ထားဝယ်တွင် နိုင်ငံရေးအကျဉ်းသားသုံးဦးသာ လွတ်မြောက်
Dawei Watch
August 1, 2023ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် ထားဝယ်အကျဉ်းထောင်က အကျဉ်းသား ၃၅ဦး လွတ်မြောက်ရာတွင် နိုင်ငံရေးအကျဉ်းသား သုံးဦးသာပါဝင်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်-DPPN ထံက သိရသည်။ ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်ရာတွင် နိုင်ငံရေးအကျဉ်းသားဖြစ်သည့် CDM ရဲတပ်ဖွဲ့ဝင် ဦးကျော်လင်းထွဋ်၊ဦးအောင်မျိုးသန့်နှင့် မခိုင်သဇင်တို့သာပါဝင်ကြောင်း အဆိုပါကွန်ရက်က တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဦးမျိုးသန့်က အစကနိုင်ငံရေးပုဒ်မနဲ့စွဲတာ ပြီးမှတခြားပုဒ်မဖြစ်သွားတာ။ ဆိုတော့ မူလပုဒ်မကြောင့်သူလည်း နိုင်/ကျဉ်းဖြစ်တယ်ပေါ့ခင်ဗျ” ဟု ၎င်းက ဆိုသည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ထားဝယ်အကျဉ်းထောင်က အကျဉ်းသား၊ အကျဉ်းသာ ၃၅ ဦး၊ မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်အကျဉ်းစခန်းက ၄၉ ဦး၊ ကော့သောင်းအကျဉ်းထောင်က ၄၀ ဦး၊ တနင်္သာရီမြို့နယ် ဆင်ဖြူရှင် (ခေါ်) ထုံခါအကျဉ်းစခန်းက ၁၆ ဦး စုစုပေါင်း ၁၄၀ ဦးပြန်လွတ်လာကြောင်း စုံစမ်းသိရသည်။ […]


