ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ၊ ဘန်လောရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေ

Dawei Watch

August 3, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာဖက်သို့ ယနေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယခု ဩဂုတ်လ ၃ရက် ည ၇ နာရီခွဲခန့်က စတင်ပစ်ခတ်နေပြီး ည ၉ နာရီခွဲအထိ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ “သုံးမိနစ် လေးမိနစ် တစ်ကြိမ်ပစ်နေတာ။ အချက် လေးငါးဆယ်ရှိပြီ။ တစ်ခါမှ အဲဒီလောက် ပစ်တာ မကြုံဖူးသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ နေအိမ်နှင့် အရပ်သားထိခိုက်မှု ရှိမရှိကိုမူ မသိရသေးကြောင်း ဒေသခံအမျိုးသားက ဆိုသည်။ လက်နက်ကြီးများကို ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ၅၆၁ တပ်နှင့် တနင်္သာရီမြို့ပေါ်ရှိ တပ်က ပစ်ခတ်ခတ်ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ထွက်သွားလာလေ့ရှိသည်ဟုဆိုကာ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က […]

စင်ကာပူတွင် မူးယစ်ဆေးရောင်းဝယ်သူကို ကြိုးပေးကွပ်မျက်

Dawei Watch

August 3, 2023

ဘိန်းဖြူ ရောင်းဝယ်ဖောက်ကားမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို စင်ကာပူနိုင်ငံ တွင် ကြိုးမိန့် သေဒဏ် ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်သည် သီတင်းပတ် တစ်ပတ်ကျော်အတွင်း တတိယမြောက် သေဒဏ်ပေးမှု ဖြစ်သလို ယခုနှစ်အတွင်း ငါးကြိမ်မြောက် ကြိုးမိန့် ဖြစ်ကြောင်း အာဏာပိုင်များက ဩဂုတ် ၃ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ မိုဟာမက် ရှာလာ အဒူလ်လာတစ်ဖ် သည် ၂၀၁၉ ခုနှစ်တွင် ဘိန်းဖြူ ၅၅ ဂရမ်ခန့်လက်ဝယ်ရှိမှုအတွက် သေဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။ ၎င်း၏ ကြိုးမိန့်ကို ဩဂုတ် ၃ရက်နေ့တွင် စီရင်မှု ပြုလုပ်ခဲ့ကြောင်း စင်ကာပူ ဗဟိုမူးယစ်ဆေးဗျူရို (CNB) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ပုဂ္ဂိုလ်သည် ၂၀၁၆ ခုနှစ်မှာ […]

ဖမ်းဆီးခံရသည်ဆိုသည့် ခ‌မောင်းတောင်ရွာသားလေးဦးအနက်တစ်ဦး သေနတ်ဒဏ်ရာဖြင့် နေအိမ်ပေါ် သေဆုံးလျက်တွေ့

Dawei Watch

August 3, 2023

လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာတွင် ဖမ်းဆီးခံရသည်ဟု သတင်းထွက်ပြီး ပျောက်ဆုံးနေသည့် ဒေသခံလေးဦး အနက် တစ်ဦးမှာ နေအိမ်ပေါ်တွင် သေနတ်ဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေသည်ကိုတွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၃၀ ရက်နေ့တွင် ခမောင်းတောင်ရွာသားများဖြစ်ကြသည့် ဦးပန်းအောင်နှင့် ၎င်း၏ တူ၊ တူမများဖြစ်သည့် ကိုချစ်ဦး၊ ကိုချစ်တူးနှင့် မတို့တို့ ဆိုသူတို့ ပျောက်ဆုံးနေခြင်းဖြစ်ပြီး လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားသည်ဟု သတင်းထွက်နေကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ပျောက်ဆုံးပြီး လေးရက်အကြာ ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် အပုပ်နံ့ထွက်လာသဖြင့် နေအိမ်ပေါ် တက်ရှာကြရာတွင် ကိုချစ်တူး၏ ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးပန်းအောင်နှင့် တူတော်စပ်သူတို့မှာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူအဖြစ် ရွာထဲတွင် သတင်းထွက်နေသူများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းတို့လေးဦး ပျောက်ဆုံးချိန်တွင် ရွာတွင် […]

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိ၊ နေအိမ်အချို့ ရေစလွှမ်း

Dawei Watch

August 3, 2023

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည်ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁ဝနာရီခွဲအချိန် တိုင်းတာချက်အရ စိုးရိမ်ရေအမှတ် ၁၇ ပေအထိ ရောက်ရှိလာပြီး နေအိမ်အချို့တို့ ရေလွှမ်း နေကြောင်း မြို့ခံတို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ် ၂၄ ပေ သတ်မှတ်ထားသည်။ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာပါက မြို့တွင်း ‌လမ်းမကြီးအချို့နှင့် ချောင်းငယ်ရပ်ကွက်နေ အိမ်အချို့ရေလွှမ်းလေ့ရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။ အန္တရာယ်ရေအမှတ်နှင့် အထက်သို့ ရောက်ရှိလာပါ မြို့‌ပေါ်ရပ်ကွက်များအပြင် ကျေးရွာတို့ရှိ နေအိမ်များရေလွှမ်းသဖြင့် ကုန်းမြင့်ဘက်သို့ ပြောင်းရွှေ့နေထိုင်ရလေ့ရှိကြောင်း ဆိုသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ မြင့်တက်လာပြီး မြို့တွင်းရှိ လမ်းပေါ်တွင် ခြေသလုံးနစ်သည်အထိ ရေကြီးနေသည့်အပြင် ချောင်းငယ်ရပ်ကွက်ရှိ နေအိမ်အချို့တွင်လည်း ရေများဝင်ရောက်နေပြီဖြစ်ကြောင်း ယင်းရပ်ကွက်နေသူအချို့က […]

ဟိန္ဒားရွာထိပ်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ရွာထဲစာသင်ကျောင်းဖက် လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

August 3, 2023

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်နေ့တွင် ရွာထဲ စာသင်ကျောင်းရှိရာဖက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနေ့က ဟိန္ဒားကျေးရွာခံ ပျူစောထီး (ခေါ်) ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဥယျာဉ်ခြံထဲသို့ သွားရာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တွေ့ပြီး ပစ်ခတ်မှုစတင်ဖြစ်ပွားကြောင်း ဒေသခံတစ်ဦးကပြောသည်။ ထိုသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဟိန္ဒားရွာထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ငါးကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “လက်နက်ကြီးက စာသင်ကျောင်းတွေဖက် လာကျတာဆိုတော့ မိဘတွေက ကလေးတွေကို သွားခေါ်လာကြတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီးပစ်ခတ်ချိန်မှာ နေ့လယ်ကျောင်းဆင်းချိန်တွင် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၃ ရက်တွင်မူ ပုံမှန်အတိုင်းသွားလာနေကြပြီး ကျောင်းလည်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ၎င်းက […]

ထားဝယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း ကွယ်လွန်

Dawei Watch

August 3, 2023

ထားဝယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးအောင်ဝင်းသည် ဩဂုတ်လ ၃ ရက်နေ့ (ယနေ့) နံနက်တွင် ကွယ်လွန်သွားကြောင်း ၎င်းနှင့်နီးစပ်သူအချို့ထံမှ သိရသည်။ အသက် ၆၈ နှစ်အရွယ် ဦးအောင်ဝင်းသည် ပါးစောင်ကင်ဆာရောဂါဖြင့် ရန်ကုန်မြို့တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ “အခြားသူတွေက ဖျောင်းဖျသေးတယ်။ (စစ်ကောင်စီဆီ) လက်မှတ်ထိုးလိုက်ပေါ့လေ။လက်မှတ်ထိုးပြီးရင် ရွာမှာပဲ အေးအေးဆေးဆေး ဆေးကုသပါပေါ့။ ဒါပေမဲ့ သူကတော့ လုံးဝမရဘူး။ဒီအတိုင်းပဲ ကြိတ်မှတ်ပြီးရသလိုရုန်းကန်ပြီး နေတယ်”ဟု အထက်ပါ နီးစပ်သူက ပြောသည်။ ၎င်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဟန်းဝတ်ဖြင့်တိမ်းရှောင်နေရင်း ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဦးအောင်ဝင်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ထားဝယ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူဖြစ်သည်။ ထိုနောက် ကမြောကင်းတံတားဟောင်းဘေးတွင် ထားဝယ်မြစ်ကူးတံတားအသစ်ဆောက်ရန် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူဖြစ်သည်။ ၂၀၂၀ […]

တိုင်းအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးပြတ်လပ်နေ

Dawei Watch

August 3, 2023

တနင်္သာရီတိုင်းတွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးပြတ်လပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမှာ အသက် ၉ လမှ ၁၅နှစ်အတွင်း အရွယ်ကလေးငယ်များကို ထိုးနှံပေးသည့် ပုံမှန်ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။ လောင်းလုံးမြို့နယ်တွင်မူ အဆိုပါကာကွယ်ဆေး မထိုးရသည်မှာ သုံးလဆက်တိုက်ရှိနေပြီဖြစ်ကြောင်း ကလေးမိခင်တစ်ဦးက ပြောသည်။ “အခြားကာကွယ်ဆေးတွေအပြည့်ထိုးရတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါတစ်ခုပဲ မထိုးရတာ။ တစ်ခါသွားရင် တစ်ခါ မရှိဘူးပြောပြောလိုက်တာ။ အခုဆို သုံးလရှိပြီ” ဟု ဇူလိုင်လ ၃၁ ရက်က လောင်းလုံးဆေးရုံတွင် ကာကွယ်ဆေးသွား ထိုးပေးသည့် မိခင်တစ်ဦးက ဆိုသည်။ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြတ်လပ်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမည်မဖော်လိုသည့် သတင်းရင်းတစ်ဦးက ပြောဆိုသည်။ “ဗဟိုမှာတောင်မှ ပြတ်လပ်နေတာပါ” ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံ မေးမြန်းရာတွင်မူ ဂျပန်ဦးနှောက်ရောင်ရောင်ရောဂါကာကွယ်ဆေး မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ဖြေကြားသည်။ တနင်္သာရီတိုင်းတွင် ‌လသားအရွယ်ကလေးများကို […]

ကော့သောင်းတွင် အသက် ၇၀ ဝန်းကျင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

Dawei Watch

August 3, 2023

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ထောင်မွန်ရွာ ဥယျာဥ်ခြံနေအိမ်အတွင်း ဇနီးမောင်နှံနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ သြဂုတ်လ ၂ ရက်နံနက် ၁ နာရီဝန်းကျင်အချိန်တွင် ပစ်သတ်ခံရပြီး အသက် ၇၀ အရွယ်အမျိုးသားနှင့် အသက် ၆၀ နီးပါးအရွယ် အမျိုးသမီးတို့နှစ် ယင်းနေရာတွင် သေဆုံးခဲ့ကာ အသက် ၂၀ ကျော်အရွယ် သားဖြစ်သူသည်လည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ထံမှသိရသည်။ လာရောက်ပစ်သတ်သူမှာ တစ်ဦးတည်းဖြစ်ပြီး မည်သူမည်ဝါဟု မသိရသော်လည်း ပစ်ခတ်ရာတွင် လက်လုပ်တူမီးသေနတ်ကို အသုံးပြုသွားသည်ဟု ဒေသခံများ ကဆိုသည်။ “ပစ်သွားတဲ့သူက တစ်ခါမှမမြင်ဖူးတဲ့ လူစိမ်းလို့ပြောတယ်။ တစ်ညပေးအိပ်ဖို့ပြောဆိုရာကနေ အိမ်ရှင်နဲ့ စကားများကြပြီး ပစ်သွားတာလို့သိရတယ်”ဟု ဒေသခံအမျိုးသားကပြောသည်။ ယခင်နှစ်ကုန်ပိုင်းမှစပြီး တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်အတွင်းတွင် လက်သည်မပေါ်ဘဲ ပစ်သတ်ခံရမှုများရှိလာနေသည်။