တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
July 22, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ စစ်ကောင်စီကို ဥရောပသမဂ္ဂက ထပ်မံအရေးယူ စစ်ကောင်စီ ဝန်ကြီးတွေ၊ အဖွဲ့ဝင်တွေ၊ စစ်ထောက်ချုပ်အပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့ နိုင်ငံပိုင်အမှတ် (၂) သတ္တုတွင်းလုပ်ငန်းကို ဥရောပသမဂ္ဂက ပြစ်ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ဒီလိုအရေးယူတာကို ဇူလိုင်လ ၂ဝရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ ဒါဟာ စစ်ကောင်စီနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂက ခုနစ်ကြိမ်မြောက်အဖြစ် အရေးယူပိတ်ဆို့လိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်မြင့်တက်လာတာ၊ ပြင်းထန်ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုတွေအတွက် ခြိမ်းခြောက်မှုတွေ ဆက်လက်ဖြစ်ပေါ် နေတာကြောင့် အခုလိုအရေးယူတာလို့ ဆိုပါတယ်။ ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲ ထည့်သွင်းခံလိုက်ရသူတွေထဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ […]


