ထားဝယ်-ရန်ကုန်လမ်းတွင် ကလိန်အောင်လမ်းပိုင်း ရေကျော်ပြီး ကားဖြတ်သန်းသွားလာ၍ မရ
Dawei Watch
August 4, 2023ထားဝယ်-ရန်ကုန် ပြည်ထောင်စုလမ်းမရှိ ကလိန်အောင်လမ်းပိုင်း နေရာအချို့တွင် ကားလမ်းရေကျော်နေသဖြင့် မော်တော်ကားများ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း လမ်းတွင်ပိတ်မိနေသည့် ယာဉ်မောင်းများက ပြောသည်။ ယင်းကားလမ်းပိုင်းရှိ ရေဖြူမြို့နယ် မိုင်တိုင် ၃၆ တွင် ယနေ့ ဩဂုတ်လ ၄ ရက် ညနေ ၃ နာရီခန့်မှစ၍ ကားလမ်းမ ရေကျော်နေပြီး ကားများဖြတ်သန်းမရဘဲ ပိတ်မိနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ရေက လူခန္ဓာကိုယ် ထက်ဝက်လောက် လမ်းမရေကျော်နေတာ။ ကားတွေ တချို့က စောင့်နေတယ်။ တချို့က ထားဝယ် ပြန်လှည့်၊ တချို့က ကလိန်အောင်ဘက်ပြန်လှည့်နေကြတယ်။ မနက်ဖြန် မိုးဆက်ရွာနေရင်တော့ ရေမကျလောက်သေးဘူး။ အခြေအနေစောင့်ကြည့်နေရတုန်းပဲ” ဟု ကားလမ်းတွင် ပိတ်မိနေသည့်ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။ ကလိန်အောင်မြို့တွင်လည်း အမှတ် (၂) ၊ (၃) နှင့် […]


