ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော်သူးလေတပ်က မိုင်းဆွဲတိုက်ခိုက်၍ KNU တပ်မဟာ ၄ က ဗိုလ်ဖိုးချစ်အပါအဝင် နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

Dawei Watch

July 20, 2023

KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း (၁၀) က ဗိုလ်မှူးဖိုးစီ(ခ)ဗိုလ်ဖိုးချစ် လိုက်ပါလာသည့်ကားကို ထားဝယ် အရှေ့တောဒေသတွင် မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကော်သူးလေတပ်မတော် (KTLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ကော်သူးလေတပ်မတော် (KTLA) တနင်္သာရီတိုင်းစစ်ဌာနချုပ် ဦးဆောင်သူ ဗိုလ်အယ်ကွီးနှင့်အဖွဲ့ ထီးခီးမှ ဖောင်းတောဘက်သို့လာချိန် ဗိုလ်ဖိုးချစ်တို့အဖွဲ့က နှစ်ဖက်ညှပ်တိုက်မည်ဆိုသော သတင်းရသည်ဟု ကော်သူးလေ၏ တပ်ခွဲတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းကြောင့် ဖောင်းတောမှ ထွက်လာသည့် ဗိုလ်ဖိုးချစ်ကားကို ကော်သူးလေ၏ တပ်ရင်းတပ်ဖွဲ့က ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ “သေတာက ဗိုလ်ဖိုးချစ်ရယ်၊ သူ့တပည့်ရယ်၊ ကျန်တဲ့နှစ်ယောက်လည်း ဒဏ်ရာရတယ်” ဟု ယင်းတာဝန်ရှိသူက ပြောဆိုသည်။ […]

ရန်ကုန်တွင် ဆေးသွားကုပြီး ထားဝယ်သို့ပြန်လာသည့်အမျိုးသမီး ယာဉ်တိုက်မှုကြောင့်သေဆုံး

Dawei Watch

July 20, 2023

ရန်ကုန်မြို့တွင် သွားရောက်ဆေးကုသမှုခံယူပြီးနောက် ထားဝယ်မြို့သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦးသည် လမ်းခရီးတွင် ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။ သေဆုံးသူမှု ထားဝယ်မြို့ တလိုင်းမရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၉ နှစ်အရွယ်ရှိ ဒေါ်ရီရီနွယ်ဆိုသူ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဒေါ်ရီရီနွယ် ရန်ကုန်မှ လိုက်ပါလာသော မော်တော်ယာဉ်နှင့် သံဖြူဇရပ်ဘက်မှလာသည့် မော်တော်ယာဉ်တို့ မုဒုံမြို့နယ် ဖဒိုကျေးရွာအနီး မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမတွင် ဇူလိုင်လ ၁၈ရက် နေ့လယ် ၁၂နာရီခွဲ ဝန်းကျင်တွင် တိုက်မိခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ဒေါ်ရီရီနွယ်မှာ နံရိုးကျိုးပြီး အဆုတ်ကို ထိုးဖောက်သွားသည့်ဒဏ်ရာဖြင့် ယာဉ်တိုက်မှုဖြစ်ရာနေရာတွင် သေဆုံး သွားကြောင်း သေဆုံးသူ၏ မောင်တော်စပ်သူက ဆိုသည်။ “အစ်မ ယောက်ျားကတော့ ခါးရိုးကျိုးသွားပါတယ်” ဟု ၎င်းက ပြောဆိုသည်။ […]

ကော့သောင်း လုံးဖော‌ရွာတွင် အိမ်ခြေတစ်ရာကျော် ရေနစ်မြုပ်၊ လူလေးရာကျော် ရေဘေးသင့်

Dawei Watch

July 20, 2023

ကော့သောင်းခရိုင် ခမောက်ကြီးကော့သောင်းခရိုင် ခမောက်ကြီးမြို့ လုံးဖောရွာတွင် အိမ်ခြေတစ်ရာကျော် ရေကြီးနစ်မြုပ်ပြီး လူလေးရာကျော် ရေဘေးသင့်ခဲ့ကြောင်း လုံးဖောရွာနေသူအချို့က ပြောသည်။မြို့ လုံးဖောရွာတွင် အိမ်ခြေတစ်ရာကျော် ရေကြီးနစ်မြုပ်ပြီး လူလေးရာကျော် ရေဘေးသင့်ခဲ့ကြောင်း လုံးဖောရွာနေသူအချို့က ပြောသည်။ မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခိုက်ပြီး ‌တောင်ကျရေများဆင်းလာသည့် တစ်ချိန်တည်းတွင် ပင်လယ်ရေလည်း တက်လာသဖြင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၆နာရီမှစတင်ကာ ရေကြီးရေလျှံခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အိမ်ရော၊ လမ်း‌ရောဆိုရင် ရေအမြင့်က လူအရိုးနှစ်ရပ် (လူနှစ်ယောက်အရပ်) အထိ မြုပ်သွားတာ။ ဆိုင်ကပစ္စည်းတွေဆို အိမ်ထဲမှာ ပေါလောပေါ်နေလို့ အိမ်ပိတ်ပြီး လွတ်ရာပြောင်းနေရတယ်” ဟု လုံးဖောရွာ ဆီအုန်းတောဘက်ရှိ ကုန်စုံအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ မိုးရေများနှင့် ပင်လယ်ရေများကြောင့် ဆီ‌အုန်းတောဘက်မှ ရေစတင်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဆီအုန်းတောထဲမှာတောင် […]

ထုံခါ-မောတောင်လမ်း ပြန်ဖွင့်

Dawei Watch

July 20, 2023

တိုက်ပွဲကြောင့် တစ်ပတ်နီးပါးအကြာ ပိတ်ထားသည့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ကော်သူးလေတပ်မတော် (KTLA)က ယနေ့ထုတ်ပြန်လိုက်သည်။ တိုက်ပွဲကြောင့် ထုံခါ-မောတောင်လမ်းပိုင်းကို ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ကာ အသုံးမပြုရန် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များက ထုတ်ပြန်ထားပြီးနောက် ယနေ့(ဇူလိုင် ၂၀)တွင်သွားလာခွင့် ပြန်ပြုလိုက်ခြင်းဖြစ်သည်။ “မောတောင်လမ်း ဒီနေ့ပြန်ဖွင့်တာ သိပြီးပါပြီ။ မနက်ဖြန် ကားတွေ ပြန်ထွက်ဖို့စီစဥ်နေပါတယ်”ဟု မြိတ်မြို့မှ ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦး ကပြောသည်။ ယင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ကော်သူးလေအပါအဝင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့ ငါးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွါခဲ့သည်။ ထုံခါ-မောတောင်ကုန်သွယ်ရေးလမ်းသည် မြိတ်ခရိုင်ဘက်မှ ရေထွက်ပစ္စည်းများ ထိုင်းနိုင်ငံသို့တင်ပို့ရာ မောတောင်-စင်းခွန်နယ်စပ်ဂိတ်သို့သွားရောက်ရသည့် လမ်းဖြစ်သည်။

တာခ့်ခရိုင်တွင် ကားတိုက်မှုကြောင့် တရားမဝင် မြန်မာလုပ်သားများ သေဆုံး

Dawei Watch

July 20, 2023

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်၊ တာခ့်မြို့ မီးပွိုင့်လမ်းဆုံတွင် တရားမဝင် မြန်မာအလုပ်သမားများပါသော ပစ်ကပ်ကားနှင့် ၆ ဘီးတပ်ကုန်တင်ကား တိုက်မိပြီး ကားသမားနှင့် မြန်မာအလုပ်သမား ၅ ဦး သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကားတိုက်မှုသည် ယနေ့ (ဇူလိုင် ၂၀) နံနက် ၄ နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာအလုပ်သမား ၁၂ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ မြို့ထဲရှိ လမ်းဆုံတွင် ကားတိုက်မှုဖြစ်ကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့များနှင့် ဆေးရုံကယ်ဆယ်ရေးအဖွဲ့များ အရေးပေါ်သွားရောက် ကူညီခဲ့ကြသည်။ ကားတိုက်မှုကြောင့် ပစ်ကပ်ကား တစ်စီးလုံး လုံးဝပျက်စီးနေပြီး လမ်းပေါ်လွင့်စင်နေသူများ၊ ကားထဲပိတ်မိနေသူများကို တွေ့ရှိခဲ့ရသည်။ ကားအတွင်း ပိတ်မိနေသူများကို ဖြတ်စက်များသုံး၍ ကယ်ထုတ်ပေးခဲ့ရပြီး ကားသမားအပါအဝင် သေဆုံးသူ ၅ ဦးစလုံးက အမျိုးသားများဖြစ်သည်။ ကျန် ပြင်းထန်ဒဏ်ရာရရှိထားသော […]

တနင်္သာရီတွင် ငါးရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ပြန်ဆုတ်သွားဟုဆို

Dawei Watch

July 19, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲငါးရက်ဆက်တိုက်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဆုတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှ သိရသည်။ တနင်္သာရီ မောတောင်လမ်းပိုင်း သိန်ခွန်းကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်အထိ နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် ယနေ့ မွန်းလွဲတွင် စစ်ကောင်စီတပ်ပြန်ဆုတ်သွားကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ သိန်ခွန်းကျေးရွာအုပ်စု သဲဖြူရွာဖက်မှ စစ်ကောင်စီတပ်ဗျူဟာရှိသည့် ရေဖြူရွာဖက်သို့ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆိုသည်။ “ဒီနေ့တော့ သဲဖြူရွာကနေ ရေဖြူဖက်ပြန်ဆုတ်သွားကြပြီ။ တဖြည်းဖြည်းနဲ့ တိုးလာတာ တိုးလို့မပေါက်တော့ ပြန်ဆုတ်သွားကြတာ” ဟု ၎င်းက ပြောဆိုသည်။ ဇူလိုင်လ ၁၅ ရက်နေ့က ရေဖြူရွာဖက်မှ ကားကြီး ငါးစီး၊ အင်အား ၁၀၀ […]

ရေဖြူတွင် စစ်ဘေးရှောင်တစ်ရာဝန်းကျင် ကျန်းမာရေးမကောင်း၊ စားနပ်ရိက္ခာလည်းအလွန်ခက်ခဲနေ

Dawei Watch

July 19, 2023

ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြီးမားနေပြီး စစ်ဘေးရှောင်တစ်ရာဝန်းကျင်မှာလည်း ကျန်းမာရေးမကောင်းဖြစ်နေကြောင်း စစ်ဘေးရှောင်အချို့က ပြောသည်။ ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိသည့် နဘုလယ်ဒေသသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်လာသောကြောင့် ဧကနိကျေးရွာနှင့်အနီးတစ်ဝိုက်က ဒေသခံ သုံးရာဝန်းကျင် တော၊ တောင်ထဲတွင် စစ်ဘေးရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။ မိုးရာသီဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးနှင့် ကုသပေးသူ မလုံလောက် ဖြစ်နေကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ ယင်းအပြင် သွေးတိုး၊ ဆီးချိုအပါအဝင် ရောဂါအခံရှိသူများလည်း ကျန်းမာရေးမကောင်းဖြစ်နေပြီး ကျန်းမာရေးမကောင်းသူ တစ်ရာဝန်းကျင် ရှိနေကြောင်း ၎င်းက ပြောဆိုသည်။ “သွေးလွန်တုပ်ကွေးဖြစ်လို့ အရမ်းအခြေအနေဆိုးတဲ့ ကလေးနှစ်ယောက်နဲ့ လူကြီးတစ်ယောက်ရှိတယ်။ ဖျားနာတာက အိမ်တိုင်း (ယာယီတဲ) နီးပါးဖြစ်တယ်။ သွေးတိုး၊ ဆီးချိုသမားတွေအတွက် […]

ပုလောပြည်သူ့ကာကွယ်ရေးတပ်က အာဇာနည်နေ့ အခမ်းအနားကျင်းပ

Dawei Watch

July 19, 2023

ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း ၁ မှ ၇၆ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင် အသက်ပေးလှူ ကျဆုံးခဲ့ရသည့် အမှတ် ၁ တပ်ရင်းမှ ရဲဘော် ၁၅ ဦးတို့ကိုလည်း လွမ်းသူပန်းခွေချခြင်း အလေးပြုခြင်းတို့ ပြုလုပ်ခဲ့သည်။ တစ်ဆက်တည်း လက္ကူးကျေးရွာမှ ဖမ်းဆီးရမိသည့် စိတ်ကြွဆေး ခြောက်သောင်းကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။