ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြောက်ကိုရီးယား ဒုံးကျည်ရန်ကြောင့် ဂျပန်တွင် စစ်ရေးသတိရှိရန် ညွှန်ကြား

diz_admin

April 24, 2023

မြောက်ကိုရီးယားက ၎င်း၏ ပထမဆုံး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုလ်တုကို ပစ်လွှတ်ရန် အသင့်ဖြစ်နေကြောင်း နိုင်ငံပိုင်မီဒီယာ မှတစ်ဆင့် ယခုသီတင်းပတ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဤဖြစ်စဉ် အပြီး မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်ကို ပစ်ချနိုင်ဖို့ရာ ပြင်ဆင်ထားကြရန် ဂျပန်အစိုးရ က ၎င်း၏ စစ်တပ်ကို ဧပြီလ ၂၂ရက်နေ့တွင် အမိန့်ပေးခဲ့ကြောင်း သိရသည်။ ယင်းဂြိုဟ်တုကို ပတ်လမ်းတွင်းသို့ ချထားနိုင်ရန် တာဝေးပစ်ဒုံးကျည် နည်းပညာကို စမ်းသပ်ရမည် ဖြစ်သည့်အတွက် တားမြစ်ခံထားရသည့် မြောက်ကိုရီးယား အနေနှင့် ဤအခြေအနေကို အသုံးပြုကာ တာဝေးပစ် ဒုံးကျည်ဆိုင်ရာ နည်းပညာစမ်းသပ်မှု ဆောင်ရွက်ဖွယ်ရှိကြောင်း ကုလသမဂ္ဂက ရှုမြင်ထားသည်။ ဧပြီလ ၂၂ရက်နေ့တွင် ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ယာဆာကူဆူ ဟာမာဒါ က နိုင်ငံ၏ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အား ပဲ့ထိန်းဒုံးကျည်များနှင့် အခြားသော အရာများကို […]

မြိတ်မြို့ စည်ပင်ရုံးရှေ့တွင် ကားဗုံးပေါက်ကွဲပြီး နှစ်ဦးသေဆုံး

diz_admin

April 23, 2023

မြိတ်မြို့တွင် ယနေ့ ညနေပိုင်းက ကားဗုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း မြို့ခံများက ပြောသည်။ ယနေ့ ဧပြီလ ၂၃ရက် ညနေ ၄ နာရီခွဲဝန်းကျင်က မြိတ်မြို့ ပန်းခြံအနီးစည်ပင်ရုံးရှေ့တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ကားပေါ်တွင် ထိုင်နေသည့် အသက်ကြီးအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတဦးတို့ ပွဲချင်းပြီးသေဆုံးသွားကြောင်း မျက်မြင်လမ်းသွားလာသူများက ဆိုသည်။ “ဒုံးဆိုပြီး အသံအကျယ်ကြီးတစ်ချက်ကြားတယ်။ နောက်ထပ်တစ်ချက်လည်း ထပ်ကြားရတယ်။ သွားကြည့်တော့ ကားပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတဦး သေဆုံးနေတာတွေ့ရတယ်။ လက်ကိုင်ကွင်းထက် မျက်နှာမှောက်သေနေပြီး ဟွန်းတွေလည်း ထမြည်နေတယ်” ဟု လမ်းသွားလမ်းလာမြို့ခံတစ်ဦးက ပြောသည်။ ကားမှာ အိမ်စီးကား ဟွန်ဒါဖစ်အညိုနက်ရောင်ဖြစ်ပြီး ပေါက်ပွဲမှုကြောင့် ကားဘီပေါက်ပြီး ဘောလုံးကွင်းရှေ့မှ လမ်းနိမ့်သည့် ကရင်ဘုရားကျောင်းရှေ့သို့ နောက်ပြန်ရောက်သွားသည်ဟု မျက်မြင်အချို့က ပြောဆိုသည်။ ပေါက်ကွဲမှု ဖြစ်စဉ်ကိုလည်း အသေးစိတ်အခြေအနေနှင့် […]

ဘုရားမဲစစ်ဆေးရေးဂိတ်အနီးတိုက်ပွဲတွင် အရပ်သားတစ်ဦးဒဏ်ရာရ

diz_admin

April 23, 2023

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ယနေ့ ဧပြီလ ၂၃ ရက် နံနက်စောစောတွင် ဖြစ်ပွားသောတိုက်ပွဲတွင် လက်နက်ကြီးကျည်စထိမှန်ကာ အရပ်သားတစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက် ၅ နာရီခွဲဝန်းကျင်ကစပြီး နံနက် ၉နာရီကျော်အထိ စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်တို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြစ် အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဥယျာဉ်ခြံထဲ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် ကျည်စထိမှန်ကာ ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ မပြင်းဘူး။ လက်နက်ကြီးအစ လာစင်တယ်၊ ခါးစောင်းမှာ ထိတယ်” ဟု ၎င်းက ဆိုသည်။ လေးနာရီကျော်ကြာဖြစ်ပွားခဲ့‌သည့် အဆိုပါတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှု ရှိမရှိ အခြေအနေကိုမူ မသိရသေးပေ။ အဆိုပါတိုက်ပွဲကြောင့် ရန်ကုန်-ထားဝယ် အဝေးပြေးကားအချို့ လေးနာရီခန့်ကြာ လမ်းကြောင်း […]

ပုလောကုန်း စစ်ဆေးရေးဂိတ်စခန်း ဆက်တိုက်တိုက်ခိုက်ခံရ

diz_admin

April 23, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ပျူစောထီး အားအကောင်းဆုံးဖြစ်သည့် ပုလောကုန်းရွာက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်စခန်း ဆက်တိုက် တိုက်ခိုက်ခံနေရကြောင်း ဒေသခံများက ပြောသည်။ ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ရှိသည့် ပုလောကုန်းစခန်းသည် ဧပြီလ ၁၄ ရက်နေ့က တစ်ရက်တည်း နှစ်ကြိမ် တိုက်ခိုက်ခံရပြီး ဧပြီ ၂၂ရက် ည ၉နာရီဝန်းကျင်ကလည်း ထပ်မံတိုက်ခိုက်ခံရကြောင်း ဒေသခံများက ဆိုသည်။ “မကြာမကြာလာလာတိုက်နေကြတယ်။ တိုက်ပွဲဖြစ်ရင် ပုလောဖက်က လက်နက်ကြီးတွေ ထုလို့ ကျွန်တော်တို့က ပြေးပြေးပုန်းရတယ်” ဟု ပုလောကုန်းကျေးရွာအနီး ဝက်တိုးရွာ ဒေသခံတစ်ဦးက ပြောသည်။ မနေ့ညကဖြစ်သည့် တိုက်ပွဲရှိရာသို့ ပုလောမြို့ ၂၈၅ တပ်ရင်းက လက်နက်ကြီး ငါးချက်ခန့် ပစ်ခတ်ခဲ့သလို ပဝတ်ကုန်းနှင့် တမိုင်တောင်ဖက်ကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “အထိအခိုက်က မသိရသေးဘူး” […]

ထိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း တိုးလာဖွယ်ရှိ၊ မိုးရာသီတွင် ပိုဆိုးလာနိုင်ဟုထုတ်ပြန်

diz_admin

April 23, 2023

ထိုင်းနိုင်ငံတွင် ဆုန်ခရန် ရေသဘင်ပွဲတော်ကို လူစုလူဝေးနှင့် ပြန်လည်ကျင်းပခဲ့ပြီးနောက် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပိုမိုတိုးမြင့်လာနိုင်ဖွယ်ရှိပြီး ယင်းဗိုင်းရပ်စ်သည် ရာသီအလိုက် ဖြစ်တတ်သည့် ကူးစက်ရောဂါများကဲ့သို့ စိုးရိမ်စရာဖြစ်လာကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ခဲ့သည်။ “ကူးစက်ရောဂါဗေဒဌာနခွဲရဲ့ တွေ့ရှိမှုအရ ကိုဗစ်-၁၉က တုပ်ကွေးလိုမျိုး ရာသီအလိုက် ကူးစက်နိုင်တဲ့အနေအထား ရှိနေပါတယ်” ဟု ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တာရက်စ် ကရက်ဆာနိုင်ရာဝီဝုန် က ပြောကြားခဲ့သည်။ ထို့အပြင် မကြာမီလာတော့မည့် မိုးရာသီမှာလည်း ကိုဗစ်-၁၉ ကူးစက်မှု ပိုမိုတွေ့ရှိလာနိုင်ဖွယ် ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။ “ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေကို မိုးရာသီမစတင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးကြဖို့အတွက် တိုက်တွန်းပေးစေချင်ပါတယ်” ဟု ဒေါက်တာ တာရက်စ် က ပြောကြားခဲ့သည်။ ကျန်းမာရေး […]

အီတလီလက်ဝှေ့မယ်ကို အနိုင်ယူပြီး မွေထိုင်း ၁၁ ပွဲဆက်တိုက် အနိုင်ရသည့်စံချိန်ကို ဘရော်နီကာ စိုက်ထူ

diz_admin

April 23, 2023

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ သည် အီတလီနိုင်ငံ၊ ရောမမြို့သို့ သွားရောက်ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲစဉ်တွင် ပြိုင်ဘက် အီတလီလက်ဝှေ့မယ် အက်စ်တာ ဗွိုင်အိုလာ ကို အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။ ပွဲချီ သုံးချီပြည့် ထိုးသတ်ပြီးသည့်နောက် တစ်ဦးနှင့် တစ်ဦး အလဲထိုးနိုင်ခြင်း မရှိသည့်အတွက် ဘရော်နီကာနှင့် အက်စ်တာ ဗွိုင်အိုလာတို့က အမှတ်ပေးဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ခံယူခဲ့ရကာ အမှတ်ပေးဒိုင်လူကြီးများက လက်ရည်အသာစီးဖြင့် ထိုးသတ်သွားခဲ့သော ဘရော်နီကာ ကို အနိုင်ပေးလိုက်ကြခြင်းဖြစ်သည်။ Thai Fight: Rome အမည်ဖြင့် ကျင်းပခဲ့သော ယခုပြိုင်ပွဲသည် ဘရော်နီကာအတွက် သူမ၏ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းမှုတလျှောက် ပထမဆုံးသော နိုင်ငံတကာပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ကာ မွေထိုင်းပွဲစဉ်များ ယှဉ်ပြိုင်ထိုးသတ်ရာတွင် ၁၁ ပွဲဆက်တိုက် အနိုင်ရရှိသည့် စံချိန်မှတ်တမ်းကောင်းကိုလည်း ကယန်းကျားသစ်ဟု ချစ်စနိုးခေါ်ဝေါ်ခံရသည့် ဘရော်နီကာက ရရှိသွားခဲ့ပြီဖြစ်သည်။ ဘရော်နီကာသည် […]

ထားဝယ်မြို့အဝင် ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တိုက်ပွဲဖြစ်

diz_admin

April 23, 2023

ထားဝယ်မြို့အဝင် မောင်မယ်ရှောင်အနီးက စစ်ကောင်စီတပ် ဘုရားမဲစစ်ဆေးရေးဂိတ်ကို ယနေ့ ဧပြီလ ၂၃ ရက် နံနက် ၅ နာရီခွဲကစပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ လက်နက်ကြီး၊ လက်နက်ငယ်အသံများကို နံနက် ၇ နာရီကျော်အထိ ကြားနေရဆဲဖြစ်သော်လည်း တိုက်ပွဲ အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။ တိုက်ပွဲကြောင့် ဘုရားမဲစစ်ဆေးရေးဂိတ်အနီးက ထားဝယ်-ရန်ကုန်သွားကားလမ်းတွင် လူသူရှင်းလင်းနေပြီး ဒေသခံရွာသားများမှာလည်း ပုန်းရှောင်နေရကြောင်း မောင်မယ်ရှောင်ရွာက အမျိုးသားတစ်ဦးက ပြောသည်။ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဧပြီလ ၉ ရက်ကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ဆေးရေးဂိတ်မှာ မကြာခဏ ဝင်ရောက်တိုက်ခိုက်ခံရလေ့ရှိသည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

April 22, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီလ ၁၆ ရက်နေ့ မှ ၂၂ ရက်နေ့အထိ လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခံနေရတဲ့ ပဇီကြီး လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇၀ နီးပါး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာဟာ ဧပြီလ ၂ဝရက်နေ့မှာလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခံရပါတယ်။ ပဇီကြီးရွာဖြစ်ရပ်ဟာ အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးမှုတွေထဲမှာ လူဦးရေ အများဆုံး ထိခိုက်သေဆုံးခဲ့ရတဲ့ဖြစ်ရပ် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးရွာမှာ ဧပြီလ ၁၁ ရက် မနက်က ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲမှာ ကျွေးမွေးဧည့်ခံနေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ပစ်ခတ်မှုကြောင့် ကလေးငယ် ၄၀ အပါအဝင် ၁၆၈ ဦး သေဆုံးခဲ့တယ်လို့ […]