ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကန့်ကွက်မဲများသဖြင့် ပီထာ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခံခွင့်မရှိတော့

Dawei Watch

July 19, 2023

ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် ပီထာကို အမည်စာရင်းတင်သွင်းရာတွင် ကန့်ကွက်သူ လွှတ်တော်အမတ် ၃၉၅ ဦးရှိသဖြင့် ပီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံတင်သွင်းရွေးချယ်ခံခွင့် မရှိတော့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပီထာကို နောက်တစ်ကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခွင့်မရှိကြောင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၉၅ မဲ၊ ကန့်ကွက်မဲ ၃၁၂ မဲနှင့် ကြားနေမဲ ၈ မဲ ရှိခဲ့သည်။ ထို့ကြောင့် ဝန်ကြီးချုပ်ဖြစ်ရန် ကြိုးစားနေသော Move Forward ပါတီခေါင်းဆောင် ပီထာသည် အမည်စာရင်း ထပ်မံတင်သွင်းခွင့် မရှိတော့ပေ။ ယနေ့လွှတ်တော်တွင် ကျင်းပသော ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ထပ်မံအမည်တင်သွင်းခဲ့သော ပီထာကို လွှတ်တော်၏ စည်းမျဉ်းစည်းကမ်းများအရ ထပ်မံ တင်သွင်းခွင့်မရှိကြောင်း အထက်လွှတ်တော်အမတ်များနှင့် အတိုက်အခံပါတီများက အကြိတ်အနယ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိတွင် […]

ရေကြီးနေသည့် မော်လမြိုင်မြို့ပေါ်တွင် ကလေးငယ်သုံးဦး ရေနစ်သေဆုံး

Dawei Watch

July 19, 2023

ရေကြီးရေလျှံနေသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကလေးငယ်သုံးဦး ရေနစ်သေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းကတည်းက ရေကြီးရေလျှံနေသည့် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်တို့တွင် ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ရေ သုံးပေခန့် နစ်မြုပ်နေသည့် သီရိမင်္ဂလာရပ်ကွက် ၁၇ လမ်း အောက်ပိုင်းတွင် အသက်တစ်နှစ်ခွဲအရွယ် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကလေးက အိမ်မှာ အဖိုး၊ အဖွားနဲ့ နေရင်းမှ ပျောက်ဆုံးလို့ ရှာဖွေရာကနေ ခြံထဲမှာ ရေနစ်သေဆုံးလျှက်တွေ့တာ” ဟု ၎င်းက ပြောဆိုသည်။ အလားတူ သီရိမြိုင်ရပ်ကွက် ၈ လမ်း အောက်ပိုင်းတွင်လည်း ရေလျှံနေသည့် မြောင်းအတွင်း […]

အာဇာနည်နေ့ လူထုသပိတ် လောင်းလုံးတွင်ပြုလုပ်

Dawei Watch

July 19, 2023

အာ‌ဇာနည်နေ့ အထိမ်းအမှတ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့နံနက်တွင် လောင်းလုံးမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြသည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်သည့် ယင်းလှုပ်ရှားမှုတွင် ‘သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်’ စာသားပါ ဘန်နာကိုကိုင်ဆွဲ ချီတက်ခဲ့ကြသည်။

အာဇာနည်နေ့တွင် ဗိုလ်မှူးကြီးဗထူးဇာတိရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

Dawei Watch

July 19, 2023

ယနေ့ကျရောက်သည့် အာဇာနည်နေ့တွင် ဗိုလ်မှူးကြီးဗထူး၏ ဇာတိကျေးရွာရှိ ဗိုလ်မှူးကြီးဗထူးရုပ်တု စိုက်ထူးထားရာ နေရာအနီးသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ဗိုလ်မှူးကြီးဗထူး၏ ဇာတိကျေးရွာမှာ လောင်းလုံးမြို့နယ်ရှိ လေးသွန်းခံကျေးရွာဖြစ်သည်။ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် စစ်ကောင်စီတပ်က လေးသွန်းခံကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် လေးငါးကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည်တစ်လုံးသည် ဗိုလ်မှူးကြီးဗထူးရုပ်ထုနှင့် ကိုက် ၃၀၀ ကျော်ခန့်အကွာ လေးသွန်းခံတိုက်ကျောင်း (ဘုန်းကြီးကျောင်း) နံဘေးရှိ အိမ်နှစ်ဆောင်ကြားကျရောက်ပေါက်ကွဲကြောင်း ဒေသံအချို့က ပြောဆိုသည်။ လက်နက်ကြီးထိမှန်သဖြင့် နေအိမ်နှစ်ဆောင်ရှိ ပြတင်းပေါက်မှန်များ ကွဲကြေသွားကြောင်း ၎င်းတို့က ဆိုသည်။ ကျန်လက်နက်ကြီးကျည်တို့မှာ ‌ဗိုလ်မှူးကြီးဗထူးကျေးရုပ်တု၏ နောက်ကျောဘက် ဆီအုန်းတောထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ လက်နက်ကြီးကျရောက်သည့်အချိန်မှာ ၁၀ […]

ထိုင်းလွှတ်တော်ရှေ့တွင် ဆန္ဒပြ

Dawei Watch

July 19, 2023

ပီထာကို iTV ရှယ်ယာများပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ရန် အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပါလီမာန်လွှတ်တော်ရှေ့ တံခါးပေါက်တွင် Move Forward ပါတီထောက်ခံသူများက ဆန္ဒပြနေကြခြင်းဖြစ်သည်။ ယနေ့ နေ့လယ်ပိုင်းတွင် Move Forward ပါတီထောက်ခံသူ ၁၅၀ နီးပါးက လွှတ်တော်ရှေ့ တံခါးပေါက်တွင် အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်အား စိတ်ပျက်ဒေါသထွက်မှုကို ပြသသည့်အနေဖြင့် ဆန္ဒပြနေခြင်းဖြစ်ကြေင်း သတင်းတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို အမြန်ဆုံးရပ်တန့်ကြဖို့ သတိပေးထားပြီး အခြေအနေမှာ တင်းမာနေကြောင်း ဖော်ပြထားသည်။ အခြေခံဥပဒေခုံရုံးက နောက်ထပ်အမိန့်မချမှတ်ခင်အထိ ပီထာသည် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခံရမည်ဖြစ်ပြီး ၎င်းကို ပြန်လည်ရှင်းလင်းချေပရန် ခုံရုံးက ၁၅ ရက်အချိန် သတ်မှတ်ပေးထားသည်။ ပီထာမှာ လွှတ်တော်အမတ်အဖြစ်က ဆိုင်းငံ့ခံထားရသော်လည်း ဝန်ကြီးချုပ်လောင်းအဖြစ် ဆက်အရွေးခံမည်ဖြစ်ကြောင်း ပါတီ၏ Twitter စာမျက်နှာက […]

မြိတ်တွင် မိုးသက်လေပြင်းကြောင့်သမ္ဗန်လှေ ၁၅ စီး နစ်မြုပ်

Dawei Watch

July 19, 2023

မြိတ်မြို့တွင် မိုးသက်လေပြင်းများကျရောက်သဖြင့် ဇူလိုင်လ ၁၈ နှင့် ၁၉ ရက် နှစ်ရက်တာအတွင်း သမ္ဗန်‌လှေ၁၅ စီးခန့် နစ်မြုပ်ခဲ့ရကြောင်း သမ္ဗန်‌ မောင်းနှင်သူအချို့က ပြောသည်။ မြိတ်ကမ်းနားလမ်းရှိ ဆားတံတား၊ ပြည်တော်သာတံတားနှင့် ဆိပ်ငယ်တံတားတို့ရှိ သမ္ဗန်‌လှေများ နစ်မြုပ်နေကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့က မြုပ်တာ အစီးရေနည်းတယ်။ ညတုန်းက မိုးလေတအားကြမ်းတော့ မနေ့ကထက် မြုပ်တဲ့လှေပိုများတယ်။ အားလုံး ၁၅ စီးလောက်ရှိမယ်” ဟု ပြည်တော်သာတံတားရှိ သမ္ဗန်လှေမောင်းနင်သူတစ်ဦးက ပြောဆိုသည်။ ပင်လယ်ရေတက်သည့်အချိန်တွင်မိုးသက်လေပြင်းများကျရောက်ပြီး လေပြင်းကြောင့် လှိုင်းများပုတ်ခတ်လာသဖြင့် ကမ်းနားတစ်လျှောက် ကျောက်ချရပ်နားထားသည့် သမ္ဗန်လှေများ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။ “အရင်တုန်းက ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး။ အလွန်ဆုံး တစ်စီးစ နှစ်စီးစပဲ မြုပ်တတ်တာ။ ရေကလည်း လမ်းပေါ်အထိ တက်မြုပ်နေတာ” […]

ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားရန် ဆုံးဖြတ်

Dawei Watch

July 19, 2023

ပီထာကို iTV ရှယ်ယာများပိုင်ဆိုင်ထားမှုနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးရန် အခြေခံဥပဒေခုံရုံးက ယနေ့ (ဇူလိုင် ၁၉) တွင် လက်ခံလိုက်ပြီးနောက် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အခြေခံဥပဒေခုံရုံးက နောက်ထပ်အမိန့်မချမှတ်ခင်အထိ ပီထာသည် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခံရမည်ဖြစ်သည်။ ယင်းအမှုကို ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲမတိုင်ခင် တစ်ရက်အလို ဇူလိုင်လ ၁၂ ရက်နေ့တွင် အခြေခံဥပဒေခုံရုံးထံသို့ တိုင်ကြားထားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်က ပီထာကို မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အနေဖြင့် ရွေးကောက်ခံခွင့်မရှိဟူသော စွပ်စွဲချက်ဖြင့် ခုံရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ Ref: Thai Enquirer, Khaosod English

မော်လမြိုင်မြို့ပေါ်ရပ်ကွက်အားလုံးနီးပါး ရေကြီး၊ လူအချို့ပြောင်းရွှေ့နေရ

Dawei Watch

July 19, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး လူအချို့ပြောင်းရွှေ့နေရကြောင်း မြို့ခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တို့တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့သည်။ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းမူ ဈေးကြို၊ မြိုင်သာယာ၊ သီရိမင်္ဂလာ၊ သီရိမြိုင်၊ စာရင်းကြီးကုန်း၊ ရွှေပြည်အေး၊ ရွှေပြည်စိုး၊ ဒိုင်းဝန်ကွင်း၊ ဇေယျာ ၁/၂/၃၊ သုခဝတီ အစရှိသည့် မြို့ပေါ်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဆိုးရွားနေကြောင်း မြို့ခံတို့က ပြောသည်။ “မိုးက ဆက်တိုက်ကို ရွာနေတယ်။ အခုထိလည်း သည်းကြီးမဲကြီးရွာနေဆဲပဲ။ ရပ်ကွက်တွေမှာ မနေ့ညနေပိုင်းလောက်ကတည်းက ရေစဝင်နေတာ။ ဒီမနက်မှာတော့ ရပ်ကွက်အတော်များများမှာ ရေဝင်ကုန်တယ်။ လမ်းတွေမှာလည်း ရေတွေကျော်နေတော့ သွားလာဖို့လည်း အခက်အခဲရှိတယ်” […]