ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေး ဇီးဖြူသောင်အုပ်ချုပ်ရေးမှူးရုံးကို ဝင်တိုက်၊ ပြည်သူ့စစ် ၂ ဦးရှင်းလင်းနိုင်ခဲ့ဟုထုတ်ပြန်

diz_admin

April 13, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ် ၂ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံးကို ရေးပြောက်ကျားတပ်ဖွဲ့ YGF တို့က ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ရှင်းလင်နိုင်ခဲ့သည့်အပြင် AK ရိုင်ဖယ် သေနတ် ၂ လက်လည်း သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ သို့သော် ယင်းတိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူးရုံးတွင် ရောက်ရှိနေသည့် အသက် ၁၄ နှစ်အရွယ် မောင်ငြိမ်းခန့်ကျော်ဆိုသည့် အရပ်သား ၁ ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အုပ်ချုပ်ရေးမှူးရုံးကို ဟိုကဝင်ပစ်တဲ့ချိန်မှာ အဲကောင်လေးက အဲရုံးမှာရှိနေတယ်။ အဲမှာ ပစ်ခံထိသွားတယ်” ဟု ဇီးဖြူသောင်ဒေသခံတစ်ဦးက ပြောသည်။ အရပ်သား […]

ရေကစားသူမရှိတဲ့ ထားဝယ်သင်္ကြန်အကြိုနေ့

diz_admin

April 13, 2023

အာဏာမသိမ်းခင်၊ ကိုဗစ်ကာလမတိုင်ခင်က စည်စည်ကားကား ကျင်းပခဲ့တဲ့ ထားဝယ်မြို့က သင်္ကြန်ပွဲတော်ဟာ ဒီနှစ်မှာတော့ ခြောက်ကပ်နေပါတယ်။ ဒီနေ့ဟာ သင်္ကြန်အကြိုနေ့ဖြစ်ပေမယ့် ထားဝယ်မြို့ပေါ်မှာတော့ ရေကစားသူတွေ မတွေ့ရပါဘူး။ ဒီနေ့နံနက် ၁၀ နာရီမှာ ထားဝယ်မြို့ပေါ်က ရေကစားသူ အခြေအနေကို သိရှိဖို့ မှတ်တမ်းရယူခဲ့ပါတယ်။ရေကစားသူမရှိ ခြောက်ကပ်နေတဲ့ လမ်းတွေကို ဓာတ်ပုံမှတ်တမ်းတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရေကစားဗဏ္ဍပ်တွေမှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၀ လောက် လုံခြုံရေးယူထားတာ တွေ့ရပေမဲ့ ရေကစားသူတော့ မရှိသေးဘူးလို့ သိရပါတယ်။ မြို့ထဲတွင်မူ စစ်ဆေးတင်းကြပ်ထားတာမျိုးမရှိသေးပေမယ့် ယာဉ်ထိန်ရဲနဲ့ စစ်ကောင်စီတပ်ကားနှစ်စီးမှာ ပုံမှန်နေ့တွေအတိုင်းမြို့ထဲလှည့်ပတ်စစ်ဆေးတာ‌ရှိနေပါတယ်။

အင်ဒိုနီးရှားတွင် ခေါက်ဆွဲခြောက်ထုပ်ကြောင့် ညီအစ်ကိုနှစ်ဦး ရန်ဖြစ်ပြီး ဓားဖြင့်ထိုး၍တစ်ဦးသေဆုံး

diz_admin

April 13, 2023

အင်ဒိုနီးရှားနိုင်ငံတွင် အသင့်စားခေါက်ဆွဲထုပ်တစ်ထုပ်ကြောင့် ညီအစ်ကိုနှစ်ဦး စကားများရန်ဖြစ်ပြီး ညီဖြစ်သူက ဓားဖြင့်ထိုး၍ အစ်ကို သေဆုံးသွားကြောင်း အင်ဒိုမီဒီယာများက ဖော်ပြသည်။ ဆူမားတြားတောင်ပိုင်း လာလန်ခရိုင်တွင် ဧပြီလ ၈ ရက်နေ့က အသက် ၁၅ နှစ်အရွယ် အမျိုးသားသည် ဝါဖြေရန် အနီးနားရှိ ဆိုင်တစ်ဆိုင်မှ အသင့်စားခေါက်ဆွဲထုပ်တစ်ထုပ်ကို ဝယ်ယူခဲ့ပြီးနောက် ဤသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသခံရဲများ၏ ပြောကြားချက်အရ ဆယ်ကျော်သက်အရွယ် ညီဖြစ်သူမှာ ဝါဖြေရန် ခေါက်ဆွဲထုပ် သွားရောက်ဝယ်ယူခဲ့သော်လည်း တစ်ထုပ်တည်း ဝယ်လာကြောင်း သိလိုက်ရသည့်အခါ အသက် ၂၇နှစ်အရွယ် အစ်ကိုဖြစ်သူ က ဒေါသထွက်သွားခဲ့ကြောင်း သိရသည်။ အစ်ကို ဖြစ်သူက ညီဖြစ်သူ ကိုပါးရိုက်ကာ ဒေါသတကြီးဖြင့် ပါးကိုညှစ်ခဲ့ကြောင်း လာလန်ခရိုင် ရဲမှူး ဟာဆူရန်ဂန် ဟူတာဂျူလူ က ဧပြီလ ၁ဝရက်နေ့ […]

စခန်းကိုဝင်တိုက်ရာတွင် PDF များ အကာအကွယ်ယူပြီးပစ်သည့် သစ်ပင်များကို ခုတ်ခိုင်းဟုဆို

diz_admin

April 12, 2023

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာတွင်အကာအကွယ်ယူပြီး ပစ်ခတ်ခဲ့သည့် သစ်ပင်များကို စစ်ကောင်စီတပ်က ဒေသခံများကို ခုတ်ခိုင်းကြောင်းဒေသခံအချို့က ပြောသည်။ ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဧပြီလ ၉ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဝင်ရောက်တိုက်ခိုက်ရာတွင် စခန်းအနီးဝန်းကျင်က သစ်ပင်များကို အကာအကွယ်ယူပြီးတိုက်ခိုက်ခဲ့သည် ဟုဆိုကာ တိုက်ခိုက်ခံရပြီး နောက်တစ်ရက်တွင် သစ်ပင်များကို ခုတ်လှဲခိုင်းကြောင်းပကာရီကျေးရွာသား အမျိုးသားတစ်ဦးက ပြောသည်။ “ရွာသားတွေကို အကျပ်ကိုင်ပြီး ခုတ်ခိုင်းတယ်။ ရဲစခန်းအနီးတဝိုက်မှာရှိတဲ့ သစ်ပင်တွေကို ခုတ်ခိုင်းတယ်။ သူတို့ စခန်းကုန်းနဲ့ ကပ်နေတဲ့ သစ်ပင်တွေပေါ့။ အဲဒီနေ့လာတုန်းက သစ်ပင်တွေနဲ့ ကာပြီးပစ်တဲ့သစ်ပင်တွေကို လှဲခိုင်း တယ်။ ဒီသစ်ပင်တွေရှိလို့ သူတို့နဲ့ နီးနီးလာပြီး ကာပြီးပစ်ရတယ်ဆိုတာမျိုး၊ ဒီသစ်ပင်တွေ မရှိရင် သူတို့ကိုကာပြီး ပစ်မရတော့ဘူးဆိုတာမျိုးပေါ့” ဟု ၎င်းက ပြောဆိုသည်။ သစ်ပင်များ […]

လောင်းလုံး စစ်ပြဲရွာက မူးယစ်ဒိုင်ဆိုသူကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ပစ်သတ်

diz_admin

April 12, 2023

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာအုပ်စု ရှေ့ဖက်ကားကျေးရွာမှ အသက် ‌၄၅ နှစ်ဝန်းကျင်အရွယ် လားဂျစ်‌ခေါ် ဦးမျိုးမောင်ဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သ တ်ခဲ့သည်။ ဦးလားဂျစ်မှာ စစ်ပြေးတစ်ဦးဖြစ်ကာ လက်နက်ကိုင်ဆောင်ထားပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးသူလည်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ “သူ့မှာ သေနတ်လည်းရှိတယ်။ တစ်ခါတစ်လေဆို သူတို့အိမ်ကနေ ‌သေနတ်ပစ်ဖောက်နေတတ်တယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။ ဧပြီလ ၁၁ ရက် ညနေပိုင်းအချိန်တွင် ရှေ့ဖက်ကားရွာမှ လယ်ကွင်းများဘက်သွားသည့်လမ်းတွင် နေထိုင်သည့် ဦးလားဂျစ်နေအိမ်သို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ရောက်လာခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ဦးလားဂျစ်မှာ အိမ်တွင်ရှိမနေဘဲ လယ်ကွင်းထဲ တိမ်းရှောင်နေသဖြင့် ယင်းနေရာသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “သွားဖမ်းတာမှာ သူပစ်၊ ကိုယ်ပစ် ပစ်ကြသေးတယ်တဲ့။ လားဂျစ်မှာတော့ ခြေထောက်မှာ ရှပ်ထိသွားတယ်လို့ပြောတယ်။ ပြီးမှာသူ့ကိုကြိုးနဲ့တုပ်ပြီး ဆိုင်ကယ်နဲ့ တင်ခေါ်သွားတယ်” ဟု ၎င်းကဆိုသည်။ […]

စစ်ကောင်စီက ဆုငွေထုတ်ဖမ်းရန် ကြေညာသည့်နေတွင်ပင် DDMSC က လောင်းလုံးတွင် အကြမ်းမဖက်သပိတ်ပြုလုပ်

diz_admin

April 12, 2023

ထားဝယ်ခရိုင် သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမင်းလွင်ဦးကို ဖမ်းပေးပါက ဆုကြေး ကျပ်သိန်း ၃၀၀ ပေးမည်ဟု စစ်ကောင်စီက ကြေညာသည့်ယနေ့တွင်ပင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က လောင်းလုံးမြို့နယ်တွင် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ လောင်းလုံးမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွ‌များနှင့် မီးတိုင်များတွင် ဆုငွေထုတ်ထားသည့် စာများကပ်ပြီး စစ်ကောင်စီက ယနေ့နံနက်တွင် ကြေညာချက် ထုတ်ထားခြင်းဖြစ်သော်လည်း နေ့လယ်ပိုင်းတွင် အကြမ်းမဖက် လူထုသပိတ်လှုပ်ရှားမှုကို ယခင်ရက်များကအတိုင်း ချီတက်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ “တရားမျှတမှုအတွက် တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိ” စာသားပါ ဘန်နာကိုင်ဆွဲ၍ ချီတက်လှုပ်ရှားခဲ့ကြပြီး ဒေသခံ လူငယ်များနှင့် အမျိုးသမီးများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ကလေးသင်္ကြန် ဒုတိယနေ့ ထားဝယ်မြင်ကွင်း

diz_admin

April 12, 2023

ကလေးသင်္ကြန်ဒုတိယနေ့ဖြစ်သည့် ယနေ့ ဧပြီလ ၁၂ ရက်တွင်လည်း ထားဝယ်မြို့ထဲတွင် ကလေးများ ရေပက်ကစားကြသည်ကို မတွေ့ရသေးပေ။ ယနေ့မြို့ထဲ နံနက် ၉ နာရီနှင့် ၁၀ နာရီအကြား မြို့ထဲ အဓိကလမ်းမကြီးအချို့ကို လိုက်လံကြည့်ရူခဲ့ရာ လမ်းမပေါ်တွင် ရေကစားနေသည့်ကလေးများမတွေ့ရပေ။ ဗျောတောဝရပ်ကွက်တွင်မူ ကလေးတစ်စု အိမ်ခြံထဲတွင်ရေဆော့နေသည်ကိုတွေ့ခဲ့ရသည်။ ထားဝယ်ဗဟိုဗဏ္ဍပ်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၀ ဦးခန့်ရှိနေသည်ကိုတွေ့ခဲ့ရသည်။

စော်ဖျားနှင့် ပကာရီတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးမှုများသည်ဟု PDF ထုတ်ပြန်

diz_admin

April 12, 2023

စော်ဖျားနှင့် ပကာရီကျေးရွာတို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရှစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဧပြီလ ၁၁ ရက်က ထုတ်ပြန်သည်။ ဧပြီလ ၉ ရက်နေ့က သရက်ချောင်းမြို့နယ် စောဖျားရွာ ဘုရားကုန်းက စစ်ကောင်စီတပ်စခန်း၊ ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်း၊ မောင်မယ်ရှောင်ရွာက ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စော်ဖျားရွာ ဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးကာ အများအပြားဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ခုနစ်ဦး ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်) က ထုတ်ပြန်ထားသည်။ တိုက်ပွဲမှာ နံနက် ၆ နာရီဝန်းကျင်တွင် စတင်ဖြစ်ပွားပြီး ငါးနာရီနီးပါးကြာမြင့်ခဲ့သည်။   စခန်းရလုဆဲဆဲတွင် စစ်ကောင်စီတပ်ဘက်က အင်အားအများအပြား ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် […]