ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်စိုက်သိပ္ပံကျောင်းအုပ်ကြီးအပါအဝင်ခုနှစ်ဦးလွတ်မြောက်နယ်မြေသို့ ပို့ဆောင်ဟု LLPDFထုတ်ပြန်

Dawei Watch

July 27, 2023

ထားဝယ်မြို့စိုက်ပျိုးရေးသိပ္ပံကျောင်းကျောင်းအုပ်ကြီးအပါအဝင်ခုနစ်ဦးသည်လွတ်မြောက်နယ်မြေသို့ရောက်ရှိသွားပြီဖြစ်ကြောင်းလောင်းလုံးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ကယနေ့ထုတ်ပြန်သည်။ ထိန်းသိမ်းခေါ်ဆောင်သွားပြီး တစ်ပတ်အကြာ ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းတွင် ထိုသို့ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထားဝယ်-မောင်းမကန်သွားလမ်း လောင်းလုံးမြို့နယ်အတွင်း တောရှည်ရွာရှိစိုက်ပျိုးရေးသိပ္ပံ(ထားဝယ်) ကိုဆက်လက်ဖွင့်လှစ်ထားသဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဇူလိုင်လ၂၀ရက်ကသွားရောက်ခဲ့ကြောင်းဖော်ပြသည်။ ယင်းနောက်ကျောင်းအုပ်‌ဆရာမကြီးဒေါ်မြင့်မြင့်ခင်နှင့်သားဖြစ်သူကျောင်းသားမောင်အောင်ဟိန်းခန့်၊ဒုတိယကျောင်းအုပ်ကြီးဦးခင်မောင်ထွေး၊လက်ထောက်ကထိကဒေါ်သန္တာအေး၊လက်ထောက်ကထိကဦးနိုင်ဝင်း၊ကွင်းဆင်းလက်ထောက်‌ဦးနေဆန်းနှင့်နော်ဖြူဖြူသန့်တို့ကိုခေါ်ယူထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ LLPDF ၏ထုတ်ပြန်ချက်တွင်မူ၎င်းတို့နှင့်ပူးပေါင်းလိုက်ပါလာခြင်းဖြစ်ကြောင်းဖော်ပြသည်။ ထိုအချိန်တွင် စစ်ကောင်စီကသာလွန်အင်အားဖြင့်စစ်ကြောင်းထိုးလာ၍နေရပ်ပြန်မည့်ဆရာ၊ဆရာမများအားပို့ဆောင်ရေးခရီးနောက်ကျခဲ့ကြောင်းလည်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။ စစ်ကောင်စီတပ်သည် စိုက်ပျိုးရေး သိပ္ပံတည်ရှိရာ လောင်းလုံးမြို့နယ် မြောက်ပိုင်းရှိ ရွာများသို့ ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်ကြောင်း ထိုးလာသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးခဲ့ရသည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် PDF တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့သည်။ ထိုသို့သော စစ်ပူနေသည့် အချိန်တွင် လုံခြုံစွာပို့ဆောင်ရေးတို့ကိုချင့်ချိန်စွာလုပ်ဆောင်နေရသည့်အတွက်နောက်ကျမှသတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်းLLPDF က ဆိုထားသည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကျောင်းသို့ဝင်ရောက်လာချိန်ကျောင်းသားအချို့လည်းရိုက်နှက်ခံခဲ့ရသေးသည်။ ကျောင်းဝင်းအတွင်းသို့ဝင်ရောက်ချိန်တွင်ကျောင်းသား၊ကျောင်းသူ၆၀ဦးတို့ထွက်ပြေးကြသဖြင့်ထွက်မပြေးကြရန်လိုက်လံတားမြစ်ကာတုတ်ဖြင့်နှစ်ချက်စီရိုက်နှက်အပြစ်ပေးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ရှင်းလင်းထားသည်။ စိုက်ပျိုးရေးသိပ္ပံကျောင်းကဖမ်းဆီးခံရသူများနှင့်တစ်ပတ်ကြာသည်အထိအဆက်အသွယ်မရသည့်အတွက်စိုးရိမ်မိကြောင်းလုပ်ဖော်ကိုင်ဖက်အချို့ကယနေ့နံနက်ကDawei Watch သို့ပြောဆိုထားသည်။ “အဆက်အသွယ်မရသေးဘူး။အမြန်ဆုံးပြန်လွတ်ပေးစေချင်တယ်” ဟုစိုက်ပျိုးရေးသိပ္ပံကျောင်းမှပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။ ယင်းအပြင် စစ်ကောင်စီထောက်ခံအားပေးသည့်အရပ်ဖက်အဖွဲ့အစည်း၁၇ဖွဲ့ကလည်းယင်းလုပ်ရပ်ကိုပြင်းထန်စွာကန့်ကွက်ရှုံချကြောင်းဇူလိုင်၂၆ရက်တွင်ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်ထားကြသည်။

ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် မြိတ်တွင် ဆန်အပါအဝင် အခြေခံစားကုန်များ ဈေးတက်

Dawei Watch

July 27, 2023

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်သွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်များအား ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေမည်ဟု ဇူလိုင်လ ၂၃ ရက်နေ့တွင် ကြေညာပြီးနောက် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း ကုန်စုံအရောင်းဆိုင်အချို့က ပြောသည်။ “ဈေးမတက်တာ မရှိဘူး။ အားလုံးလိုလို ဈေးတက်သွားတာ။ စားအုန်းဆီဆိုရင် လိုသလောက်ဝယ်လို့ မရတော့ဘူး” ဟု ဆိပ်ငယ်ဈေးရှိ ကုန်စုံအရောင်းဆိုင်ရှင်တစ်ဦးက ပြောဆိုသည်။ အခြေခံစားသောက်ကုန်တို့အနက် ဆန်ကြမ်းတစ်အိတ်လျှင် တစ်‌ထောင်ကျပ်နှုန်း၊ ရွှေဘိုပေါ်ဆန်းမွှေး၊ ပေါ်ဆန်း‌မွှေးရိုးရိုးတို့သည့် အမျိုးအစားအပေါ်မူတည်ပြီး တစ်အိတ်လျှင် နှစ်‌‌ထောင်ကျပ်မှ လေး‌ထောင်ကျပ်အထိ ဈေးတက် သွားကြောင်း ၎င်းက ဆိုသည်။ ဆန်ကြမ်းတစ်အိတ်လျှင် ၈၀၀၀၀ ကျပ်မှ ၈၁၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် […]

မြိတ်တွင် ဆိုင်ကယ်အဝယ်လိုက်သဖြင့် ဈေးတက်ပြီး ထားဝယ်တွင် အရောင်းအဝယ်ပါး

Dawei Watch

July 27, 2023

ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် မြိတ်မြို့တွင် ဆိုင်ကယ်အဝယ်လိုက်လာပြီး ဈေးတက်လာကာ ထားဝယ်ဒေသတွင် တိုက်ပွဲများကြောင့် အရောင်းအဝယ်ပါးလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ စစ်ကောင်စီ ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူထွက်မည်ဟု ကြေညာပြီးနောက် ဆိုင်ကယ်ဝယ်သူများ လာကြောင်း မြိတ်မြို့ရှိ တစ်ပတ်ရစ်ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ “ဆိုင်မှာဆိုရင် ဝယ်တဲ့သူမရှိလို့ ချောင်ထဲထိုးထားတဲ့ ဆိုင်ကယ်တွေ အားလုံး ရောင်းကုန်သွားပြီ။ အချို့ show room (အရောင်းပြခန်း) တွေဆိုရင် ရောင်းရလွန်းလို့ ပြစရာဆိုင်ကယ်တွေတောင် သိပ်မကျန်တော့ဘူး” ဟု မြိတ်တောင်ရပ်နေ တစ်ပတ်ရစ်ဆိုင်ကယ် ဝယ်ရောင်းတစ်ဦးက ပြောဆိုသည်။ ဒေသခံအချို့ကလည်း ကျပ်ငွေတန်ဖိုး ထိုးကျသွားမည့်အရေးစိုးရိမ်သည့်အတွက် ငွေသားစုဆောင်းထားသည့်အစား ဆိုင်ကယ်အပါအဝင် ရွှေ၊ ကား၊ အိမ်ခြံမြေများကို ဝယ်ယူလာကြကြောင်း စုံစမ်းသိရသည်။ ယင်းကဲ့သို့ အဝယ်လိုက်လာသဖြင့် ဆိုင်ကယ်အမျိုးအစားအပေါ်မူတည်ပြီး တစ်စီးလျှင် ငွေကျပ်နှစ်သိန်းမှ […]

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ရေမြောင်းဘေးတွင် ဓာတ်လိုက်သေဆုံး

Dawei Watch

July 27, 2023

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် မြန်မာအလုပ်သမားတစ်ဦးသည် ရေမြောင်းဘေးတွင် ဓာတ်လိုက်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇူလိုင်လ ၂၆ ရက်နေ့က ပထုံဌာနီမြို့ ဘန့်ကချဲဒေသရှိ ရေမြောင်းဘေးတွင် ရေမြောင်း ရေအဆင့်ကို တိုင်းတာသော ကေဗယ်မီးကြိုး လက်တွင်ထိကာ ဓာတ်လိုက်သေဆုံးနေကြောင်း ရေးသားထားသည်။ သေဆုံးသူသည် အသက် ၃၀ နှစ်အရွယ် ကိုချမ်းမွန်အမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ရေမြောင်းနှင့် မနီးမဝေးတွင် နေထိုင်ကာ ပန်းရံလုပ်ကိုင်နေသူဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူ၏ အိတ်ထဲတွင် လက်နှိပ်ဓါတ်မီး၊ မီးကြိုးဖြတ် ပလာယာ တို့ကို တွေ့ရှိရကြောင်း ဆိုသည်။ မြန်မာအလုပ်သမားသည် ရေအဆင့်ကို တိုင်းတာသော ကေဗယ်မီးကြိုးကို ဖြတ်တောက်ကာ လျှပ်စစ်ရယူပြီး ရှော့ခ်တိုက် ငါးဖမ်းရာမှ ဓာတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း မှုခင်းဆရာဝန်နှင့် ထိုင်းအာဏာပိုင်တို့က ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားသည် အဆိုပါရေမြောင်းတွင် […]

လောင်းလုံးမြို့နယ်က ကျေးရွာအချို့ ပြောင်းရွှေ့ရမည်ဆိုသည့်သတင်းကို ဆန်းစစ်ကြည့်ခြင်း

Dawei Watch

July 27, 2023

လောင်းလုံးမြို့နယ် ဗိုလ်မှူးကြီး ဗထူး၏မွေးရပ်မြေဖြစ်သည့် လေးသွန်းခံရွာနှင့် အနီးအနားကျေးရွာများ ပြောင်းရွေ့ရမည်ဆိုသည့် သတင်းများ လူထုအကြားတွင် ကျယ်ကျယ်ပြန့်ပြန် ပြောဆိုနေကြသည်။ ယင်းသတင်းကြောင့် ဒေသခံအချို့မှာ ထားဝယ်မြို့ပေါ်သို့တက်ကာ မြေဝယ်ခြင်း၊ အိမ်ငှားရမ်းခြင်း စသဖြင့် ပြောင်း‌ရွှေ့ရန် စီစဉ်နေကြသည်ကို တွေ့မြင်ရသည်။ ယင်းကျေးရွာများပြောင်းရွေ့ရမည်ဆိုသည့် သတင်းကို လွန်ခဲ့သောတစ်လကျော်အချိန်ကစပြီး ဖြန့်ဝေပြောဆိုမှုများရှိနေပြီး ယနေ့အချိန်အထိလည်း ပြောဆိုနေကြဆဲဖြစ်သည်။ ဒေသတွင်း စစ်ရေးပဋိက္ခတင်းမာလာသည့်အချိန်တိုင်းတွင် ကျေးရွာများပြောင်းရွေ့ရမည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်လာလေ့ရှိသည်ကို လေ့လာတွေ့ရှိရသည်။ ယခင်ကလည်း လောင်းလုံးမြို့နယ်က အခြားကျေးရွာများ ပြောင်းရွေ့ရမည်ဟု ကောလာဟလ ထွက်ပေါ်ခဲ့ဖူးသော်လည်း ယနေ့အချိန်အထိ မည်သည့်ကျေးရွာမျှ ပြောင်းရွေ့ပေးရသည်ဟုမရှိသေးပေ။ သတင်းထွက်ပေါ်လာသည့် ရင်းမြစ်ကို လိုက်ကြည့်ရာတွင်လည်း လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့လာခြင်း မဟုတ်ဘဲ လူတစ်ဦးကနေတစ်ဦးကို သတင်းစကားပါးရာက ပျံ့နှံ့လာခြင်းဖြစ်ကြောင်းတွေ့ရသည်။ ဒေသခံတစ်ဦး၏ အဆိုရ ဗိုလ်မှူးဗထူးကျေးရွာနှင့် အနီးတဝိုက်သည် လက်နက်ကြီးပစ်ခတ်မည့် ဧရိယာအတွင်း […]

သရက်ချောင်း ပိန်းတောရွာ စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်

Dawei Watch

July 27, 2023

သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာ အထက်တန်းကျောင်းခွဲအနီး ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ စာသင်ကျောင်းအနီးတွင် ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ပေါက်ကွဲသံတစ်ချက် ကြားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ပိန်းတောရွာ အထက်တန်းကျောင်းခွဲမှာ ဖွင့်လှစ်ပညာသင်ကြားနေသည့်ကျောင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ချိန်မှာ ကျောင်းတက်ချိန် မဟုတ်သေးသဖြင့် ကျောင်းသူ၊ ကျောင်းသားများ ထိခိုက်မှုမရှိကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးနှင့် ဒေသခံတို့ထံမှ သိရသည်။ ယင်းပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အအုံလည်း ထိခိုက်မှုမရှိကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကျောင်းဝင်းအတွင်း (ပေါက်တာ) မဟုတ်ဘူး။ ကျောင်းအနီးလမ်းမမှာ ဖြစ်တာပေါ့နော်။ အဲဒါကြောင့် ဘာမှတော့ ထိခိုက်မှုမရှိဘူး” ဟု ၎င်းက ပြောဆိုသည်။ ထိခိုက်မှုမရှိသဖြင့် စာသင်ကျောင်းကို ယနေ့ဖွင့်လှစ်သင်ကြားနေကြောင်း အထက်ပါတာဝန်ရှိသူက […]

ခမောင်းတောင် စခန်းကြီးကြားတိုက်ပွဲတွင် PDF သုံးဦးကျဆုံး

Dawei Watch

July 27, 2023

လောင်းလုံးမြို့နယ်၊ခမောင်းတောင်ရွာနှင့် စခန်းကြီးကျေးရွာကြားတွင် ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်နှင် ပြည်သူ့ကာကွယ်ရေးတပ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့သည်။ ယင်းတိုက်ပွဲတွင် လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ကိုအဲ့၊ ရဲဘော်F-One နှင့် ရဲဘော်ဝတုတ် တို့ သုံးဦးကျဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDF အဖွဲ့က ယနေ့(ဇူလိုင် ၂၇) ထုတ်ပြန်သည်။ “ကျွန်မတို့ရွာနားကတိုက်ပွဲမှာ သုံးဦးကျဆုံးတယ်လို့ ကြားရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ နခံတောရွာနှင့် ခမောင်းတောင်ရွာကြားတွင် ဇူလိုင်လ ၁၂ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး ဇူလိုင်လ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ ဇူလိုင်လ ၁၂ ရက်နေ့လည်း ဒေသခံ ခမောင်းတောင်ရွာသူ အမျိုးသမီးငယ်တစ်ဦး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့်သေဆုံးခဲ့ရသလိုဇူလိုင် ၁၆ […]

ပုလောကုန်းရွာအနီး စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

Dawei Watch

July 26, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းရွာအနီးတွင် စစ်ကောင်စီတပ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းက ဇူလိုင်လ ၂၃ ရက်က ထုတ်ပြန်ထားသည်။ ပုလော အမှတ် (၂၈၅) တပ်ရင်းက ပုလောကုန်းကျေးရွာသို့ ဇူလိုင် ၂၃ ရက်နေ့က လာသည့် စစ်ကောင်စီတပ်ကား သုံးစီးကို တစ်မိုင်တောင်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားတစ်စီးမှာ မြောင်းထဲ ထိုးကျသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ယင်းနောက် ည ၆ နာရီတွင် ပုလောကုန်းရွာရှိ စစ်ကောင်စီတပ်အပါအဝင် ပျူစောထီးစခန်းအား လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့သေးကြောင်းလည်း ရေးသားထားသည်။ ယင်းသို့ ထပ်မံတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးကို မသိရသေးသော်လည်း ပူရိယက္ခညီနောင် စစ်ကြောင်းဘက်ကမူ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။ ပူရိယက္ခညီနောင်စစ်ကြောင်းက စစ်ကောင်စီတပ်အား […]