ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ရာအိမ်မှူးတစ်ဦး ပုဆိန်ဖြင့် ခုတ်ခံရ၍ ဒဏ်ရာပြင်းထန်

diz_admin

April 15, 2023

မြိတ်မြို့၊ပါရမီရပ်ကွက်တွင် ရာအိမ်မှူးတစ်ဦး ပုဆိန်ဖြင့် အခုတ်ခံရပြီး မြိတ်ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှုခံနေရကြောင်း ဒေသခံများထံမှသိရသည်။ မြိတ်မြို့၊ဘုရားကိုင်ရပ်ကွက် ရာအိမ်မှူး ဦးဘလွင်သည် ဧပြီ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းက ပါရမီလမ်းအတိုင်း ဆိုင်ကယ်မောင်းလာစဥ် ပါရမီလမ်းဆုံအနီးတွင် ပုဆိန်ဖြင့် အခုတ်ခံရပြီး လက်ရှိတွင် မြိတ်ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ်ကုသနေရသည်ဟု ၎င်းတို့ကပြောသည်။ “မျက်လုံးအောက်ဘက် ဒဏ်ရာရသွားတယ်။ ဒဏ်ရာကပြင်းထန်တယ်ပြောတယ်။ တစ်ချက်တစ်ချက် သွေးတွေလည်း ထထအန်နေတယ်”ဟု မြိတ်ဆေးရုံတွင် လူနာတင်ထားရသည့် တခြားလူနာရှင် တစ်ဦးက ကပြောသည်။ အသက် ၅၀ ဝန်းကျင်ရှိ ယင်းရာအိမ်မှူးကို မည်သည့်အကြောင်းအရင်းကြောင့် မည်သူက ခုတ်ခဲ့သည်ကိုတော့ မသိရှိရသေးကြောင်း ရပ်ကွက်သားများကပြောသည်။ “ခုတ်တဲ့ ကပ်ပ(ပဆိန်)က ထက်အောင်သွေးထားတာမျိုး မဟုတ်ဘူး။ ဖုန်းထည့်ထားတဲ့ (သူ့)လွယ်အိပ်လည်း ယူသွားတယ်လို့ ကြားရတယ်”ဟု ရပ်ကွက်သား နောက်တစ်ဦး ကပြောသည်။ […]

တနင်္သာရီတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်တကွ CDM ဝင်

diz_admin

April 15, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် အခြေစိုက်ထားသည့် အမှတ် ၅၆၁ တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ  CDM ဝင်ရောက်လာကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်သည်။ ဧပြီလ ၁၄ ရက်နေ့က တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ခိုလုံလာပြီး ၎င်းနှင့်အတူ MA 3 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့် စစ်အသုံးအဆောင်အချို့ ပါလာသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားကို တနင်္သာရီစစ်ဒေသခွဲ၊ ကွပ်ကဲရေးအဖွဲ့မှ ဂုဏ်ပြုချီးမြင့်ငွေ ကျပ်သိန်းသုံးဆယ် ပေးအပ်သွားမည်ဟုလည်း ရေးသားထားသည်။ CDM ဝင်လာသည့် ရဲဘော်ကို ၎င်း၏ဆန္ဒအရ လွတ်မြောက်ဒေသတစ်ခုသို့ ပို့ဆောင်လိုက်ပြီဖြစ်ပြီး နောက်ထပ် CDM ဝင်လာမည့် ရဲဘော်များကိုလည်း နွေးထွေးစွာ ကြိုဆိုစောင့်ရှောက် အကူအညီပေးသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စဈကောငစြီတပသြား CDM ဝငရြောကမြှုနှင့ပြတသြကပြှီး စဈကောငစြီဘကမြှ ထုတပြှနပြှောဆိုထားခှငြးမွိုး မတှေ့ရသးပေ။ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို စစ်ကောင်စီက ဖေဖော်ဝါရီ […]

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာက အမျိုးသားတစ်ဦးနှင် အမျိုးသမီးတစ်ဦး အသတ်ခံရ

diz_admin

April 14, 2023

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာက အမျိုးသားတစ်ဦးနှင် အမျိုးသမီးတစ်ဦး ဧပြီလ ၁၃ ရက်ညပိုင်းက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။ သင်္ကြန်အကြိုနေ့ ည ၇ နာရီခွဲခန့်တွင် ကိုဆံရှည်နှင့် ဒေါ်သောင်းအေးကို လက်နက်ကိုင် အဖွဲ့တစ်ခုက နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာအပြင်ဘက်က သုဿန်တွင် ပစ်သတ်ထားခဲ့သည်ဟု ယင်းကျေးရွာနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရွေးကောက်ပွဲလုပ်ဖို့ မဲစာရင်းတွေလိုက်ကောက်တုန်းက သူတို့ကထိပ်ဆုံးကပါတယ်” ဟု ၎င်းက ဆိုသည်။ ကိုဆံရှည်မှာ အသက် ၄၅ နှစ်ခန့်ရှိမည်ဖြစ်ပြီး ဒေါ်သောင်းအေးမှာ အသက် ၅၅ နှစ်ခန့်ရှိမည်ဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ယင်းအမျိုးသားနှင့် အမျိုးသမီးကို မည်သည့်အဖွဲ့က မည့်သည့်အတွက်ကြောင့် ပစ်သတ်သည်ကို မသိရသေးပေ။

ပုလောကုန်းတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်နေ

diz_admin

April 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ်ရေအများအပြား ပစ်ခတ်နေကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲစဖြစ်ခဲ့ခြင်းဖြစ်ပြီး ပုလောမြို့တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “တမိုင်တောင်၊ နတ်အိမ်တောင်ဘက်မှာ ဖြစ်နေတာပါ။ လက်နက်ငယ်အသံတွေလည်း ကြားနေရတယ်။ လက်နက်ကြီးတွေနဲ့လည်း တအားပစ်တယ်”ဟု ရှမ်းဒွတ်ကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။ သို့သော် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် ပစ်ခတ်သံများ မကြားရတော့ဟု ဒေသခံများကပြောသည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုနှင့် တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကိုမူ မသိရသေးပေ။ သင်္ကြန်အကြိုနေ့ကလည်း ဂျင့်ဂါ၊မော်မိကျေးရွာဘက်သို့ ပုလောစစ်ကောင်စီတပ်မှ လက်နက်ကြီး ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် […]

တိတ်ဆိတ်နေသည့် ကံပေါက်သင်္ကြန်

diz_admin

April 14, 2023

မဟာသင်္ကြန်အကျနေ့(ဧပြီ ၁၄) မနက်ပိုင်း ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ မြို့ပေါ်ရပ်ကွက်များတွင် ရေကစားသူမရှိ တိတ်ဆိတ်နေသည်။ ပုံမှန်နေ့များကဲ့သို့ပင် စျေးသည်၊ စျေးဝယ်များနှင့် လမ်းသွားလမ်းလာများသာ လှုပ်ရှားသွားလာနေကြသည်။ လမ်းမတန်းရပ်ကွက်များ၌ ရေကစားသူမရှိ၊ ရွာအစွန်ရပ်ကွက် အချို့တွင်မူ ရေကစားသည့် ကလေးငယ်တစ်ယောက်စ၊ နှစ်ယောက်စတော့ တွေ့မြင်နေရသည်။ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားသည့်ကံပေါက်တွင် သင်္ကြန်အကျနေ့သို့ပင် ရောက်နေပြီဖြစ်သော်လည်း မဏ္ဍပ်တစ်ခုမျှ မတွေ့ရသေးပေ။ ယခင်က ကံပေါက်သင်္ကြန်မှာ ယခုကဲ့သို့မဟုတ် ဗိုလ်ချုပ်လမ်း စိန်ပုံနှိပ်တိုက် အရှေ့တွင် မဟာသင်္ကြန်မဏ္ဍပ်မှာ နှစ်စဉ်ရှိခဲ့ပြီး ရပ်ကွက်အလိုက် ယိမ်းပြိုင်ပွဲများကျင်းပခဲ့သည်။ ဘုန်းကြီးကျောင်းများကလည်း ဒိုးပတ်အဖွဲ့ ၊ သံချပ်အဖွဲ့ ၊ အကအဖွဲ့ များ နှင့် စူစကာပုဏ္ဏားကဲ့သို့ဝတ်ဆင်ပြီး သရုပ်ဖော်သူများ ဖြင့် အလှူခံထွက်ကြသည်။ အခြားကျေးရွာအုပ်များမှာလည်း ရွာအဝင်ဇရပ်များ၌ အုန်းလက်ရေပက် မဏ္ဍပ်အကြီးများပြုလုပ်ကာ ရေပက်ကစားကြသည်။ ယခုနှစ်တွင်တော့ […]

မြိတ်သင်္ကြန်အကျနေ့ မဏ္ဍပ်များတွင်သာ ရေကစားသူရှိ

diz_admin

April 14, 2023

သင်္ကြန်အကျနေ့တွင် မြိတ်မြို့၏ လမ်းမများပေါ် ကလေးအချို့မှလွဲ၍ ရေကစားကြသူမရှိဘဲ ခြောက်ကပ်နေပြီး ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက် မဏ္ဍပ်များရှေ့တွင်သာ ရေပက်နေကြသူများရှိကြောင်း ဒေသခံများ ထံမှသိရသည်။ လူငယ်အချို့သာ ရေပက်ခြင်း ရေပက်ခံထွက်ခြင်းများ ရှိသည်ဟု မြို့ခံများကပြောသည်။ အာဏာမသိမ်းမီက မြိတ်မြို့၏ အဓိကလမ်းများဖြစ်သည့် ကန်ဖျားလမ်း၊မြစ်ငယ်လမ်း၊ မြို့သစ်လမ်း၊ တိုးချဲ့လမ်း၊ လေယာဉ်ကွင်းလမ်းနှင့်ကမ်းနားလမ်းတို့တွင် ရေကစားကြသူများသည်။ ဓာတ်ပုံ – CJ

တကူတိုက်နယ်တွင် ကျင်းပသည့် ရိုးရာကျားအက

diz_admin

April 14, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ကျေးရွာတွင် ယနေ့(သင်္ကြန်အကျနေ့) နံနက်က ရိုးရာကျားအက ကပြခဲ့ကြသည်။ တကူတိုက်နယ် ကျေးရွာအုပ်စုသည် NUG (အမျိုးသားညီညွတ်ရေးအစိုးရ)၏ ပြည်သူ့ကာကွယ်ရေးတပ်က စိုးမိုးထားသော နယ်မြေတစ်ခုဖြစ်သည်။ တနင်္သာရီမြို့တွင်လည်း သင်္ကြန်အကြိုနေ့က ကျားအကပြုလုပ်ခဲ့သေးကြောင်း သိရသည်။