက ကံပေါက်မှာ ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းတွေကို ဖမ်းဆီးနေတယ်။ […]


