ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး တောင်မင်းပြောင်ရွာသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

July 31, 2023

လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ရွာတွင် အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူမှာ ကိုပိုင်သူဆိုသူဖြစ်ပြီး ဇူလိုင်လ ၃ဝရက်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကိုင်လူတစ်စုက ၎င်း၏ နေအိမ်အနီးသို့ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူ့အလောင်းက ဒီနေ့ (ဇူလိုင်လ ၃၁) မွန်းတည့်ပိုင်းမှာပဲ ရတယ်။ သူတို့အိမ်နဲ့ မနီးမဝေးပါပဲ” ၎င်းဒေသခံက ပြောသည်။ သေဆုံးသူသည် ယခင်က မူးယစ်ဆေးဝါးအမှုဖြင့် ထောင်နှစ်ရှည်ကျခဲ့ဖူးပြီး ၂ နှစ်ကြာပြီးနောက် လွတ်ငြိမ်း ချမ်းသာ ခွင်ဖြင့် ပြန်လွတ်လာကာ တောင်မင်းပြောင်ရွာတွင် မော်တော်ဆိုင်ကယ်ပြင်သည့် လုပ်ငန်းဖြင့် အသက်မွေးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကိုပိုင်သူအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်သတ်သွားသည်ကို အသေးစိတ် မသိရသေးပေ။ ဇူလိုင်လ ၂၂ ရက်နေ့ […]

ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင် တောင်တက်လမ်းမြေပြို

Dawei Watch

July 31, 2023

တနင်္သာရီတိုင်းတွင် ထင်ရှားသည့် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင်ဘုရား တောင်တက်လမ်း ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းက မြေပြိုကျကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေသားပြိုကျပြီး ကိုးနာရီကြာ လမ်းပိတ်ဆို့ခဲ့ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သတင်းရ ရချင်း မနက် ၈နာရီလောက်ကစပြီး ရှင်းလင်းရေးစလုပ်တယ်။ လူအင်အားနဲ့မနိုင်လို့ ဘက်ဟိုးတစ်စင်းခေါ်ပြီး ထပ်ရှင်းတယ်။ ညနေ ၄ နာရီလောက်မှာ အကုန်ရှင်းပြီးလို့ လမ်းရှင်းသွားတယ်။ သွားလို့ရသွားပါပြီ” ဟု ၎င်းက ဆိုသည်။ ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းက ကလိန်အောင်မြို့၊ အမှတ် ၄ ရပ်ကွက်တွင် ကားလမ်းမပေါ် ရေ သုံးပေခန့်ကျော်နေသဖြင့် ဆိုက်ကယ်စီးသွားရန် အဆင်မပြေကြောင်း ဒေသခံတို့ကထံမှ သိရသည်။ ဇူလိုင်လ ၂၈ ရက်ကစပြီး […]

ထိုင်းနိုင်ငံတွင် မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူကိုးဦးသေဆုံး

Dawei Watch

July 31, 2023

ထိုင်းနိုင်ငံ ၊ နာရာသီဝပ် ပြည်နယ်တွင် ဇူလိုင်လ ၂၉ရက်နေ့က မီးရှုးမီးပန်းများ သိုလှောင်ထားရာ ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုကြောင့် လူ ကိုးဦး သေဆုံးကာ အယောက် ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြကြောင်း ဒေသဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါ ပြည်နယ်၏ တောင်ပိုင်း ၊ ဆွန်ဂိုင်ကိုလော့ မြို့တွင် ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုသည် ဂိုဒေါင်တွင်း ဆောက်လုပ်ရေးလိုအပ်ချက်ကြောင့် ဂဟေဆော်ရာမှ  ဖြစ်ပွားနိုင်ချေ ရှိသည် ဟု ယူဆရသည်။ နောက်ဆုံးရ အချက်အလက်များအရ ၎င်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် လူ ကိုးဦး သေဆုံးခဲ့ကာ ထိခိုက်သူ ဦးရေ ၁၁၅ ဦး အထိ ရှိကြောင်း နာရာသီဝပ် ပြည်နယ် အုပ်ချုပ်ရေးမှုး ဆနန် ပုန်ဂတ်ဆွန် က ထုတ်ပြန်ခဲ့သည်။ “ပဏာမစုံစမ်းစစ်ဆေးမှုအရ […]

ရေကြီးမှုကြောင့် လမ်းနှစ်ပိုင်းပြတ်သွားသဖြင့် ခမောင်းသွယ်တိုက်နယ်က အရေးပေါ်ကား ယာယီရပ်နား

Dawei Watch

July 30, 2023

ရေကြီး၊ ရေလျှံမှုကြောင့် လမ်းနှစ်ပိုင်းပြတ်တောက်သွားသဖြင့် ခမောင်းသွယ်တိုက်နယ်က အရေးပေါ်လူနာတင်ကား ပြေးဆွဲခြင်းကို ယာယီရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ် မြေးခံဘော်သွားလမ်းပေါ်ရှိ ညောင်တုန်းကျေးရွာတံတားထိပ်တွင် လမ်းနှစ်ပိုင်းပြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ယင်းအတွက်ကြောင့် မြေးခံဘော်တိုက်နယ်အတွင်း အားထားနေရသည့် အရေးပေါ်လူနာတင်ကားပြေးဆွဲခြင်းကိုယနေ့ ဇူလိုင်လ ၃၀ ရက်မှစပြီး ယာယီရပ်နားထားခြင်းဖြစ်ကြောင်း ဆိုသည်။ မိုးသည်ထန်စွာ ရွာသွန်းနေခြင်းကြောင့် မြေးခံဘော်တိုက်နယ်အတွင်း ‌ဇူလိုင်လ ၂၉ ရက်မှစပြီး ရေကြီး၊ ရေလျှံနေသည်။ ညောင်တုန်းချောင်းမှာလည်း ရေကြီး‌၊ ရေကြီးလျှံနေပြီး အရှိန်ဖြင့်တိုက်စားသောကြောင့် တံတားထိပ်ရှိ ကားလမ်းမ နှစ်ပိုင်းပြတ်သွားကြောင်း ခမောင်းသွယ် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။ “(အရေးပေါ်လူနာတင်) ကားကတော့ လုံးဝသွားလို့မရတော့ဘူး။ လမ်းကနှစ်ပိုင်းပြတ်နေတာ။ တံတားကတော့ဘာမှမဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။ ခမောင်းသွယ်အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့သည် ငွေကြေးမတတ်နိုင်သူများကို အခမဲ့ လူနာသယ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်ပြီး ငွေးကြေးတတ်နိုင်သူတို့ထံတွင်မူ စက်သုံးဆီဖိုးအလှူခံကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ […]

ကျွန်းစုတွင် ခရီးသည်တင် စက်လှေတစ်စီးကို စစ်ကောင်စီ ဖမ်းဆီး

Dawei Watch

July 30, 2023

ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာရွာရှိ ခရီးသည်စက်တင်လှေတစ်စီးကို ပြည်သူ့ကာကွယ်ရေးဖွဲ့ကို ထောက်ပံ့နေသည်ဆိုကာ ဇူလိုင်လ ၂၈ ရက်နေ့က ဖမ်းဆီးသွားကြောင်း ယင်းရွာနေသူအချို့ထံမှ သိရသည်။ အဆိုပါ စက်လှေသည် ကျေးရွာမှထွက်ရှိသည့် မီးသွေးနှင့် အခြားရေထွက်ကုန်အချို့ကို မြိတ်မြို့ပေါ်တွင် သွားရောက်ရောင်းချပြီး၊ လိုအပ်သည့် စားသောက်ကုန်စည်များ ဝယ်ယူကာ ရွာသို့ပြန်ဆင်းစဉ် သဇင်ကျေးရွာ ချောင်းဝအရောက်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြိုင်သာရွာသားတစ်ဦးက ပြောပြသည်။ “PDF ကို ငွေထောက်ပံ့တယ်ဆိုပြီး လှေရော ကုန်ပစ္စည်းတွေပါ သိမ်းထားတယ်။ လူတွေက အစစ်ဆေးခံရနေတုန်းပဲ” ဟု မြိုင်သာရွာသားက ပြောသည်။ ယင်းစက်လှေပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ကိုလည်း ဖမ်းဆီးထားကြောင်း ယင်းလှေနဲ့ နီးစပ်သူအချို့က ဆိုသည်။ “တ‌စ်နေ့ကပဲ မြိတ်မှာ မီးသွေးအိတ်‌တွေ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 29, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျပ်ငွေယုံကြည်မှုကျပြီး အကျပ်အတည်းပိုဆိုက်လာတဲ့ နှစ်သောင်းတန် ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ထုတ်မယ့်လို့ ကြေညာပြီးနောက်မှာ ဈေးကွက်တွေ ရပ်ဆိုင်းသွားတာ၊ ဈေးတွေ ထိုးတက်သွားတာအပြင် ကုန်ဈေးနှုန်းတွေ မြင့်တက်တာတွေ ကြုံနေရပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့မှာ နှစ်သောင်းတန်စထုတ်မယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၂၃ရက် မနက်ပိုင်းမှာ ကြေညာခဲ့တာပါ။ အဲဒီနေ့မှာပဲ ရွှေ၊ ဒေါ်လာတွေ ဈေးမဖွင့်တော့ဘဲ ဈေးကွက် ရပ်သွားပါတယ်။ ဈေးကွက်က ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်သွားလို့ ဈေးတွေလည်း ခုန်တက်သွားပါတယ်။ ကျပ် ၃၂ သိန်းဝန်းကျင်ရှိတဲ့ ရွှေဈေးက ၃၅သိန်းကျော်ဖြစ်လာပြီး ဒေါ်လာဈေးဟာလည်း ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ […]

မိကျောင်းလှောင်ရွာသားတစ်ဦး ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ဂိတ်တွင် အဖမ်းခံရ

Dawei Watch

July 29, 2023

ကလိန်အောင်မြို့ မိကျောင်းလှောင်ရွာဟောင်းမှ လူငယ်ပိုင်းတစ်ဦး ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဖမ်းဆီးခံရသူမှာ အသက် ၂၈ နှစ်အရွယ် စောဆောင်းနှင်းထူးဖော (ခေါ်) စောထူးဖောဖြစ်ပြီး ဇူလိုင်လ ၂၅ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ‌ပြောသည်။ “ရွာလူကြီးကနေတစ်ဆင့်လာပြောလို့ အဖမ်းခံရတာသိရတယ်။ အဆက်သွယ်ပြတ်နေတာ အစကတည်းက၊ အခုလည်းအိမ် (မိသားစုဝင်တွေ) နဲ့ တွေ့ခွင့်မရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့မှ မိကျောင်းလှောင်ရွာသို့ ခရီးသည်တင်ယာဉ်ဖြင့်ပြန်လာစဉ် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်တွင် ဖုန်းအစစ်ခံရပြီး အဖမ်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။ စောဆောင်းနှင်းထူးဖောကို ဖမ်းဆီးထားသည့်နေရာကို တိတိကျကျမပြောနိုင်သေးသလို ဇူလိုင်လ ၂၉ ရက်အထိ ပြန်မလွတ်လာသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။ အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်များကို စစ်ဆေးရာတွင် မှတ်ပုံတင်အဓိကထားစစ်ဆေးလေ့ရှိပြီး […]

ရန်ကုန်ဆေးရုံပို့ရမည့် ကလေးတစ်ဦး အရေးပေါ် အကူအညီလို

Dawei Watch

July 29, 2023

ဝမ်းဗိုက်အတွင်း အကြိတ်များပေါက်နေသည့် အသက် ၁၀ လအရွယ်ကလေးတစ်ဦး ရန်ကုန်ကလေးဆေးရုံးသို့ တင်ပို့ကုသရမည်ဖြစ်ရာ လူနာတင်ယာဥ်ဆီဖိုးနှင့် ဆေးကုသမှုစရိတ် အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု ချစ်ကြည်ရေးပရဟိတအသင်း ထံမှသိရသည်။ မြိတ်ဆေးရုံသို့ တက်ရောက်ကုသခဲ့ပြီးနောက် ဆရာဝန်ကြီး၏ ညွန်ကြားချက်အရ ရန်ကုန်ကလေးဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူမှသာလျှင် အဆင်ပြေတော့မည် ဖြစ်သည်ဟု ယင်းအသင်းတာဝန်ရှိသူကပြောသည်။ “ကလေးက ဗိုက်မှာမဲပြီးညိုနေပြီ။ အကြိတ်တက်တဲ့ ဒဏ်ရာတွေကြောင့် သူ့မိဘက သာရမဲရွာကပါ။ အရမ်းဆင်းရဲကြတယ်။ လမ်းစရိတ်နဲ့ ဆေးကုသဖို့အတွက် ငွေဆယ်သိန်းကျော်လောက် အရေးပေါ်လိုနေပါတယ်”ဟု တာဝန်ရှိသူကပြောသည်။ ကလေးဆက်လက် အသက်ရှင်သန်ရေးအတွက် Kpay/Wavepay-09422457621 သို့ တတ်အားသရွှေ့ ပါဝင်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံကြောင်း ချစ်ကြည်ရေးပရဟိတအသင်းတွင် ရေးသားထားသည်။ ဆက်သွယ်လှူဒါန်းလိုပါကကိုဇော်ဇော်ထွေး  (09428760824)၊ ကိုစိုးကိုကို(09422457621)ကိုစိုးထက်နိုင်             (009252594543)၊ ကိုသူရိန်လွင် (09750281658) တို့နှင့် အသင်းရုံးတည်နေရာ-အမှတ်(98)ဆိက်ကမ်းရုံးလမ်း/ဆိပ်ငယ်ရပ်/မြိတ်မြို့သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။