ထားဝယ်မြို့ရှိ တိုင်းအစိုးရဝန်ကြီးများအိမ်ရာ လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခံရ
Dawei Watch
July 23, 2023ထားဝယ်မြို့ပေါ်ရှိ တနင်္သာရီတိုင်း စစ်ကောင်စီအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ထားဝယ်မြို့ခံများနှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF တို့ထံမှ သိရသည်။ ဇူလိုင်လ ၂၂ ရက် ည ၈ နာရီခွဲခန့်က ၈၁ မမ စိန်ပြောင်းဖြင့် လက်နက်ကြီးကျည် ခုနစ်လုံး ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း LLPDF က ယနေ့ ဇူလိုင်လ ၂၃ ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ လက်နက်ကြီးကျည် ခုနစ်လုံးစလုံးသည် ဝန်ကြီးများအိမ်ရာဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါဝန်ကြီးများအိမ်ရာကို LLPDF က မေလကုန်ပိုင်းက တစ်ကြိမ်၊ ဇူလိုင်လ ၁၆ ရက်က တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယခုတိုက်ခိုက်မှုမှာ တတိယအကြိမ်မြောက်ဖြစ်သည်။ လက်နက်ကြီးပစ်ခတ်သံကို ည ၁ နာရီခန့်အထိ […]


